ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၂ -
[[တိဗက်-မြန်မာ|တိဗက်- မြန်မာ]] အစုမှ ရခိုင်အုပ်စုခွဲတွင် ပါဝင်သော တိုင်းရင်းသား လူမျိုးများအနက် [[ရှေးဟောင်းမြိုလူမျိုး]]တို့သည် စစ်တွေခရိုင် ဘူးသီးတောင် ဒေသနှင့် ယခင် ရခိုင်တောင်တန်းဒေသ၊ ယခု ချင်းဝိသေသတိုင်း ပီးချောင်း၊ မီးချောင်း တလျှောက်တွင် နေထိုင်ကြသည်။ ထို့ပြင် အရှေ့ပါကစ္စတန်ပြည်၊ [[စစ်တကောင်းတောင်တန်းဒေသ|စစ်တကောင်း တောင်တန်း]]၊ ဗိုလ်မင်းထောင် တောင်တန်းနယ် အစွန်အဖျားတွင်လည်း မြိုလူမျုတို့ နေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် သန်းကောင်စာရင်းအရ မြိုလူမျိုးတို့၏ ဦးရေမှာ ၁၃,၇၆၆ ခန့်ရှိသည်။ မြိုလူမျိုးတို့သည် မြို့ကြီးပြကြီးနှင့်မနီး၊ တောတောင် ချောင်းမြောင်း ထူထပ်သော အရပ်များတွင် ရှေးဓလေ့အတိုင်း တောင်ယာပဲခင်း လုပ်ကိုင်စားသောက်လျက် ရှိကြသည်။ ယောက်ျားတို့မှာ အနံ တဝါးလောက် အပြာရောင် အဝတ်ရှည်ကို ခါးတောင်ကျိုက်၍ ဝတ်ကြပြီးလျှင်၊ မိန်းမများမှာ အင်္ကျီဝတ်ကြရိုး ထုံးစံမရှိဘဲ၊ နက်ပြာရောင် အဝတ်စ အနံတထွာလောက်ကို ဒူးဆစ်အထိ ဆီးစပ်အောက် ရှော၍ ပတ်ရစ်ဝတ်ဆင်ကြသည်။ ထိုအဝတ်စ ခါးတွင် မြဲနေစေရန် ပုတီးစေ့လုံးကြီးများ သီထားသော ကြိုးများဖြင့် ရစ်ပတ်စည်းနှောင်၍သော်လည်း ထားတတ်၏။ သို့မဟုတ် ကြေးနီခွေများကိုသော်လည်း စွပ်ထားတတ်၏။ ရိုးသားစွာ နေထိုင်လေ့ရှိသည်။ လူအိုလူမင်းများကို လုပ်ကိုင် ကျွေးမွေးမည့် သားသမီးမရှိလျှင် ကာလသားများသည် စု၍ အပိုသက်သက် တောင်ယာလုပ်ပြီးလျှင် ဝမ်းစာထည့်ပေးကြ၏။ ခေါင်းကိုက်၊ ဝမ်းနာ၊ ဖျားနာခြင်းမှစ၍ နတ်ဖမ်းစားသည်ဟု အယူရှိပြီးလျှင် ကျွဲနွားဝက်တို့ကို သတ်၍ နတ်တင်လေ့ရှိသည်။ တောင်ပေါ် ယာခင်းတွင် မျိုးကြဲခါနီး၌ ကြက်ကို အကောင်များစွာ သတ်၍၊ ကြက်သွေးဖြင့် ယာခင်းကို ပက်ဖျန်းကာ ယာခင်းကောင်းစေရန်လည်း နတ်တင်လေ့ရှိသည်။မြိုလူမျိုးတို့သည် တချိန်က ရခိုင်ပြည်တွင် မင်းဧကရာဇ်များအဖြစ် နန်းတက်၍ “မြို” မင်းဆက် နှစ်ဆက်ကိုပင် တည်ထောင်ခဲ့ဘူးလေသည်။ ထိုသို့ [[မြိုမင်းဆက်]] နန်းတက်ခဲ့သည်မှာ သက္ကရာဇ် ၁၃၁ ခုနှစ်မှ ၁၅၆ ခုနှစ်အထိ ၂၅ နှစ်ခန့် ကြာခဲ့လေသည်။ဤသို့မြိုမင်းဆက်နှစ်ဆက်ထူထောင်ခဲ့ဖူသော မြိုလူမျိုးတို့မှာ ယခုအခါ မထင်မရှားသော လူမျိုးအနေဖြင့် တည်ရှိကာ၊ အခြား မြန်မာနိုင်ငံ တိုင်းရင်းဘွားတို့ကပင် မြိုလူမျိုးတို့အကြောင်းကို မသိရှိကြပေ။<ref>မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) အပိုင်း (ခ) စာ-၄၂၅-၄၂၆။</ref>
== ပထဝီနယ်မြေ ==
[[ဖိုင်:မြန်မာနိုင်ငံအတွင်းသို့တိဗက်မြန်မာအုပ်စု ဝင်ရောက်လာခြင်းကိုပြသောမြေပုံ.jpg|thumb|422x422px|[[တိဘက်မြန်မာစကားအုပ်စု|တိဗက်မြန်မာ]] အုပ်စု မြန်မာနိုင်ငံ သို့ ဝင်ရောက်လာခြင်းကို ပြသော မြေပုံ။]]
 
မြို တိုင်းရင်းသားလူမျိုးစု ဆိုသည်မှာ ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးစု များဖြစ်သည့် [[ရခိုင်လူမျိုး|ရခိုင်]]၊ [[ကမန်လူမျိုး|ကမန်]]၊ [[ခမီလူမျိုး|ခမီ]]၊ [[ဒိုင်းနက်လူမျိုး|ဒိုင်းနက်]]၊ [[မရမာကြီးလူမျိုး|မရမာကြီး]]၊ မြို(မရူ)၊ သက် ဟုဆိုခါ လူမျိုးစု ၇ စုတွင်ပါ ရှိသည်။ ယခုအခါတွင် [[မောင်တောခရိုင်]] ၊ [[မေယုတောင်တန်း]] ၊ [[ဘူးသီးတောင်မြို့နယ်]] ၊ စိုင်းဒင်([[စိုင်းတင် ရေတံခွန်|စိုင်းဒင်ရေတံခွန်]])ချောင်းဖျား အထက်ပိုင်းတွင်အများဆုံးနေထိုင်ကြသည် ။[[ပုဏ္ဏားကျွန်းမြို့နယ်]] ၊စမ်းပတီးချောင်းတစ်လျှောက်၊ [[ကျောက်တော်မြို့နယ်]] နှင့် [[ချင်းပြည်နယ်]] ချင်းလက်ဝတွင် အနည်းငယ် ပျံ့ နှံ့နေထိုင်ကြသည်။ နေထိုင်ရာဒေသ ပျံ့နှံ့ သွားပုံ ကို သမိုင်း ၊ နုတ်ရာဇဝင်မှတ်တမ်းများအရ ဤသို့ ဆိုပါသည် လွန်ခဲ့ သောနှစ်ပေါင်းထောင်ကျော်ခန့်က[[မဇ္ဈိမဒေသ]]တစ်နေရာတွင် ကုသဝတီပြည်ရှိလေသည်။ထိုပြည်တွင်ဝါရဓမ္မတူအမည်ရှိ ဘုရင်အုပ်ချုပ်စိုးစံလေ၏။ အခြားမင်းသားတစ်ပါးသည် ဝါရဓမ္မတူမင်းအား စစ်သည်ဗိုလ်ပါများစွာဖြင့် ဝင်ရောက်တိုက်ခိုက်လေရာ အရေးနိမ့်ပြီး မင်းညီမင်းသားဆွေတော်မျိုးတော်အပေါင်းတို့ ကစဥ့်ကရဲပြိုကွဲ၍ အသက်ဘေးမှ လွတ်မြောက်ရန်ခြေဦးတည်ရာ ထွက်ပြေးတိမ်းရှောင်ကြရသည်။ ကုသဝတီပြည့်ရှင် ဘုရင်ဝါရဓမ္မတူ၏ သားတော် ခွာဇုပုတိမင်းသားသည် အပေါင်းအဖော်နောက်လိုက် တစ်သောင်းခန့်နှင့် အာသမ်နယ်ဘက် တွင် အချိန်အတော်ကြာရပ်နား၍ မိမိတို့၏ ဘဝတစ်သက်သာအတွက် အခြေစိုက်နေထိုင်ရန် စီစဉ်ကြသည်ဟု ဆို၏။သို့ရာတွင် အာသမ်ဘုရင်သည် ခွာဇုပုတိမင်းသားခြောက်လ၊ တစ်နှစ်စသည်ဖြင့်လောက်သာ ခေတ္တ ခိုလှုံရန် ခွင့်ပြုသည်။ အမြဲ တမ်းအခြေစိုက်နေထိုင်ရန် ခွင့်မပြုပေ။ ထို့ကြောင့်ခွာဇုပတိတို့အုပ်စုသည် အာသမ်နယ်ဘက်မှ ကစ္ဆပနဒီ မြစ်ဘက်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာကြသည်။ထိုတစ်သောင်းခန့်သော လူအုပ်စုသည် အရှည်ကြာမြင့်စွာစခန်းချနေထိုင်မည့်နေရာတွင် တစ်စုတစ်စည်းတည်းနေထိုင်ကြကာ အကာအရံ ခုနှစ်ထပ်ဖြင့် ပြုလုပ်နေထိုင်ကြသည်။ ထိုခုနှစ်ထပ်သော ခြံဝိုင်း၊ ခြံစည်းရိုးများမှာ ဝါးလုံးကြီးများဖြင့် ထူထပ်စွာ ဆောက်လုပ်ထားသောခံတပ်ကြီးသဖွယ်ခိုင်လုံသည့် အကာအရံတစ်ခုဖြစ်သည်ဟု [[သမိုင်း]]ကဆိုပါသည်။ ခြံစည်းရိုးထိုးကြပုံမှာ အမြင့်(၈)တောင် ရှိပြီး အပေါ်ထက်မှာ အချွန်၊ ဝါးခြမ်းပြား အစိတ်ကို အဖျား၊အရင်း အချွန်ထားကာ ၊အချွန်သည်အပြင်ဘက် ဟ ပြီး ခြံစည်းရိုးဝိုင်းကြီးကို ကာရံထိုးပါသည်။ ထိုခေတ်ကာလသည် တိုင်းပြည်မငြိမ်မသက်ဖြစ်နေရကား ဘုရင်စနစ် သူရဲကောင်းစနစ် ကျင်းသုံးကာ တစ်ပါးနှင့် တစ်ပါး တိုင်းပြည်နေရာလုနေကြသည် ဟုမှတ်ယူနိုင်ပါသည်။ တစ်ပါးနှင့်တစ်ပါး စစ်တိုက်သည်ကို မြိုဘာသာစကားဖြင့်(ဟိယာရို့)ဟုခေါ်ပါသည် ။မြိုလူမျိုးကို စစ်လာတိုက်သည့် စစ်အမည်မှာ (Hὓm Pok Hie-ဟုန်မ် ပေါက်ဟိယာ ၊ Maih Bown Hie-မာမ် ဘင်န်ဟိယာ) ဟူ၍ဖြစ်ပါသည်။မြိုလူမျိုးတို့၏ စစ်အမည်သည် (Hoi Kong Hie-ဟွေခေါင်ဟိယာ)ဟုခေါ်သည်။ (Hὓm Pok Hie –ဟုန်မ်ပေါက်ဟိယာ) စစ်ရန်ကြောင့် မြို လူမျိုးသူရဲကောင်း ဖြစ်သည့် (ထင်းလောင်း-ဟိယာရန့်) သည်အသတ်ခံခဲ့သည်ဟု ဆိုပါသည်။ရှိသမျှသော လူတို့မှာ ထိုခြံစည်းရိုးဝိုင်းတွင်သာ နေကြရ၍ ဝင်ပေါက်တစ်ပေါက် နှင့် ထွက်ပေါက်တစ်ပေါက်သာရှိလေသည် ။ ဤခြံစည်းရိုးဝိုင်းကြီးထဲတွင် နေကြသောသူများအနက် မိမိသဘောအလျောက်ဘုရင်မှတစ်ပါး မည်သူမျှ ထွက်၍ သီးခြားရပ်ရွာအိုးအိမ်တည်ဆောက်၍ မနေကြရဘဲ၊ ခြံဝိုင်းကြီးထဲမှာပင် အချိန်အကန့်အသတ်မရှိ နေကြရပေသည်။ ထိုသို့ ခြံဝိုင်းကြီးထဲတွင် နေထိုင်ကြရသော