ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၃ -
 
== အမျိုးသားဝတ်စားဆင်ယင်မှု ==
 
[[ဖိုင်:Mro man bine of knot style.jpg|thumb|258x258px|ယခင်ကမြိုအမျိုး သားရိုးရာ သျှောင်ထုံးကြပုံ ၁၉၉၀-ခုနှစ်|link=Special:FilePath/Mro_man_bine_of_knot_style.jpg]]
မြို အမျိုးသားများသည် သျှောင်းထုံး ကိုးသေသပ်ကျနစွာ ထုံးကြပါသည်။ သျှောင်ထုံး တွင် ဘီးစိုက်ထားလည်းရှိပါသည်။ အိမ်ထောင်ကျပြီး သားများသည် ဘီးစိုက်ခြင်းအစား ဦးခေါင်းတွင် နှစ်ကိုက်မျှရှည်သော အဝတ်ဖြူစကို[[ခေါင်းပေါင်း]]အဖြစ်ပေါင်းကြသည်။ သျှောင်ထုံးတွင် ဆံထိုးများလည်း ထိုးစိုက်လည်းရှိပါသည်။ နားတွင် လူပျိုများက ပန်းပွင့်အနီ ၊ ချည်ပိုးအနီကိုများသောအားဖြင့်(နပက်)ကွင်းတွင်တပ်ဆင်ဆွဲလေ့ရှိကြပါသည်။ အိမ်ထောင်ရှင် ယောကျ်ားများကမူ နားကွင်းပြားရိုးရိုးကိုပင် ဆွဲကြသည်။ မျက်မှာပြင်ပေါ်တွင်လည်းကောင်း ၊ နဖူးပေါ်တွင်လည်းကောင်း ဆေးအနီရောင်ဖြင့် အကွက်အကွင်းများ ပြုလုပ်၍လည်း ခြယ်သတတ်ကြသည်။ လက်ကောက် ၊လက်ကြပ်များကို ဝတ်ဆင်ကြပြီး သန္ဓာစေ့ ပုတီးများကို လည်ဆွဲအဖြစ် တန်ဆာဆင်ကြသည်။ မြိုလူမျိုးများသည်ရှေးရှေးကခန္မာကိုယ်အထက်ပိုင်းတွင်အဝတ်မဲ့နေလေ့ရှိကြသည်။ခါးအောက်ပိုင်းတွင်အနံတစ်ကိုက်ကျော်မျှရှည်သော အဝတ်စကို ခါးတောင်းကျိုက်လျက် ဝတ်ဆင်ကြသည်။ အစွန်းနှစ်ဖက်ကိုရှေ့တစ်စ နောက်တစ်စချကာ ဝတ်ဆင်ကြပါသည်။<ref>ရှုဒေါင့်ၐျာနယ် စာမျက်နှာ (၃၅)</ref>ယခုအခါတွင်မြန်မာအမျိုးသားများကဲ့သို့ပင် ရှပ်အကျ်ီ နှင့်လုံချည်ကို ဝတ်ဆင်လာကြသည်။ သက်ကြီးရွယ်အိုများသည် လက်နှစ်ဖက်မပါသော ပခုံးတစ်ဆက်တည်း ဂျပ်ခုတ်တိုက်ပုံအကျ်ီ တို ဝတ်ဆင်ကြသည်။ အုပ်ချုပ်သူအကြီးအကဲများမှာ သာမန်အရပ်သားထက်အနည်းငယ်အဖိုးတန်သော အဝတ်ကို ဝတ်ဆင်လေ့ရှိသည်။