ဂေါ်ဒင် လုစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၄ -
ဒေါက်တာလုစ်ကို သမိုင်းပါမောက္ခအဖြစ် လူသိများသည်။ မြန်မာအစ ကျောက်ဆည်ကအဆိုကို တင်သွင်းသူနဲ့ ပုဂံအကြောင်း စာအုပ်ကြီး သုံးတွဲ ရေးခဲ့သူဖြစ်သည်။<ref>https://www.bbc.com/burmese/in-depth-47894572</ref> <ref>https://www.lostfootsteps.org/my/history/myanmars-great-gentlemen-scholars</ref>လုစ်သည် ဂလူးကစ္စတာ၊ စိန့်နီကိုးလပစ်ဂိုဏ်း ဘုန်းတော်ကြီး ဂျွန်ဂျိမ်းလုစ်၏ သားသမီး ၁၃ ယောက်မှ ၁၂ယောက်မြောက်ဖြစ်သည်။ ချယ်တင်ဟန်ဒေသရှိ ဒိန်း ကလို့စ်ကောလိပ်တွင် ပညာသင်ကြားခဲ့ပြီး ထိုမှ ကိန်းဘရစ်ချ် အမ်မန်နူရယ် ကောလိပ်သို့ ဂန္တဝင်ပညာသင်ဆုရရှိခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် ဂန္တဝင်ဆိုင်ရာ ဒီဂရီတွင် ပထမအဆင့်ရရှိခဲ့သည်။ ကိန်းဘရစ်ချ်တွင် ပညာသင်ကြားနေသည့်ကာလအတွင်း ကိန်းဘရစ်ချ် တမန်တော်များ အသင်းဝင်ခဲ့ပြီး သူ၏ မိတ်ဆွေအသိုင်းအဝိုင်းတွင် အာသာ ဝေလီ တို့ ပါဝင်ခဲ့သည်။ ရူပါ့ဘရော့ကီး၊ အဒေါ့ဖ် ဟက်ခ်လီ နှင့် ဂျွန် မေနာ့တ် ကန်နီစ် နှင့်အခြား ဘလူးစ်ဘူရီ အဖွဲ့ဝင်များကဲ့သို့ ခေတ်ပြိုင်များနှင့် မိတ်ဆွေဖြစ်ခွင့်ရခဲ့သည်။
 
၁၉၁၂ခုနှစ်တွင် ရန်ကုန် အစိုးရ ကောလိပ်ရှိ အင်္ဂလိပ်စာဌာနတွင် ကထိကအဖြစ် ခန့်အပ်ခြင်းခံရသည်။ ထိုအချိန်က ပါဠိပညာသင်ပါဠိဘာသာကထိက ဦးဖေမောင်တင်နှင့် ထာဝရမိတ်ဆွေအဖြစ်တည်ဆောက်နိုင်ခဲ့ပြီး ဦးဖေမောင်တင်၏ ညီမဖြစ်သူ မတီတီနှင့် လက်ဆက်ခဲ့သည်။