မက်ခီယာဗယ်လီ: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ==နီကိုလို ဒီ ဘာနာဒို မက်ခီယာဗယ်လီ (Nicolo Di Bernardo Machiavelli) (1469- 1527)== နောင်...
 
အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
စာကြောင်း ၁ -
==နီကိုလို ဒီ ဘာနာဒို မက်ခီယာဗယ်လီ (Nicolo Di Bernardo Machiavelli) (1469- 1527)==
နောင်တစ်ခေတ်တွင် အာဏာရှင်တို့၏ ဂုရုအဖြစ်ကျော်ကြားမည့် သူ့ကို ၁၄၆၉ ခုနှစ် မေလ ၃ ရက်နေ့တွင် အီတလီ နိုင်ငံ၊ ဖလောရင့်မြို့၌ မွေးဖွား ခဲ့ပြီး ဖခင်မှာ ၀တ်လုံတော်ရဝတ်လုံတော်ရ ရှေ့နေကြီး တစ်ဦး ဖြစ်သည််။ သူသည် လက်တင် စာပေ ကျမ်းဂန်များနှင့် အီတလီ ဂန္တဝင် စာပေများကို အထူးပြု လေ့လာခဲ့ကာ ၁၄၉၈ ခုနှစ်တွင် ဖလောရင့် သမ္မတနိုင်ငံ အစိုးရအဖွဲ့၌ အမတ်ချုပ်အဖြစ် လည်းကောင်း၊ ဒုတိယ နန်းရေးဝန်အဖြစ် လည်းကောင်း၊ တာဝန် ထမ်းဆောင်ခဲ့သည်။ (ထိုအချိန်က [[အီတလီနိုင်ငံ]]မှာ မြို့ပြနိုင်ငံပေါင်း များစွာ မစည်းလုံးဘဲ တသီးတခြားစီ ဖြစ်နေသော အချိန်ဖြစ်သည်။အဓိကကျသည့် မြို့ပြနိုင်ငံတို့မှာ မီလန်၊ရောမ၊နေပယ်လ် နှင့် ဖလောရင့် တို့ဖြစ်သည်။)
 
[[image:Mcv.jpg |right |fram |thumb |မက်ခီယာဗယ်လီ]]
စာကြောင်း ၁၄ -
 
ထိုကျမ်းကို ဆက်သပြီးနောက် ဖလော့ရင့် မြို့ပြနိုင်ငံ၏ အာဏာပိုင်ဖြစ်သူ မက်ဒီစီ၏ အိမ်တော်သို့ ဖိတ်ကြားခြင်းခံခဲ့ ရသည်။ သူ့အား ပညာရှိသုခမိန် အရာထား၍ နေရာပေးခြင်း ဖြစ်သည်။ ထို့နောက် အရေးမကြီးလှသော ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းဆိုင်ရာ တာဝန်များပေး၍ မက်ခီယာဗယ်လီအား စမ်းသပ် အသုံးပြုပြန်သည်။ သူသည် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတာဝန်ဖြင့် ရောမမြို့သို့လည်း သွားရောက်ခဲ့ရ၍ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံကာ “ဖလော့ရင့်မြို့သမိုင်း” ပြုစုရန် ရဟန်းမင်းကြီးထံမှ ထောက်ပံ့ကြေး ရရှိခဲ့သည်။ မက်ခီယာ ဗယ်လီသည် ပြည်သူ့စစ် တပ်ဖွဲ့များ ဖွဲ့စည်းရေးအတွက် ရဟန်းမင်း
ကြီးအား အကြံပေးခဲ့သော်လည်း ရဟန်းမင်းကြီးက လက်မခံသဖြင့် လက်လျှော့ ခဲ့ရသည်။ ဤတွင် နိုင်ငံရေးနယ်သို့ မက်ခီယာဗယ်လီ ပြန်ဝင်ရန် ကြိုးပမ်းခြင်းမှာ သမ္မတနိုင်ငံ ပြန်လည်ထူထောင်ရန် ကြံရွယ်ခြင်း ဖြစ်လိမ့်မည်ဟု မက်ဒီစီက သင်္ကာမကင်းဖြစ်ပြီး သူ့အား မည်သည့် တာဝန်မျှ မပေးတော့ဘဲ လျစ်လျူရှုထားလိုက်သည်။ ထိုနောက် မက်ခီယာဗယ်လီသည် နာမကျန်းဖြစ်လာကာ ၀မ်းဗိုက်အောင့်သောဝမ်းဗိုက်အောင့်သော ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး ၁၅၂၇ ခုနှစ် ဇွန်လတွင် ကွယ်လွန်ခဲ့သည်။ သူ၏ မိသားစုမှာ ဆင်းရဲ ငြိုငြင်စွာ ကျန်ရစ်ခဲ့ ရသည်။
 
