"ရှေးဟောင်းမြိုလူမျိုး" ၏ တည်းဖြတ်မှု မူကွဲများ

၂၁၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၂ လ
'မြို'တို့တွင် ရိုးရာနွားထိုးပွဲကို ငွေကြေးတတ်နိုင်သူရွာသားတစ်ဦးဦးက ဦးဆောင်ကျင်းပလေ့ရှိသည်။ မိသားစုဝင်များ အဖျားအနာကာကွယ်ရန်အတွက်လည်းကောင်း၊ အိပ်မက်အရလည်းကောင်း၊ စီးပွားရေအရငွေကြေးချောင်လည်၍ အလှုပေးလိုသောကြောင့်လည်းကောင်း ကျင်းပကြသည်။ ယင်းနွားထိုးပွဲတွင်သောက်သုံးရန် ခေါင်ရည်ကို ကြိုတင်စုဆောင်းထားကြသည်။ယခုအခါခေါင်ရည်အစား အချိုရည်ကို အသုံးပြုကြသည်။ အိပ်ရှေ့ကွပ်ပျစ်ကို ခိုင်ခန့် အောင်ပြန်လည်ပြင်ဆင်ပြီးကွပ်ပျစ်၏ထောင့်လေးထောင့်တွင် ပန်းပွားပါသော ဝါးတိုင်များကို တစ်ထောင့်လျှင် တစ်တိုကျစီစိုက်ထူထားသည်။တိုင်အဖျားသည် လေးခြမ်းကွဲပုံစံဖြစ်သည်။ နွားထိုးပွဲပြုလုပ်မည့်ရွာကွက်လပ်၌ နွားခြံကိုပြုလုပ်ရသည်။ နွားခြံမှာ တြိဂံပုံစံဖြစ်သည်။ ထိပ်အဖျားသည် အရှေ့ဘက်သို့မျက်နှာမူရသည်။နွားခြံထိပ်တွင် တိုင်တစ်တိုင်စိုက်ထူပြီး သစ်ရွက်သစ်ခက်များဖြင့် အလှဆင်ပေးထားလေ့ရှိကြသည်။နွားခြံတွင်အနားတစ်ဖက်၌ ပန်းဖွားပါသောဝါးတိုင်လေးတိုင်စိုက်ရ၏။ယဇ်ကောင်နွားကို သွင်းပြီးနောက် ဝါးတိုင်တစ်တိုင်ကိုထပ်မံစိုက်ရသည်။ တစ်ဖန်နွားခြံရှိဝါးတိုင်များကိုတန်းသုံးတန်းစီဖြင့် ခိုင်ခန့်အောင်လုပ်ကြသည်။အချို့မြိုရွာများတွင် နွားခြံဟူ၍မထားပေ။ နွားကိုချည်နှောင်မည့်ဝါးတိုင်အား ၁၄ပေခန့်မြင့်အောင်စိုက်ထူရသည် ရွာရှိလူပျို အပျိုတို့က ပျော်ပျော်ပါးပါးကခုန်မြူးထူးကာ တောင်ကျ ချောင်းမှ သွားရောက်ယူလာသည့် ကျောက်ကို အလှုရှင်အားပေးကြသည်။ အဆိုပါကျောက်ကို 'နတ်ကျောက်'ဟုယူဆကြသည်။နတ်ကျောက်ကိုသယ်ဆောင်လာသူများအား အရှင်က ဝက်ဖြင့်ကျွေးမွေးဧည့်ခံသည်။ နတ်‌ကျေက်ကိုယူခြင်း ၊စိုက်ထူခြင်းတို့အတွက် နတ်ဆရာလိုအပ်ပါသည်။ နတ်ဆရာမရှိသောရွာများတွင် ဤပွဲကိုမလုပ်ကြေချ။ နွားထိုးပွဲမလုပ်မီတစ်ရက်အလိုတွင် အလှူရှင်က မိမိဖိတ်ကြားလိုသော ေကျးရွာများကို ဖိတ်ကြားထားသည်။ဖိတ်ကြားခံရသည့်ကျေးရွာများမှ အလှူပွဲသို့တက် ရောက်လာမည့်အပျိုလူပျိုများကို လူပျိုခေါင်းက ဦးစီးထိန်းသိမ်းကပွဲစတင်မည့်ည ေနတွင်အ ေရာက်လာကြရေပသည်။ ပွဲကျင်းပသည့်အခါနွားကိုဝိုင်းပတ်၍ကကြသည်။ အပျိများက ကကြပြီး လူမျိုတို့က တူရိယာများကို တီးမှုတ်ကြ၏။ ပထမဆုံးကရေသာ နတ်ပူေဇာ်အဖွဲ့ ကခုန် နေစဥ် အလှူရှင်မိသားစုက ခေါင်ရည် သို့မဟုတ် အချိုရည်ကိုငုံပြီး နွားကိုပက်ဖျန်းရသည်။ ကခုန် သောအဖွဲ့ကို အိမ်ရှင်က ဝက်တစ် ကောင်သတ်ကာ ထမင်းေကျွးရသည်။တစ်ဖွဲ့က တစ်ဖွဲ့နားဖြင့် ကလိုက်ကြသည်မှာ ညလုံးပေါက်ပင်ဖြစ်သည်။
 
