တပ်မတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎နိုင်ငံရေး
စာကြောင်း ၂၃၉ -
တပ်မတော်သား မိသားစုဝင်များသည် ပါတီ နိုင်ငံရေး မလုပ်ရဟူသော စည်းကမ်းရှိသည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းခါစ ကာလက အယူဝါဒများ တပ်မတော်အတွင်း ကွဲပြားခဲ့သဖြင့် တပ်မတော် တပ်ရင်းတပ်ဖွဲ့ တချို့ တောခိုခြင်းသမိုင်းများ ရှိခဲ့၍ တပ်တည်မြဲ အမိန့်တွင် စစ်သည် အဆင့်အတန်း အားလုံးအား မည်သည့်နိုင်ငံရေး ပါတီနှင့်မဆို ဆက်သွယ်ခြင်း၊ ပါတီနိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ မြန်မာနိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ လုပ်ဆောင်ချက်များကို မလိုလားသော သဘောဖြင့် ဆန့်ကျင်မှု၊ လှုံ့ဆော်ဝါဒဖြန့်မှု၊ ဝိုင်းဖွဲ့ ဆွေးနွေးမှု၊ ဆူပူမှုအတွက် အားပေးအားမြှောက် ပြုခြင်းတို့ကို တားမြစ်ထားသည်။ သို့သော် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအဖြစ် တပ်မတော်သားများကို လွတ်လပ်စွာ မဲပေးခွင့်ပြုထားရာ ၎င်းတို့၏ စိတ်သဘောထားအရ မည့်သည်ပါတီကိုမဆို လွတ်လပ်စွာ မဲပေးခွင့်ရှိသည်။<ref>https://burma.irrawaddy.com/news/2020/08/13/228015.html</ref><ref>https://burma.irrawaddy.com/news/2020/06/23/225155.html</ref>
 
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်၏ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ရယူထားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးချယ် ခန့်အပ်ခြင်းဖြစ်သည်။<ref>{{cite web|url=https://www.frontiermyanmar.net/mm/%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9E%E1%80%AC%E1%80%B8-%E1%80%9C%E1%80%BD%E1%80%BE%E1%80%90%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%A1%E1%80%99/|title=တပ်မတော်သား လွှတ်တော်အမတ်များက ဥပဒေပြုရေး၌ အထောက်အကူပေးနိုင်ဟု ဗိုလ်ချုပ်မှူးကြီး ပြော}}</ref> လွတ်လပ်ရေးပြန်လည်မဆုံးရှုံးရေးနှင့် လွတ်လပ်ရေး ဆုံးရှုံးမှု မဖြစ်စေရန် အရပ်ဘက်အစိုးရထံမှ တပ်မတော်အနေဖြင့် အာဏာသိမ်းယူခြင်းမျိုး လုပ်ဆောင်ရခြင်းမရှိစေရန် ယခင်ကတပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်မှုရှိခဲ့သော် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံလွှတ်တော် မှာလည်း ပြုလုပ်ဖူးသည်။<ref>https://www.pyithuhluttaw.gov.mm/angdiuniiraaiungngnlttettaa</ref><ref>https://www.rfa.org/burmese/program_2/constitution-army-nld-03122019164053.html</ref>
 
== တပ်ဖွဲ့ခွဲများ ==