သုရှင်တကာရွတ်ပိ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[မဂဒူး မင်းဆက်]]မှ နောက်ဆုံးမင်းဖြစ်သူ သုရှင်တကာရွတ်ပိ (၁၅၂၆-၁၅၃၉)သည် [[ဒုတိယဗညားရံ]]၏သား ဖြစ်သည်။ နိုင်ငံကို ကောင်းစွာ အုပ်ချုပ်ထားနိုင်စွမ်းမရှိတော့ပဲ အင်အားကြီးလာသည့် [[တောင်ငူ]]ဘုရင် [[တပင်ရွှေထီး]]၏ ကျူးကျော်မှု သုံးကြိမ်ခံရပြီးနောက်တွင် ဟံသာဝတီနန်းတော်ကိုစွန့်ခွာကာ နောက်လိုက်နောက်ပါများဖြင့် ယောက်ဖတော် ပြည်မင်းနရပတိ ထံသို့ ပြေးလေသည်။ အကြီးဆုံးအမှားမှာ တပင်ရွှေထီး၏ပရိယာရ်ကို ယုံစားပြီး မိမိအပေါ်တွင် သစ္စာရှိရှိ ကာကွယ်ပေးနေသည့် အရည်အချင်းရှိ အထိန်းတော်ကြီးနှစ်ပါး (ဗညားကျန်း နှင့် ဗညားလော) တို့ကို ကွပ်မျက်စေခဲ့ခြင်းပင်ဖြစ်သည်။ ကိုယ်တိုင် မိဖုရားနှင့် သားသမီးများခေါ်၍ ရေကြောင်းမှပြေးပြီး ကျန်တပ်များကို ကြည်းကြောင်းမှ လိုက်စေသည်။ ၁၃နှစ်အရွယ်သမီးတော်မွန်မင်းသမီးတစ်ပါးကို၁၃နှစ်အရွယ်သမီးတော်မွန်မင်းသမီလေးတစ်ပါးကို ဆင်ပေါ်တင်၍ အထိန်းတော်များဖြင့် လွတ်ရာသို့ ပြေးစေခဲ့သည်။ ပြည်မြို့မရောက်ခင်ပင် ကြည်းတပ်မှာ [[ဘုရင့်နောင်|ကျော်ထင်နော်ရထာ]] ဦးဆောင်သည့် တောင်ငူတပ်များကို [[နောင်ရိုးတိုက်ပွဲ]]တွင် ရှုံးနှိမ့်သွားသဖြင့် အင်အားအနည်းငယ်ဖြင့်သာ ပြည်မြို့သို့ရောက်သည်။ ထိုနောက် သုရှင်တကာရွတ်ပိသည် ၎င်း၏လက်ကျန်အင်အား၊ ယောက်ဖဖြစ်သူ နရပတိ၏ [[ပြည်]]မှ စစ်အင်အား၊[[အင်းဝ]]မှ ရှမ်းမင်း[[သိုဟန်ဘွား]]နှင့် ၎င်း၏မဟာမိတ် ရှမ်းစော်ဘွားများ စသည့် အင်အားသုံးရပ်ပေါင်းကာ တပင်ရွှေထီး၏ တောင်ငူတပ်များကို ရင်ဆိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ရေတပ်တွင် တပင်ရွှေထီး၏တပ်များ အသာရသည်။ ကြည်းကြောင်းတိုက်ပွဲများ ဆင်နွဲရန် စီစဉ်သော်လည်း စစ်ပန်းနေသောကြောင့် တစ်ကြောင်း၊ ရန်သူအင်အား များသည်ကြောင့်တစ်ကြောင်း တပင်ရွှေထီးက တပ်ကို [[ဟံသာဝတီ]]သို့ ပြန်ခေါက်သဖြင့် မတိုက်ခိုက်ဖြစ်တော့ပေ။ သို့ဖြင့် တကာရွတ်ပိလည်း အင်္ဂပူတွင် တပ်ချကာနေစဉ် ဆင်ကျော့(ဖမ်း) ထွက်ရာမှ အဖျားရောဂါပြင်းထန်စွာခံစားရပြီး လွန်လေသည်။
 
သားတော်တစ်ပါးနှင့် သမီးတော်တစ်ပါးကို [[သိုဟန်ဘွား]]က မြောက်စားမည်ဟုဆိုကာ အင်းဝသို့ခေါ်ဆောင်သွားသည်။ မိဖုရား(ပြည်မင်း၏ နှမ)ကိုမူ နရပတိက ရခိုင်နှင့် မဟာမိတ်ပြုလိုသဖြင့် ရခိုင်ဘုရင်ထံဆက်သလေသည်။