သူများကို ယင်းတို့ဘာသာစကားဖြင့် ''မရုပ်နေဘရီးကအဲဒတ်''ဟုခေါ်ကြသည်။ သို့သော် ဤတစ်သောင်းမျှသော လူစုလူဝေးကြီးတစ်ခုလုံး၏ စားသောက်သွားလာနေထိုင်မှု ကိစ္စ မှာ အလွန်ကြီးကျယ်သောကြောင့် စစ်ပြေးချိန်မှတစ်ပါး အမြဲတမ်းတစ်သမတ်တည်း တစ်သောင်းလုံးစုဝေး၍နေထိုင်ရေးမှာ မလွယ်ကူတော့ပေ ။ အုပ်ချုပ်သူဘုရင်အနေဖြင့်လည်း ထိုသူတို့၏ ရိက္ခာဖုံလုံရေးတာဝန်ကိုယူရသည်မှာမသေးငယ်လှပေ။ ထို့ကြောင့် ဘုရင်သည် မိမိအုပ်စုကြီးအားကစ္ဆပနဒီ မြစ်ဖျားအရပ်ရှိ စိမ်းလန်းစိုပြည်၍ အသီးအနံ ဖြစ်ထွန်းမည့်နေရာ ဒေသအသီးသီးသို့ ခြံဝိုင်းကြီးမှ ခွဲထွက်စေပြီး နေရာသီးခြားပြုကာ နေထိုင်ခွင့်ပေးလေသည် ။ ဘုရင်၏ အမိန့်တော်အရခြံစည်းရိုးအတွင်းမှ သီးခြားအုပ်စုခွဲအဖြစ် နေထိုင်ရန်ထွက်လာသူကို ''မရူ'' ''မရုပ်''ဟူသော အခေါ်မှ ''မရို'' ဟု ပြောင်းလဲ လာခဲ့ပေသည်။ ''မရို'' ဟူသော အသုံးအနှုန်းမျသည် ယခုအခါ တွင် ''မြို'' ဟူ၍ ပြောင်းလဲ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ ''မြို'' တို့သည် ဥဒလင်း ၊ မီးချောင်း ၊ကလပ်ချောင်း ၊ စသည့် ဒေသများတွင် အုပ်စုခွဲကာ နေထိုင်ကြလေသည် ။ထို့ကြောင့် ''မြို'' သို့မဟုတ် ခြံစည်းရိုးအတွင်းမှ လူသားများသည် အာသမ်နယ်ဘက်မှ ဆင်းသက်လာပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရခိုပြည်နယ်၊ ကဇ္စျပနဒီ မြစ်ဝှမ်းဒေသ၌ အထင်အရှားရှိနေပြီး ဖြစ်ကြောင်း ပါးစပ်ရာဇဝင် များအရလေ့လာ သိရှိရပေသည်။။အနောက်မဇ္စျိမမှ စစ်ဘေးဒဏ်ကြောင့် မြို တို့သည် [[ဟိမဝန္တာ တောင်တန်း|ဟိမဝန္တာ]]တောင်ခြေများကို ဖြတ်ကျော်လျက် တိဗက်ကုန်းပြင်မြင့်သို့ ရောက်ရှိခဲ့ကြသည်ဟု ရှေးဘိုးဘေး၊ ဘီဘင်တို့၏ နှုတ်ဆင့်ကမ်းစကားအရလည်းကောင်း၊ မြို ဘာသာစကား၊ တေးလင်္ကာပုံပြင်၊ ဝတ္ထုအရလည်းကောင်း သိရသည်။ တိဗက်မှတစ်ဆင့် အာသံ၊ မဏိပူရသို့ ရောက်ရှိလာခဲ့ကြပြီး နောက်တစ်ဖန် ယင်း [[အာသံပြည်နယ်|အာသံ]]၊ [[မဏိပူရပြည်နယ်|မဏိပူရ]]မှ တစ်ဆင့် ခြေဦးတည့်ရာသွားကြပြန်ရာ ယခု ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ အရှေ့ဘက် (၁၀) မိုင်ကျော်ခန့်အကွာ မြို ဘာသာစကားဖြင့် ကိမ္မာ ခေါ်ဆိုသည့် [[ကျောက်ပန်းတောင်]]နှင့် နီလာပန်းတောင်သို့ ရောက်ရှိ အခြေချနေထိုင်ခဲ့ကြသည်။ တဖန် ၁၄ ရာစု နှင့် ၁၇ရာစုကြားကာလတွင် မြို လူမျိုးများကို ခူမီး လူမျိုးတို့က တိုက်ခိုက်၍ လည်းကောင်း ၊ နိုင်ငံရေး မတည်ငြိမ်မှု လည်းကောင်း စစ်တကောင်းတောင်တန်း ‌‌‌‌‌ဒေသ ဘန်ဒရာဘင်([[Bandarban]] ) ၊ အိန္ဒိယနယ်စပ် ဘဂ်ါ (Bengal ) နှင့် အရှေ့ ပါကီစတန် အထိ ပျံ့ နှံ့ ရောက်ရှိသည်။ ယခုတိုင် ၎င်း နေရာများတွင်နေထိုင်ကြသည်။ အချို့ တို့သည် ပီချောင်း ၊ မီးချောင်း ၊ [[ကုလားတန်မြစ်|ကုလာတန်မြစ်]]ကြော မှ ယင်းမှတစ်ဆင့် အချို့သည် [[ကစ္ဆပနဒီ]](ကုလားတန်မြစ်)၏ အထက်အောက်နှင့် လေးမြို့မြစ်တစ်လျှောက် ပျံ့နှံ့စွာ ဆင်းသက်နေထိုင်ခဲ့ကြသည်။ ရှေးလူကြီး သူမတို့၏ ပြောစကားအရ မြို သည် တောရိုင်းတိရိစ္ဆာန်ရန်မှလည်းကောင်း ၊ ဟိယာဟုခေါ်သော စစ်ရန်မှလည်းကောင်း ကာကွယ်ရန် ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကာရံလျက် နေထိုင်ကြသည်ဟုဆိုသည်။ ယင်းသို့ ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကျားရဲတိရိစ္ဆာန်တို့၏ ဘေးရန်မှ ကာကွယ်နေထိုင်ခြင်းကို ရှေးပညာရှိများက [[မြိုဘာသာစကား|မြို ဘာသာစကား]]၊ ခြံစည်းရိုး အခေါ်အဝေါ် မြို ကို အခြေပြုပြီး ခြံစည်းရိုးအတွင်းနေထိုင်လူ(လူမျိုး) မြိုလူမျိုးဟု သမိုင်းမှတ်တမ်းများ တင်ခဲ့ကြပါသည်။<ref>.မယ်ယုတောင်စွယ်ကြားမှ သွေးချင်းမောင်မယ်များ(သျှင်ထွေးယဉ်)<br /></ref>
 
စာကြောင်း ၉၂ -
(စားယှာမ်ခင်) သည် ကောက်ပဲသီးနှံများ ဖူးပွင့်စအချိန်တွင် ပြုလုပ်လေ့ရှိပါသည်။ ထိုအခင်းသည် အသီးအနှံများ အထွက်ကောင်းနိုင်ရန် နှင့် တောတိရိစာ္ဆန် များမပျက်စီးရန် ဖြစ်သည်။ အခင်းပြုလုပ်ပုံမှာ ကောက်ညှင်းအနက်တစ်ဗူးကို ရေစိမ်ထားရသည် ထိုကောက်ညှင်းမည်းနက်ရည်ကို ဝါးတစ်ဆစ်တွင်အပြည့်ထည့်ကာ ကြက် နှင့်အတူ ယာခင်းကို သွား၍ ယာခင်းပတ်ပတ်လည်ဖြန့်ရသည်။ ယာခင်း ပတ်ပတ်လည်ဖြန့်ပြီးပါက ယာခင်းတွင် စိုက်ပျိုးထားသည့် [[စပါးလင်|စပါးပင်]] တစ်မျိုးမှ တစ်ပင်၊ ကောက်ပဲသီးနှံများ တစ်မျိုးမှ တစ်ပင်စီစုဆောင်းရသည် ၎င်းပစ္စည်းတစ်မျိုးစီသည် ပိန်းရွက်ပေါ် ပုံထားပြီး