ထီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
စာကြောင်း ၁၀ -
ထီနှစ်မျိုးစလုံးကို ဆင်းရဲသားလည်းထိုးသည်။ ကုန်သည်လည်းထိုးသည်။ ဘုန်းကြီးလည်းထိုးသည်။ နန်းတွင်းသူ၊ နန်းတွင်းသားများလည်း ထိုးသည်။ နေ့စဉ် နေပြည်တော်တွင် ထီထိုးသူများ ကြိတ်ကြိတ်တိုးနေ၏။ နေပြည်တော်တွင်းရှိသူများမှာ ထီမထိုးဘူးသူ မရှိသလောက်ရှားသည်။ သို့သော် ထီပေါက်သူကား နည်း၏။ နေပြည်တော်တွင် တစ်နေ့တစ်နေ့ ထီထိုးသည့်အလုပ်မှ လွဲ၍ အခြားအလုပ်ကို စိတ်မဝင်စားကြတော့ပေ။ တစ်နေ့တစ်နေ့ ထီပေါက်ဂဏန်းကို ရှာသည်။ တွေ့သမှျမြင်သမှျ အာရုံစိုက်မိ သမျှအပေါ် အတိတ်စိမ်း ကောက်ကြသည်။ ဗေဒင်ပေး၊ နတ်မေး၊ အိပ်မက်ကို ထီဂဏန်းအဖြစ် အဓိပ္ပါယ်ဖော်ကြသည်။
 
ဗေဒင်ဟူးရား ဆရာများက နေ့အလိုက်တွက်ချက်ပေးသော စိုးမိုးဂဏန်းများဖြင့် ထီထိုးကြသည်။ နတ်မေး၊ အတိတ်ကောင်း အိပ်မက်ကို အဓိပ္ပါယ်ဖော်ဖြင့် ထီထိုးကြရင်းမှ နေပြည်တော်တွင် နေထိုင်သောသူတို့၏ အခြေအနေမှာ တဖြည်းဖြည်းဆိုးဝါးလာသည်။ ဗေဒင်ဟူးရား ဆရာများထံတွင်၎င်း၊ နတ်ဝင်သည်များထံတွင်၎င်း လူများဝိုင်းနေကြသည်။ ဂဏန်းတောင်းကြသည်။ ယနေ့အတွက် ဂဏန်းရလျှင် အပြေးအလွှားထိုးကြပြီး နောက်နေ့လည်း ဂဏန်းတောင်း သံသရာလည်နေကြသည်။ အိပ်မက်ကို အားကိုးသူတို့မှာလည်း မက်လိုက်သည့် အိပ်မက်တွေကလည်း ပြီးဆုံးသည်မရှိ။ အိပ်မက်မှန်သမှျ ထီထိုးဖို့ ဂဏန်းတွေချည်း ဖြစ်သည်။ နေပြည်တော်၏ စျေးများထဲတွင်ဈေးများထဲတွင် ထီအကြောင်းပြောကြသည်။ ဥပုသ်ဆောင်မှာ၊ ဘုရားပေါ်မှာ၊ မြစ်ဆိပ်မှာ၊ နန်းတော်ထဲမှာ တစ်နေ့တစ်နေ့ ထီအကြောင်း ပေါက်ဂဏန်းအကြောင်းများသာ ပြောရင်း ထီကိုပြေးထိုးရင်း မောလာကြသည်။ ရဟန်းသံဃာတော်များထံသို့ တရားနာရန်မသွား၊ ပေါက်ဂဏန်းတောင်းရန် သွားကြသည်။ နေပြည်တော်ထီသည် ကလေးသူငယ်မှအစ ကျောင်းထိုင်ဘုန်းကြီး အဆုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံးကို ဖမ်းစားနေသည်။
 
ရှိသမျှလူတို့သည် ထီနောက် ကောက်ကောက်ပါအောင် လိုက်နေကြရင်း မွဲသူမွဲ၊ မူးသူမူး၊ ရူးသူရူး၊ သေသူသေ၊ ခိုးဆိုးလုယက်သူများ လာသည်။ ထီကြောင့် နေပြည်တော်တွင် ဒုစရိုက်မှုများ ထူပြောလာသည်။ ထိုးသူက တစ်ထောင် တစ်သောင်း၊ ပေါက်သူက တစ်ယောက်နှင့် စီးပွားပျက်ကာ ချွတ်ခြုံကျလာသည်။ ထီဖွင့်ပွဲ ကျင်းပနေသည့် သုံးနှစ်အတွင်း နေပြည်တော်ရှိ သူတို့၏ အခြေအနေမှာ ဆယ်မရလောက်အောင် ပျက်စီးကုန်၏။ ထီကြောင့် လင်မယားကွဲကြသည်။ ထီကြောင့် ကိုယ့်ကိုကိုယ် သတ်သေကြသည်။ ထီသည် ဘုရင့်ဘဏ္ဍာတိုက်အတွက် ဘဏ္ဍာငွေများ ပြည့်လျှံလာသော်လည်း ပြည်သူအများစု၏ ဘဝပျက်စေသည့် သတင်းက သီပေါမင်းနားသို့ ပေါက်ကြားလာသည်။ ထိုအခါ ပြည်သူပြည်သားအပေါ် ရင်ဝယ်သားသို့ အုပ်ချုပ်ရန် သစ္စာဆိုထားသည့် ဘုရင်အဖို့ စိတ်မရွှင်လန်နိုင်ဖြစ်ကာ သုံးနှစ်သုံးမိုးအကြာတွင် သီပေါဘုရင်က ထီကို ပိတ်ပစ်လိုက်တော့သည်။ ထီပိတ်လိုက်သည်တွင် ထီနောက်သို့ ကောက်ကောက်ပါအောင် လိုက်နေသူတို့မှာ ယောင်ချာချာဖြစ်ကုန်၏။ ထီပိတ်လိုက်ပြီးနောက်ပိုင်း ရက်အတော်ကြာကြာတွင် အခြေအနေများ ပြန်လည်တည်ငြိမ်လာသည်။ ထီပိတ်လိုက်ခြင်းကြောင့် တိုင်းပြည်တစ်ပြည်လုံး ပျက်စီးတော့မည့်ဘေးမှ ဝေးသွားခဲ့ရသည်။ <ref>ကောင်းထက်၏ စုဖုရားလတ်ရှင်းတမ်းနှင့် ပါတော်မူဖြစ်ရပ်များ(၂၀၀၄၊ သြဂုတ်လ၊ပအကြိမ်)</ref>
"https://my.wikipedia.org/wiki/ထီ" မှ ရယူရန်