ပုလဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Adding: en:Pearl
အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
စာကြောင်း ၂၄ -
ဂျပန်တို့သည် မြန်မာ့ရေပြင်မှ ပုလဲများကို (၃၅)ကြိမ် အထိ ဖော်ယူခဲ့ပါသည်။ ယင်း (၃၅)ကြိမ်မြောက် ပုလဲ ဖော်ခြင်းကို ၁၉၆၃ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့ပြီး ပုလဲ အလုံး ၂၈၅၉ လုံး ၊ အလေးချိန် ၂၂၀၃.၃ မီမို ဖြစ်၍ ပျမ်းမျှခြင်း ပုလဲ တစ်လုံးလျှင် အလေးချိန် (၀.၇၇) မီမိုရှိသဖြင့် ပျမ်းမျှ အရွယ်အစား အချင်း (၁၃) မီလီ မီတာခန့် ရှိပါသည်။ နိုင်ငံတော်မှ တာဝန်ယူပြီးနောက် ဂျပန်တို့ မွေးမြူခဲ့သော ပုလဲများကို ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလအထိ (၁၁)ကြိမ် ဖော်ယူခဲ့ပြီး ပုလဲလုံးရေ (၆၃၀၉၀) လုံး ၊ အလေးချိန် (၄၈၀၄၃) မိုမီ ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှ ပညာရှင်တို့သည် ပူးပေါင်းကြံဆ ကြိုးပမ်းခဲ့ရာ ၁၉၆၆ ခုနှစ်၊ ဇွန်လတွင် မြန်မာ့ပညာရှင်များ အနေဖြင့် မြန်မာ့ပုလဲများကို အောင်မြင်စွာ ဝတ်ဆံသွင်း မွေးမြူနိုင်ခဲ့ပါသည်။ ယင်းဝတ်ဆံသွင်း ပုလဲများကို ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလတွင် စမ်းသပ် ပုလဲဖော်ခဲ့ရာ ပုလဲများ အရည်အသေး ပြည့်မီ ကောင်းမွန်သဖြင့် ပထမဆုံး အကြိမ် ပုလဲဖော်ခြင်းကို ၁၉၆၉ ခုနှစ်တွင် ဖော်ယူ နိုင်ခဲ့ပါသည်။
 
မြန်မာ့ရေပြင်မှ ထွက်ရှိသည့် ပုလဲများကို ကမ္ဘာပုလဲ စျေးကွက်တွင်ဈေးကွက်တွင် လူကြိုက်များ ထင်ရှားလာသည်နှင့် အမျှ မြန်မာ့ ပုလဲ လုပ်ငန်း အနေဖြင့် တီထွင် ကြံဆမှုများ စမ်းသပ် လုပ်ဆောင်ခဲ့ပါသည်။ ယင်းသို့ တီထွင် စမ်းသပ် လုပ်ကိုင်မှုများအနက် အောင်မြင်ခဲ့သည့် တီထွင်မှုမှာ ပုလဲအိမ်အတွင်းသို့ ဒုတိယအကြိမ် ဝတ်ဆံလုံး ပြန်လည် ထည့်သွင်း မွေးမြူသည့် နည်း ဖြစ်ပါသည်။ ယင်းနည်းမှာ မြန်မာ ပညာရှင် ဦးခင်ညွန့်အနေဖြင့် မိမိဖာသာ စဉ်းစားတွေးခေါ် ကြံဆကာ အောင်မြင်မှု ရရှိခဲ့သည့် နည်း ဖြစ်ပါသည်။
 
