ဂရိဒဏ္ဍာရီ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၃၀ -
ဘီစီ သုံးရာစု (ဘီစီ - ၃၀၀) တွင် အပေါလိုနိယပ်စ်က ၎င်း၏ ကဗျာကို ရေးသားခဲ့သော်လည်း အာဂွန်နော့စ် ဇာတ်လမ်းပုံပြင်၏ အရေးအဖွဲ့သည် အော့ဒဆီကဗျာထင် ပိုမိုရှေးကြသည်။ အောဒဆီကဗျာကလည်း တူညီသော အကြောင်းအရာဖြစ်သည့် ဂျေးဆန်၏ စွန့်စားခန်းများကို ပြသထားမှုပါဝင်ပြီး အောဒစ်ဆီးယပ်စ်၏ လှည့်လည်သွားလာခြင်းသည် အာဂွန်နော့စ် ကဗျာကို တစ်စိတ်တစ်ပိုင်း အခြေခံထားခြင်း ဖြစ်နိုင်ပေသည်။<ref name="BrArgGr">{{cite encyclopedia|title=Argonaut|encyclopedia=Encyclopædia Britannica|date=2002|url=https://www.britannica.com/topic/Argonaut-Greek-mythology}}</ref><ref name=":2">Grimal, Pierre. 1986. "Argonauts." P. 58 in ''The Dictionary of Classical Mythology''. [[Blackwell Publishing]]. {{ISBN|978-0-631-20102-1}}.</ref> ရှေးခေတ်ကာလများတွင် ခရီးစဉ်ရှည်ထွက်ခြင်းများကို သမိုင်းဝင် အချက်အလက်တစ်ခု (ပင်လယ်နက်သို့ စတင်သွားလာခြင်းမှသည် ဂရိတို့၏ ကုန်သွယ်ရေး၊ နယ်မြေကျူးကျော်ခြင်း ဖြစ်ရပ်များ ) အဖြစ်ယူဆကြ၏ ။<ref name="BrArgGr" /> ထိုသို့သော ခရီးစဉ်ထွက်ခြင်းသည် အလွန်ပင် လူကြိုက်များလာကာ ဒေသဆိုင်ရာ ရာဇဝင်များ ပူးတွဲဆက်သွယ်မှုများရှိလာပြီး ဇာတ်လမ်းတွဲများဖြစ်ပေါ်သွားစေခဲ့သည်။ အထူးသဖြင့် [[မစ်ဒီးယာ]] ဇာတ်လမ်းပုံပြင်သည် အလွမ်းဖွဲ့ ကဗျာဆရာတို့၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပေသည်။<ref name=":2" />
 
====အေးထရီးယပ်စ်နှင့် သိုင်းယက်စတီးဇ် အိမ်တော် ဇာတ်လမ်းတွဲများ====
{{See|Theban Cycle|Seven Against Thebes}}
အားဂိုသင်္ဘောနှင့် ထရိုဂျန်စစ်ပွဲကာလကြားတွင် ကြောက်လန့်စရာ ပြစ်မှုများကြောင့် အဓိကနာမည်ထွက်သော မျိုးဆက်တစ်ခုရှိပေသည်။ အားဂေါ့စ်မြို့နေ အေးထရီးယပ်စ်နှင့် သိုင်းယက်စတီးဇ်တို့၏ လုပ်ဆောင်မှုများပါဝင်သည်။ အေးထရီးယပ်စ် အိမ်တော်၏ ဒဏ္ဍာရီတွင် အာဏာခွဲဝေပေးရမှု ပြဿနာ၊ ဘုရင်နန်းတက်ခြင်းပုံစံများ ပါဝင်သည်။ (အေးထရီးယပ်စ်အိမ်တော်(နန်းတော်)သည် သူရဲကောင်းခေတ်၏ အဓိငမသ်းဆက်နှစ်ခုထဲက တစ်ခုဖြစ်၍ အခြားမင်းဆက်တစ်ခုမှာ လားဘ်ဒါကပ်စ် ဖြစ်သည်) အမွှာညီနောင်ဖြစ်သော အေးထရီးယပ်စ် နှင့် သိုင်းယက်စတီးဇ် တို့သည် ၎င်းတို့၏ မျိုးဆက်များနှင့်အတူ မိုက်ဆီးနီဒေသ၌ အာဏာခွဲဝေပေးရခြင်းနှင့်ပတ်သက်သော ကြေကွဲဖွယ် ဇာတ်လမ်းတွင် အဓိကဇာတ်ဆောင်များဖြစ်ကြသည်။<ref name="Bonnefoy103">[[Yves Bonnefoy|Bonnefoy, Yves]]. 1992. "Kinship Structures in Greek Heroic Dynasty" in ''[[iarchive:greekegyptianmyt00bonn|Greek and Egyptian Mythologies]]''. Chicago: [[University of Chicago Press]]. {{ISBN|978-0-226-06454-3}}. p. 103.</ref>
 
သီးဗာမြို့ ဖြစ်စဉ်ဇာတ်လမ်းသည် အထူးသဖြင့် ယင်းမြို့တည်ထောင်သူ ကဒ်မက်စ်၏ ဖြစ်ရပ်များနှင့် နှီးနွယ်ပတ်သက်မှုရှိသည်။ ထို့နောက် သီးဗာ ဘုရင် လိုင်းယပ်စ်နှင့် အီးဒီပါ့စ်တို့၏ ဆောင်ရွက်ချက်များနှင့်လည်း ပတ်သက်ဆက်နွှယ်သည်။ ဤသည်မှာ အတွဲလိုက် ဇာတ်လမ်းများဖြစ်ပြီး အဆုံးသတ်တွင် သီးဗာမြို့ကို တပ်ခုနှစ်တပ်မှ ဖျက်ဆီးခြင်းနှင့် အစ်ပစ်ဂနိုင်း စစ်သူရဲကောင်းများ အကြောင်းဖြစ်သည်။<ref name="Hard1" />{{Rp|317}} (ထိုတပ်ခုနှစ်တပ်မှ သီးဗာမြို့ကို တိုက်ခိုက်ခြင်းအကြောင်းသည် ပို၍စောသော ကဗျာများတွင် ပါခြင်း၊ မပါခြင်းကို မသိရှိပါ)။ အီးဒီပါ့စ်နှင့် ပတ်သက်၍ အစောပိုင်းကဗျာများက ဤသို့ဆိုထားဟန်တူသည်။ အီးဒီပါ့စ်သည် ၎င်းလက်ထပ်ထားသော ဇနီးမှာ ၎င်း၏ မိခင်အရင်း (ဂျာကဲစတာ (သို့) အီယိုကဲ့စတီး ) ဖြစ်သည်ဟု သိရှိပြီးနောက် သီးဗာကို ဆက်လက်အုပ်ချုပ်၍ ထို့နောက် ဒုတိယဇနီး ထပ်ယူကာ ကလေးများမွေးဖွားသည် ဟူ၍ဖြစ်သည်။ ထိုသို့ဆိုထားခြင်းမှာ ယခုသိနေသော ကြေကွဲဖွယ်ရာ ဇာတ်လမ်းပုံပြင်နှင့် လွန်စွာကွာခြားရာ ဥပမာ စာရေးဆရာ ဆော့ဖာကလီးဇ်၏ အီးဒီပါ့စ် ဘုရင် (Oedipus Rex) နှင့် နောက်ပိုင်းပေါ်ထွန်းခဲ့သော ဒဏ္ဍာရီများနှင့် ကွဲလွဲသည်။<ref name="Hard1" />{{Rp|311}}
 
==မှတ်စု==