ကြက်သွေးဖြင့်ပူဇော်ရသည်။ ယာခင်းတွင် ပူဇော်ပြီးပါက (တောင်ယာမှကျောက်ဖရုံညွန်းခူးလာပြီးထိုကြက်ကောင်ကိုကျောက်ဖရုံညွန်းနဲ့ချက်စားရသည်မှာအလွန်ပင်မြိန်သည့်ဟင်းပွဲတစ်ခွက်ဖြစ်သည်)။ တစ်ဖန်ရွာအလယ်တွင်ယဇ်ပူဇော်ရန်ပလ္လင်ဆောက်သည်။၎င်းစင်ပေါ်တွင်တစ်ရွာလုံးကောက်ပဲသီးနှံအမျိုးအစားအသီးသီးကိုကြက်တစ်ကောင်စီနှင့်အတူယူဆောင်လာကြ၏။တစ်ရွာလုံး၏ကောက်ပျိုးပင်စုံပြီဆိုပါက ဓလေ့ရိုးရာ သိနားလည်သူ သက်ကြီးသူတစ်ဦးမှ ဆုမွန်ကောင်း တောင်းပြီး ၎င်း ကောက်ပျိုးပင်များအား ကြက်သွေးဖြင့်ပူဇော်ပသပြီးပြီဆိုလျှင်မိမိကြက်ကောင်ကိုလာယူကြပါသည်။ထိုပွဲအခင်းသည်သုံးရက်ကြာသာပြုလုပ်ကျင်းပသည်။ထိုအခင်းအတွင်းလည်းအပြင်ဧည့်သည်ကိုကျေးရွာအတွင်း ဝင်ခွင့်မပြု ၊ ဝင်မိပါက ကြက်အကောင် တစ်ရာ နှင့် ဝက် ငါးဆုပ် တစ်ကောင် ပေးလျော်ရသည်။ ထိုအခင်းတွင်ရိုးရာ [[ကောက်ညှင်း]] မှုန့်ဖက်ထုပ်ကို အိမ်တိုင်းပြုလုပ်ကြသည်။ သုံးရက်လွန်မှသာ အခင်းပြီးမြောက်သည်ဟု ဆိုနိုင်သည်။
== ဈာပန အခမ်းအနား ==
[[ဖိုင်:မြိုအသုပအခမ်းအနား.jpg|thumb|394x394px|မြို လူမျိုး တို့ အသုဘ အခမ်းအနားနှင့် ဆောင်ရွက်ပုံ။|link=Special:FilePath/မြိုအသုပအခမ်းအနား.jpg]]
မြိုထုံးတမ်းစဉ်လာအရ ရွာတစ်ရွာတွင် လူတစ်ဦးသေဆုံးလျှင် တစ်ရွာလုံးအလုပ် မသွားကြ ဘဲ အသုဘအ ခမ်းအနား တွင်ပါဝင်ရသည်။ အသုဘသည် တစ်ရက်မှ သုံးရက် ထားရသည် အကယ်၍ ရွာသူကြီး ၊ တစ်ရွာ၌ အကြီးအကဲ သေဆုံးနေလျှင် ရပ်ဝေးက ဆွေမျိုးများ အသုဘသို့လာ တွေ့နိုင်ရန် သုံးရက် ထားရသည်။ သာမန်လူဆိုလျှင် တစ်ရက် သာထားရသည်။ ထို အသုဘ ညများတွင်း ညတိုင်း လူပျို၊ အပျို၊ မင်းကျွန် များက ရိုးရာ စောင် နှင့် တုရိယာ ပလုံ တို့ဖြင့် သီချင်းကျူးဧကြရင်း စောင့်လေ့ရှိသည်။ မြို ထုံးတမ်းအရ လူတစ်ဦးက အကြောင်း အမျိုးမျိုးကြောင့်ရွာ၏အပြင်၌ သေဆုံးနေလျှင် ကျေးရွာ ထဲတွင်် လုံးဝ ဝင်သွင်းလေ့မရှိ ၊ ထိုအပြင် ကြိုးဆွဲချသေဆုံး သူများကို သချၤိုင့်တွင် မြေမြှုပ်ထားလေ့မရှိ ။<ref>British Burma Gazetteer .Vol.ll in 1879 ,P,425, 68.</ref> <ref>Captain .G. Rigby, History of Operations in Notherns in Arakan and Yawdwin Chin Hills , Rangoon, 1897,P.80</ref>၇ ရက်မပြည့်သေးသည့် နို့စို့ကလေး သေဆုံးလျှင်လည်း သချၤိုင့် တွင် မြှုပ်လေ့မရှိ။