မြန်မာ့ ပုလဲလုပ်ငန်းသည် ၂၀၀၀ ခုနှစ်မှ စတင်၍ သားဖောက် မုတ်ကောင်များ မွေးမြူပြီး ၂၀၀၂ ခုနှစ်မှ စတင်၍ သားဖောက် မုတ်ကောင်များကို ဝတ်ဆံ သွင်းနိုင်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် မြန်မာ့ ပုလဲလုပ်ငန်း သည် သားဖောက် မုတ်ကောင် (၈၀၀၀၀)ကျော်ကို ဝတ်ဆံသွင်း မွေးမြူနိုင်ခဲ့ပါသည်။ ၂၀၀၆-၀၇ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့ရေပြင်မှ ရရှိခဲ့သော ပုလဲ အလေးချိန်မှာ ၂၄၀၅၉၅.၉၇ မီမို ထွက်ရှိခဲ့ပါသည်။ ပုလဲ အလုံး ၄၁၀၀၀၀ ခန့် ထွက်ရှိခဲ့ပါသည်။
စာကြောင်း ၃၄ -
# မလိကျွန်း - ပုလောမြို့နယ်
# ရွှေကျွန်းကြီး - ကော့သောင်းမြို့နယ်<br/>
တို့ ဖြစ်ပါသည်။ ဖော်ပြပါ မြန်မာ့ပုလဲလုပ်ငန်း၏ ပုလဲမွေးမြူသော စခန်းများတွင် မြန်မာ့ ပညာရှင်များက ထုတ်လုပ် မွေးမြူလျက် ရှိသော တောင်ပင်လယ် ပုလဲများသည် ကမ္ဘာ့ပုလဲ စျေးကွက်တွင်ဈေးကွက်တွင် လူကြိုက်များသော ပုလဲများ ဖြစ်ပါသည်။ အရည်အသေး ကောင်းမွန်ရုံ သာမက ရေရှည်ခိုင်မာသည့်အတွက် လူကြိုက်များပြီး တန်ဖိုး အမြင့်မားဆုံး ပုလဲများ ဖြစ်ပါသည်။
 
မြန်မာ့ပုလဲ လုပ်ငန်းသည် မြန်မာ့ တောင်ပင်လယ် ပုလဲများကို နှစ်စဉ် ရန်ကုန်မြို့တွင် ပြပွဲများ ပြုလုပ်၍ နိုင်ငံခြားသား ကုန်သည် များသို့ လည်းကောင်း၊ ပြည်တွင်း အရောင်းပွဲများ ပြုလုပ်၍ နိုင်ငံသား ကုန်သည်များသို့ လည်းကောင်း ရောင်းချပေးလျက် ရှိပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။
စာကြောင်း ၄၃ -
၁။ '''ပွင့်ရည် (အရည်အသွေး ) LUSTRE''' ။ ပြင်ပမှ အလင်းရောင်သည် ပုလဲသား အလွှာပါးလေးများ အတွင်းသို့ ထိုးဖောက် ဝင်ရောက် ရိုက်ခတ်၍ အလင်းပြန်ခြင်း ဖြင့် ပုလဲ တစ်လုံး၏ တောက်ပမှု အလင်း ဖြစ်ပေါ် စေခြင်းအား ပွင့်ရည်ဟု ခေါ်ပါသည်။ တန်ဖိုး သတ်မှတ်ရာတွင် အခြေခံရသည့် အချက်များ အားလုံးတွင် ပွင့်ရည်သည် အရေးကြီးဆုံး ဖြစ်ပါသည်။ ပွင့်ရည် မရှိသော ပုလဲ များသည် ထွန်းလင်း တောက်ပမှု မရှိဘဲ အရောင်မှိန်နေပါသည်။
 
၂။ '''ပုလဲ မျက်နှာပြင် ချောမွေ့ ပြေပြစ်မှု SURFACE QUALITY''' ။ ပုလဲ တစ်လုံးနှင့် တစ်လုံးမှာ မျက်နှာပြင်၏ အနေအထားပေါ်တွင် မူတည်၍ အရည်အသေးအားဖြင့် မတူညီနိုင်ပါ။ အနာအဆာ ကင်းသော ပုလဲများသည် ရှားပါးမှုကြောင့် အကောင်းဆုံးဟု သတ်မှတ်ခံရပြီး တန်ဖိုးအားဖြင့် စျေးအလွန်ကြီးပါသည်။ဈေးအလွန်ကြီးပါသည်။ မွေးပုလဲများသည် သက်ရှိ သတ္တဝါမှ ထုတ်လုပ်ရခြင်း ဖြစ်၍ အနာအဆာ တစ်မျိုးမျိုး ရှိနေတတ်ပါသည်။ စက်ရုံမှ ထုတ်လုပ် သကဲ့သို့ စင်းလုံးချောမရနိုင်ပါ။ ထိုအချက်သည်ပင်လျှင် သဘာဝ၏ ထိတွေ့မှု ဖြစ်သောကြောင့် ပုလဲ တစ်လုံးနှင့် တစ်လုံး ရာနှုန်းပြည့် မတူညီနိုင်သဖြင့် ပုလဲကို မြတ်နိုးသူများ တန်ဖိုးထားစရာ ဖြစ်ပါသည်။
 
