ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန (၁၉၇၃–၂၀၀၁): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါး +ဓား)
အရေးမကြီး typo
စာကြောင်း ၈၈ -
တွဲဆက်အဆောက်အအုံ၏ ဗဟိုနေရာကို ၁၉၆၆ နှင့် ၁၉၇၅ ကြားတွင် တည်ဆောက်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ (၂၀၁၈ ငွေကြေးဈေးနှုန်းအရ ဒေါ်လာ သန်း ၂,၂၇၀ ) ကုန်ကြခဲ့သည်။ ယင်းအဆောက်အဦးကြီးများ တည်ရှိခဲ့စဉ်က အဓိက အဖြစ်အပျက်အချို့ကို ကြုံတွေ့ဖူးကာ ၁၉၇၅ ဖေဖော်ဝါရီ ၁၃ မီးလောင်မှု<ref name="nyt 19750214">{{Cite news|last=|first=|date=February 14, 1975|title=Trade Center Hit by 6-Floor Fire|language=en-US|work=The New York Times|url=https://www.nytimes.com/1975/02/14/archives/trade-center-hit-by-6floor-fire-blaze-starts-on-the-11th-16-men-are.html|url-status=live|accessdate=August 19, 2020|archive-url=https://web.archive.org/web/20080512074050/http://www.nytimes.com/1975/02/14/nyregion/14WTC.html|archive-date=May 12, 2008|issn=0362-4331}}</ref>၊ ၁၉၉၃ ဖေဖော်ဝါရီ ၂၆ တွင် ဗုံးကွဲမှု<ref name="reeve p10">{{cite book |last=Reeve |first=Simon |title=The new jackals : Ramzi Yousef, Osama Bin Laden and the future of terrorism |url=https://archive.org/details/newjackalsramziy00reev |url-access=registration |publisher=Northeastern University Press | location=Boston |year=2002 |isbn=978-1-55553-509-4 |page=[https://archive.org/details/newjackalsramziy00reev/page/10 10]}}</ref> နှင့် ၁၉၉၈ ဇန်နဝါရီ ၁၄ တွင် ဘဏ်ဓားပြတိုက်မှုများလည်းကြုံတွေ့ခဲ့ရသည်။<ref name="mafia 2007">{{cite book |last=Reppetto |first=Thomas |title=Bringing down the mob : the war against the American Mafia |publisher=Henry Holt Melia distributor | location=New York Godalming |year=2007 |isbn=978-0-8050-8659-1 |page=279}}</ref> ၁၉၈၈ တွင် နယူးယောက်နှင့် နယူးဂျာစီ အာဏာပိုင်များက အဆောက်အဦးများကို စီမံကိုင်တွယ်ရန် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ ငှားရမ်း၍ ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၀၁ ဇူလိုင်တွင် ငှားရမ်းမှုကို ဆေးလ်ဗားစတင်း အိမ်ခြံမြေလုပ်ငန်းသို့ ချထားပေးခဲ့၏ ။<ref name="cuozzo">{{Cite news |title=Larry Lusts for Twin Towers; Silverstein has an Eye on WTC's; Untapped Retail Potential |newspaper=New York Post |date=January 30, 2001 |last=Cuozzo |first=Steve|author-link=Steve Cuozzo}}</ref>
 
၂၀၀၁ စက်တင်ဘာ ၁၁ နံနက်ခင်းတွင် အယ်လ်ကိုင်းဒါး (သို့) အယ်လ်ကားယီးဒါးဆက်စပ်အဖွဲ့ကအယ်လ်ကားယီးဒါးဆက်စပ်အဖွဲ့မှ ပြန်ပေးသမားများက ဘိုးဝင်း ၇၆၇ နှစ်စီးကို မြောက်နှင့် တောင်မျှော်စဉ်အဆောက်အဦးများဆီသို့ တစ်စီးနှင့် တစ်စီး မိနစ်ပိုင်းအခြား အနေအထားဖြင့် ဦးတည်ပျံသန်းလာခဲ့သည်။ နှစ်နာရီအကြာတွင် ယင်းမျှော်စဉ်အဆောက်အဦးနှစ်ခုစလုံး ပြိုကျပျက်စီးခဲ့သည်။ အဆောက်အဦးနှစ်ခုအတွင်းနှင့် အနားတွင် ရှိသော လူပေါင်း (၂,၆၀၆) ဦးနှင့် လေယာဉ်နှစ်စင်းပေါ်ရှိ လူ (၁၅၇) ဦး သေဆုံးခဲ့သည်။<ref name="Borg">{{cite news |url=http://www.nydailynews.com/ny_local/2011/06/18/2011-06-18_manhattan_mans_death_brings_wtc_toll_to_2753.html |title=Man's death from World Trade Center dust brings Ground Zero toll to 2,753 |date=June 18, 2011 |newspaper=NY Daily News |accessdate=September 1, 2011 |agency=Associated Press}}</ref> အဆောက်အဦးများပေါ်မှ အကျိုးအပဲ့များကျလာကာ ယင်းအကျိုးအပဲ့များကြောင့် ဘေးပတ်ဝန်းကျင်ရှိ အဆောက်အဦးများ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဤတွဲဆက်အဆောက်အအုံကြီးထဲရှိ အဆောက်အဦးအားလုံး တစ်ပိုင်းတစ်စသော်လည်းကောင်း အလုံးစုံသော်လည်းကောင်း ပျက်စီးခဲ့ရသည်။ ပတ်ဝန်းကျင်ရှိ အခြားသော ကြီးမားသည့် အဆောက်အဦးဆယ်ခုကိုလည်း အကြီးအကျယ် ထိခိုက်စေခဲ့သည်။
 
ယင်းဖြစ်ပွားရာနေရာတွင် ရှင်းလင်းရေးများဆောင်ရွက်မှုသည် အချိန် ရှစ်လတာမျှကြာမြင့်ခဲ့ပြီး ထိုစဉ်အတွင်းတွင်လည်း အခြားသော အဆောက်အဦးများ၏ အကြွင်းအကျံများကို ဖြိုဖျက်ခဲ့ကြသည်။ လက်ရှိ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန အသစ်ကို မိုးမျှော်တိုက် ခြောက်လုံးနှင့် အခြားအဆောက်အဦးအနည်းငယ်ပါဝင်စေ၍ တည်ဆောက်ခဲ့ကြ၏ ။ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများကိုရည်ရွယ်၍ အထိမ်းအမှတ် ပြတိုက်တစ်ခု၊ ဘူတာရုံသစ်တစ်ခု (rapid transit hub) နှင့် မိုးမျှော်ဥယျာဉ် (ဌာနအဆောက်အဦး၏ အပေါ်ဆုံးတွင်တည်ရှိ) တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန တစ် (One World Trade Center) သည် အနောက်ကမ္ဘာခြမ်းတွင် အမြင့်ဆုံးအဆောက်အဦးဖြစ်၍ ၁၇၇၆ ပေမြင့်မားကာ ၂၀၁၄ နိုဝင်ဘာတွင် ပြီးစီးခဲ့သည်။