အကယ်၍ သေဆုံးသူကို မီးသင်္ဂြိုလ်မည်ဆိုလျှင် ကျေးရွာတွင် အိမ်တိုင်း ထင်းတစ်ချောင်း ကျ ပါဝင်ထည့်ပေးလေ့ရှိသည် ။ လူတစ်ဦးသေ ဆုံးတိုင်း ခွေးတစ်ကောင်သတ်ပေးလေ့ရှိသည် ။ အကြောင်းမှာ ခွေးသည် ဝိညာဉ် သွားလိုသည့်နေရာ ကို လမ်းပြပေး ရန်အတွက်ဖြစ်သည်။ <ref>G,Hughes <nowiki>'' Hill Tracts of Arakan ,''</nowiki> Rangoon ,1881, P, 23</ref>ယင်းအသုဘ အခမ်းအနားတွင် ပါသော သူများအတွက် အိမ်ရှင်မှ ဝက်တစ်ကောင် သတ်ရသည်။ထိုကြောင့်ပင် မြို တိုင်းရင်းသား တို့၏ အိမ်တိုင်း ကြက်၊ ဝက်၊ ခွေး ကမရှိမဖြစ် မွေးမြူရသည်။ ထို့ပြင် အသုဘ အခမ်းအနားကို သွားကြသည့် သူများအိမ် ပြန်လာလျှင် အိမ်ပေါ် မတက်ခင် မီးဖိုက ပြာကို လှေကားရင်း မှာထားရသည့်အပြင် ခြေ ၊လက်မှာ ပြာမုန့် ဖြင့် ဆေးကြောလေ့ရှိသည်။ ဘာကြောင့် မီးဖိုပြာမုန့် ဖြင့် အသုဘပြန်လာသည့်အခါ တွင် ဆေးကြောရသလဲ ဆိုလျှင် ရိုးရာ ပုံပြင်အရ ရှေးရှေး က မြို လူမျိုးသည် သေဆုံးသူများကို သေဆုံးသည် ဟု မဆိုပေ ၊ လူတစ်ဦးသည် ခန္ဒာကိုယ်လဲ သည်ဟု သာခေါ်ပြီး ၇ ရက် တစ်ပတ်ဆိုလျှင် ပြန်လာသည် ဟု ဆိုကြသည်။ ယင်းပုံပြင်တွင် ဤသို့ ဆိုပါသည် တစ်နေ့တွင် ဆွေးမ ၏ယောက္ခထီး က မသေဆုံးခင် ဆွေးမ ကို မှာထားသည်(၇)ရက်တစ်ပတ်ပြည့်လျှင်ပြန်လာမည်အရုပ်ဆိုးမည်ဖြစ်သည့်အတွက်ရေနွေးအိုးတည်ထားပါဟုမှာထားအပြီးသေဆုံးသွားသည် ။ ဆွေးမသည် ယောက္ခထီးမှာထားသည် အတိုင်း (၇) ရက်ကို စောင့်နေ၍ (၇) ရက်ပြည့်ညနေပိုင်း မီးဖို မှ ထွက်လာပြီး ငါ့ဆွေး မ ငါပြန်လာပြီရေချိုးပေးပါဦး လို့ ပြောလာသည်ကို ကြားသည် နှင့် လှမ်းကြည့် ရာ .ဆွေးမသည် .တစ်ခါတည်းထိပ်လန့်ပြီး ယောက္ခထီးမဟုတ်ဘူး သရဲ ဟု ဆိုကာ မီးဖိုက ပြာဖြင့် ပစ်ပေါက်လိုက်သည် ။ ထိုအခါအဖိုးအိုသည် ဤသို့ မှာကြားသည် လူသားသည် သေဆုံးပြီးလျှင် ပြန်လာမည်မဟုတ်ကြောင်း ပြော ပြီး ပြန်သွားလေ၏ ဟု ဆိုပါသည်။ ထိုအျိန်မှစ၍ ယနေ့တိုင်လူသားသည် သေဆုံးပြီးလျှင် ပြန်မလာတော့သည် ဟု ယူဆကြလေသည်။