၃။ '''ပုလဲသား အလွှာ၏ အထူအပါး NACRE QUALITY''' ။ ပုလဲသား အလွှာထုသည် ပွင့်ရည် LUSTRE ဖြစ် ပေါ်စေရန် အခြေခံကျသည့် အချက် ဖြစ်ပါသည်။ ပုလဲသား အလွှာ ထူပါးခြင်းသည် ပုလဲ၏ အရည်အသွေးကို ဆုံးဖြတ်နိုင်ရန် အထောက်အကူ ပြုပါသည်။ ပိုမိုတောက်ပသော ပုလဲ အများစုမှာ ပုလဲသားလွှာ ထူထဲမှု ရှိပြီး ပုလဲသားလွှာ ပါးနေပါက အရောင်မှာ မှိန်ပြီး ဖြူသော အရောင်အဆင်း ရှိနေပါသည်။ ပုလဲသားလွှာ ပါးနေပါက ပုလဲ၏ တန်ဖိုး ကျဆင်းနိုင်ပါသည်။ ပုလဲသားလွှာ ထူမှသာ ရာစုနှစ်များစွာ ခိုင်ခံ့နေပြီး ဆွဲဆောင်မှု ရှိသည့် အသွင်အပြင်ကိုလည်း ထိန်းထား နိုင်ပါသည်။ ပုလဲသားလွှာ ထူသည့် ပုလဲတိုင်းသည် တူညီသော ပွင့်ရည် မရှိနိုင်ပါ။ ပုလဲသားလွှာများ အတွင်း အလင်းဖောက်ထွင်း ဝင်ရောက်နိုင်မှုနှင့် ပုလဲသား အလွှာ အထပ်လေးများ အစီအစဉ် ကျနစွာ တည်ရှိနေမှုတို့ပေါ် မူတည်၍ ပွင့်ရည် မတူညီမှုကို ဖြစ်စေပါသည်။
စာကြောင်း ၅၁ -
၅။''' ပုံသဏ္ဍာန် SHAPE''' ။ ပုလဲ၏ ပုံသဏ္ဌာန် အပေါ် မူတည်၍လည်း တန်ဖိုးကို ဆုံးဖြတ်ပါသည်။ လုံးဝန်းသော ပုလဲများသည် တန်ဖိုး အမြင့်ဆုံး ရရှိနိုင်ပါသည်။
 
၆။ '''အရောင် COLOUR''' ။ တောင်ပင်လယ် ပုလဲ၏ အခြေခံအရောင်အဖြစ် ငွေရောင်နှင့် ရွှေရောင်ဟု နှစ်ရောင်သတ်မှတ်ပါသည်။ အခြေခံအရောင်ပေါ်တွင် ထပ်မံစိုးမိုးပြီး ရောယှက်ဖြစ်ပေါ်နေသော အရောင်ကွဲ များမှာ ပန်းရောင်၊ ရွှေအိုရောင်၊ ရွှေဝါရောင်နှင့် နို့နှစ်ရောင်တို့ ဖြစ်ပါသည်။ သက်တန့် ရောင်စဉ်ကဲ့သို့ မျက်နှာပြင်တွင် ရောင်စုံ ဖြာထွက်နေသော ပုလဲများသည် စျေးအမြင့်ဆုံးဈေးအမြင့်ဆုံး ရစေသည်။
 
၇။ '''တူညီ လိုက်ဖက်မှု MATCHING''' ။ ပုလဲ တစ်လုံးနှင့် တစ်လုံး တိကျစွာ တူညီနိုင်ခြင်း မရှိပါ။ တူညီ လိုက်ဖက်မှုသည် လည်ဆွဲ သွယ်တန်းရာတွင် လည်းကောင်း၊ ပုလဲ တစ်လုံးထက် ပိုမိုသော လက်ဝတ် ရတနာ များ စီခြယ်ရာတွင် လည်းကောင်း၊ အထောက်အကူ ပြုသည်။ တူညီ လိုက်ဖက်မှု ရှိသည့် ပုလဲ တစ်လုံးစီကို ညီမျှသော အကျိုး ကျေးဇူး ဖြစ်ပေါ် လာအောင် ဖန်တီး ယူနိုင်မည် ဆိုလျှင် ထိုကဲ့သို့ တူညီ လိုက်ဖက်မှုကို MATCHING ဟု ခေါ်ပါသည်။
"https://my.wikipedia.org/wiki/ပုလဲ" မှ ရယူရန်