အာလာဒင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁၆ -
ထင်ရှားသောမူနှစ်ခုရှိရာ ဂဲလွန် နှင့် ဘာတန် (Burton) တို့ဖြစ်သည်။ မူနှစ်ခုစလုံး၌ ဤဇာတ်လမ်း၏ အဖွင့်ဝါကျများတွင် 'တရုတ်ပြည်၏ မြို့တော်တစ်ခုတွင်' ဟူ၍ ရေးသားထားသည်။<ref name=Plotz1>Plotz (2001) p. 148–149</ref> သို့ရာတွင် ဇာတ်လမ်းပါအကြောင်းအရာများသည် အရှေ့အလယ်ပိုင်း အခြေတည်ပုံစံနှင့်သာ လက်တွေ့အားဖြင့် ကိုက်ညီသည်။ ဇာတ်လမ်း၌ပါရှိသော ဘုရင်ကို ဆူလ်တန် ဟုသာဖော်ပြပြီး တရုတ်တွင်သုံးသော ဧကရာဇ် ဟု ရေးသားထားခြင်းမရှိပေ။ အချို့သော ပြန်ပြောမူအချို့တွင် ဧကရာဇ်ဟု သုံးနှုန်းထားကြသည်။ ဇာတ်လမ်းပါ လူများမှာ မွတ်စလင်များနှင့် စကားသုံးနှုန်းမှုမှာလည်း ဘာသာရေးကိုင်းရှိုင်းသော မွတ်စလင်များ၏ ပြောဆိုသုံးနှုန်းမှုများဖြစ်၏ ။ ဂျူးလူမျိုး ကုန်သည်က အာလာဒင်၏ ပစ္စည်းများကို ဝယ်ယူ၍ အကြောင်းတိုက်ဆိုင်စွာ လိမ်လည်ခဲ့သည်ဟု ပါရှိသော်လည်း တရုတ်ပြည်ဘာသာရေးများဖြစ်သော ဗုဒ္ဓဘာသာဝင်၊ ကွန်ဖြူးရှပ်စ်ဝါဒဝင်များ အကြောင်း၊ ပို၍ထင်ရှားသည်မှာ တရုတ်လူမျိုးများအကြောင်း ပါဝင်မှု မရှိပေ။
 
သိသိသာသာဖြင့် တရုတ်တိုင်းရင်းသားများသမိုင်းတွင် မွတ်စလင် (တရုတ်မွတ်စလင်) အုပ်စုများအကြောင်း ရှည်ကြာစွာပါဝင်ခဲ့ပြီး ဥပမာ ဝီးဂါ (ဝီးဂွတ်ယာဇ်) (Uighurs) လူမျိုးများ [[ဟွေလူမျိုး]]များ တို့၏ မူလဇာစ်မြစ်သည် ပိုးလမ်းမခရီးသွားသူများဖြစ်သည်။ ထန်မင်းဆက် လက်ထပ်ကတည်းကလက်ထက်ကတည်းက အစ္စလာမ်လူမှုအသိုင်းအဝိုင်းများသည် ယင်းဒေသများ၌ တည်ရှိခဲ့ကြ၍ အချို့က ဇာတ်လမ်းအခြေတည်သည်မှာ [[တာကီစတန်|တာကစ်စတန်]] ဒေသကြီး ဖြစ်နိုင်ကြောင်း ညွှန်းဆိုကြသည်။<ref name=Moon1>Moon (2005) p. 23</ref>
 
ဤအချက်များကြောင့် တရုတ်ပြည်တွင် ဇာတ်လမ်းအခြေတည်သည်ဟူသေယ တွက်ဆခန့်မှန်းမှုသည် ရိုးရာပုံပြင်ပြောသူတစ်ဦး၏ တရုတ်ပြည်နှင့်ပတ်သက်၍ သိရှိမှုတစ်စိတ်တပိုင်း ချို့တဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။<ref name=honor1>Honour (1973) - Section I "The Imaginary Continent"</ref> ရှေးခေတ် အာရေးဘစ်သုံးနှုံးမှုများတွင် အလွန်ကွာဝေးသော မရင်းနှီးသည့်နယ်မြေတစ်ခုကို ဖော်ပြရာ၌ တရုတ်ပြည် ဟူ၍ သုံးနှုန်း ဖော်ပြခဲ့ကြသည်။<ref>{{cite web|url=https://ajammc.com/2017/08/10/who-was-the-real-aladdin/|author=Arafat A. Razzaque|website=Ajam Media Collective|title=Who was the “real” Aladdin? From Chinese to Arab in 300 Years}}</ref><ref>{{cite web|url=https://time.com/5592303/aladdin-true-history/|title=Was Aladdin Based on a Real Person? Here’s Why Scholars Are Starting to Think So|website=Time|access-date=2020-07-07|date=2019-05-23|author=Olivia B. Waxman}}</ref>