ရိုဟင်ဂျာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Luminous bright (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Ninjastrikers ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
ရင်းမြစ် 2 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7
စာကြောင်း ၃၈ -
}}
 
'''ရိုဟင်ဂျာ''' ဆိုသည်မှာ မြန်မာနိုင်ငံ၏ [[ရခိုင်ပြည်နယ်]] မြောက်ဘက်ပိုင်းတွင် အများဆုံး အခြေချနေထိုင်ကြပြီး၊ [[ဘင်္ဂလားဒေ့ရှ်နိုင်ငံ]] နှင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို ၎င်းတို့၏ နိုင်ငံသားများ မဟုတ်ကြောင်း ငြင်းဆိုကြကာ နိုင်ငံမဲ့ဖြစ်နေသည့် လူမျိုးတစ်စုဖြစ်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ် [[မောင်တောမြို့]]၊ [[ဘူးသီးတောင်မြို့]]၊ [[ရသေ့တောင်မြို့]]၊ [[ကျောက်တော်မြို့]] နှင့် [[စစ်တွေမြို့]]တို့တွင် အများစုနေထိုင်ကြသည်။ ၂၀၁၂ ခုနှစ်ထိ ရိုဟင်ဂျာပေါင်း (၈)သိန်းနီးပါး မြန်မာနိုင်ငံတွင် နေထိုင်နေသည်ဟုဆိုသည်။ ကုလသမဂ္ဂမှ ၎င်းတို့သည် ကမ္ဘာပေါ်တွင် အဖိအနှိပ်ခံရဆုံး လူနည်းစုများတွင် ပါဝင်နေသည်ဟုဆိုသည်။ <ref>{{cite news|title=Myanmar, Bangladesh leaders 'to discuss Rohingya'|url=http://www.google.com/hostednews/afp/article/ALeqM5j7a3oPcHSvWSpkXzzSruvNZfdPMA?docId=CNG.8d52d8a6dba835c4ac54aab3f3c8031b.571|publisher=AFP|date=2012-06-29|archiveurl=httphttps://web.archive.org/web/20120718074439/http://www.google.com/hostednews/afp/article/ALeqM5j7a3oPcHSvWSpkXzzSruvNZfdPMA?docId=CNG.8d52d8a6dba835c4ac54aab3f3c8031b.571|archivedate=2012-07-18 July 2012|accessdate=10 August 2012}}</ref> နိုင်ငံမဲ့ဖြစ်နေသောရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများနှင့် ဆင်းရဲမွဲတေနေသည့်ရွာများသို့ ပြောင်းရွှေ့ နေထိုင်ကြရပြီး၊ ထိုင်းမြန်မာနယ်စပ်များတွင်လည်း ရှိသည်။
 
ရိုဟင်ဂျာ လူမျိုးစုကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးစု ၁၃၅ ခုတွင် ထည့်သွင်း သတ်မှတ် ထားခြင်း မရှိသဖြင့် မြန်မာလူမျိုးစုများတွင် ပါဝင်ခြင်း ရှိမရှိ ဆိုသော အချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများစွာ ဖြစ်ပေါ်နေသည်။ ရိုဟင်ဂျာကို လူမျိုးစု အဖြစ် မသတ်မှတ်သူများက ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံ အတွင်း ယခင်ကတည်းက နေထိုင်သော လူမျိုးစု မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ ဝင်ရောက်လာသူများ အဖြစ် ငြင်းဆိုကြသည်။ ရိုဟင်ဂျာများမှလည်း ဝန်ကြီးချုပ်ဟောင်း ဦးနု နှင့် မြန်မာနိုင်ငံ သမ္မတဟောင်း စဝ်ရွှေသိုက်တို့မှ ပြောကြားချက်များကို ကိုးကား၍ ရိုဟင်ဂျာဆိုသည်မှာ မြန်မာပြည်အတွင်းမှ လူမျိုးစု ဖြစ်ကြောင်း ငြင်းဆိုကြသည်။
စာကြောင်း ၉၆ -
 
== လူ့အခွင့်အရေးချိုးဖောက်ခံရမှု နှင့် ဒုက္ခသည်များ ==
Amnesty International၏ ထုတ်ပြန်ချက်အရ မူစလင် ရိုဟင်ဂျာများသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာနိုင်ငံ စစ်အစိုးရ လက်အောက်တွင် ၁၉၇၈ ခုနှစ်မှ စ၍ ဆက်လက် ခံစားနေကြရပြီး၊ အနီးနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်း​​ေရှာင်ကြရသည်။<ref>[httphttps://web.archive.org/web/20040626110358/http://web.amnesty.org/library/Index/ENGASA160052004?open&of=ENG-MMR Myanmar - The Rohingya Minority: Fundamental Rights Denied], Amnesty International, 2004.</ref>
 
"ရိုဟင်ဂျာများ၏ လွတ်လပ်စွာသွားလာခွင့်ကို ထိမ်းချုပ်ထားမှုများရှိပြီး၊ အများအားဖြင့် မြန်မာနိုင်ငံသားခံယူခွင့်မရရှိခြေ။ ၎င်းတို့သည် မသမာမှုများ နှင့် မတရားကောက်ခံသော အခွန်ငွေများပေးဆောင်ရခြင်း၊ အိမ်များဖျက်စီးခံရခြင်း၊ လက်ထပ်ထိမ်းမြားခြင်း ပြုရန် ငွေကြေးများကန့်သက်ထားခြင်းတို့ရှိသည်။ ရိုဟင်ဂျာများအား ဆက်လက်၍ လမ်းများ၊ စစ်တပ်စခန်းများ ဆောက်လုပ်ရာတွင် အဓမ္မအလုပ်စေခိုင်းခံရခြင်းတို့ရှိသော်လည်း၊ ရခိုင်မြောက်ပိုင်းတွင်မူ လွန်ခဲ့သည့် ဆယ်စုနစ်အတွင်း အဓမ္မ အလုပ်စေခိုင်းမှုမှာ လျှော့နည်းလာခဲ့သည်။ "{{Citation needed|reason=အင်္ဂလိပ်မှ ဘာသာပြန်ထားသော်လည်း ဘယ်က သယ်လာမှန်းမသိ။}}