နောက်တစ်နေ့ နံနက်တွင် နတ်ပူဇော်သည့် အကအဖွဲ့သည်ယဇ်ေကာင်နွားကို ၁၂ပတ်တိတိဝိုင်းဖွဲ့ကခုန်ကြသည် နတ်ဆရာက အမိန့်ေပးလိုက်သည့်အခါ အဖွဲ့ဝင်တစ်ဦးကနွားကို တစ်ချက်တည်းဖြင့်ထိုးကာ ပူဇော်လိုက်ရသည်။ ေနာက်တစ်ဦးက နွား၏လျှာကို သူ၏သွားဖြင့်ကိုက်ဖြတ်ပစ်လိုက်ရသည်။ ဤသို့ပြုလုပ်ရခြင်းမှာ 'မြို' လူမျိုးတို့၏ စာကို နွားကစားပစ်သဖြင့်ဒဏ်ခတ်ခြင်းဖြစ်သည်ဟုဆိုပါသည်။နွားထိုးသူနှင့်နွားလျှာဖြတ်သူကို အရှင်က ခေါင်းပေါင်းစတစ်စနှင့် အချိုရှည်တစ်ပုလင်းလက်ဆေင်ပေးလေ့ရှိသည်။ထို့နောက်နွားသေကိုအလှူရှင်၏အိမ်ကွပ်ပျစ်၌အမဲဖျက်ကြကာ ဝိုင်းချက်ကြသည်။ ဤအေတာအတွင်းကခုန်မှုများကို ဆက်တိုက်ပြုလုပ်ကြပြန်သည်။ ထမင်းဟင်းကျက်သည့်အခါ အခြးရွာမှဧည့်သည်များအား အရင် ေကျွးေမွးဧည့်ခံရသည်။ပြီးေနာက်မှ ရွာသားများစားေသာက်ကြသည်။ နံနက်စာစားပြီးေနာက် ထပ်မံကခုန်ကြပြန်သည်။ ညနေပိုင်းတွင်းအခြားရွာမှဧည့်သည်များထွက်ခွာသွားကြေသာ်လည်း ရွာသားများကမူ ေနာက်ဆုံးေလးညတိုင်တိုင်ကခုန်လျက်ကျန်ရစ်ခဲ့ကြသည်။<ref>မ,်ယုတောင်စွယ်ကြားမှသွေးချင်းမောင်မယ်များ(သျှင်ထွေးယဥ်) စာမျက်နှာ-၈၄-၈၆</ref>
 
== ကျေးရွာ နှင့် အိုးအိမ်တည်ဆောက်ပုံဓလေ့ ==
၄၄၅

တည်းဖြတ်မှုများ