==မိသားစုဘဝ==
မိသားစုရေးရာနှင့် ပက်သက်၍ကား မှတ်တမ်းမှတ်ရာ နည်းပါသည်။ သူသည် ၁၅၀၂ ခုနှစ်တွင် မာရီယက်တာ ကော်ဆီနီနှင့် လက်ထပ်ပြီး ကလေးခြောက်ယောက် ရရှိခဲ့သည်။ ဇနီးသည်က သူ့အပေါ် လွန်စွာ ချစ်ကြင်မြတ်နိုးမှု ရှိသည်။ ၁၅၀၃ ခုနှစ် နို၀င်ဘာလနိုဝင်ဘာလ ၂၄ ရက် နေ့စွဲဖြင့် ဇနီးသည်က မက်ခီယာဗယ်လီထံ ပေးစာတွင် ခင်ပွန်းဖြစ်သူအား ချစ်စနိုး ကျီစယ်သော အရေးအသားများကို တွေ့ရသည်။
 
“ကျွန်မတို့ သားကလေးက ရှင်နဲ့ သိပ်တူတာပဲ။ အသားက နှင်းပွင့် ကလေးလို့ ဖြူလို့။ ခေါင်းမှာလည်း ဆံပင်တွေ သန်လိုက်တာ ကတ္တီပါနက်လို မည်းမှောင်နေတာပဲ။ ရှင့်လိုပဲပေါ့၊ သားကလေဟာ ရှင်နဲ့တူတယ် ဆိုတော့ ချောတယ်လို့ ပြောရမှာပေါ့နော်” ဟု မာရီယက်တာက ရေးသားခဲ့သည်။ (စင်စစ်အားဖြင့်ကား မက်ခီယာဗယ်လီ သည်ဥပဓိရုပ်ကောင်းသူ မဟုတ်၊ အရပ်မနိမ့်မမြင့်၊ သေးသေးသွယ်သွယ်၊ မျက်လုံးတောက်တောက်၊ ဆံပင်နက်နက်၊ ဦးခေါင်းသေးသေး၊ နှာခေါင်း အနည်းငယ် ကောက်သည်။
စာကြောင်း ၂၈ -
သူ အသက်ရှင်သန် လှုပ်ရှားခဲ့သော ခေတ်သည် အီတလီနိုင်ငံ စည်းလုံး ညီညွတ်မှုမရှိသေးဘဲ မြို့ပြနိုင်ငံများ အဖြစ် သူတစ်လူ ငါတမင်း အကွဲကွဲ အပြားပြား ဖြစ်နေသော ကာလ ဖြစ်သည်။
 
ထိုကာလသည် မြန်မာနိုင်ငံ၌ အင်းဝ (၁၃၆၄-၁၇၅၁) နှင့် ခေတ်ပြိုင် ဖြစ်သည်။ မိုးညှင်းစလုံ နှင့် ၄င်း၏သားဖြစ်သူ သိုဟန်ဘွားတို့ ၀င်ဖျက်သဖြင့်ဝင်ဖျက်သဖြင့် အင်းဝ ပျက်ခါနီး ကာလနှင့် တစ်ချိန်တည်းလောက် ဖြစ်သည်။ အီတလီနိုင်ငံ ဖလော့ရင့်မြို့၌ နိုင်ငံရေးပညာရှင် မက်ခီယာဗယ်လီ ပေါ်ပေါက်ချိန်သည် မြန်မာနိုင်ငံ အင်းဝခေတ်ဦး မင်းကြီးစွာစော်ကဲ (၁၃၆၇-၁၄၀၀) လက်ထက် နိုင်ငံရေးပညာရှင်ကြီး ၀န်ဇင်းမင်းရာဇာဝန်ဇင်းမင်းရာဇာ ပေါ်ထွန်းချိန်နှင့် ယှဉ်လျှင် နှစ် ၁၀၀ ခန့် နောက်ကျသည်။ စာပေ ယဉ်ကျေးမှုကဏ္ဍတွင် အင်းဝခေတ်နှောင်း ဒုတိယ မင်းခေါင် (၁၄၈၀-၁၅၀၁) လက်ထက် ပေါ်ပေါက်ခဲ့သော ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာ သီလဝံသ စသောပုဂ္ဂိုလ်ထူးများသည် မက်ခီယာဗယ်လီနှင့် ခေတ်ပြိုင် ဖြစ်သည်။ မက်ခီယာဗယ်လီ၏နိုင်ငံရေး ပညာပေးကျမ်း “မင်းသား” သည် ၁၅၁၆ ခုနှစ်တွင် ပြုစုပြီးစီးခဲ့၍ ရှင်မဟာရဋ္ဌသာရ၏ “သံဝရ” ပျို့မှာ ၁၅၂၉ တွင် ပြုစု ပြီးစီးခဲ့သည်။
 
အီတလီနိုင်ငံ၌ မက်ခီယာဗယ်လီ ကြုံတွေ့ခဲ့ရသော နိုင်ငံရေး အခြေအနေသည် ခရစ်နှစ် ၁၅၂၆ တွင် အင်းဝ ပျက်သုဉ်းပြီးနောက် တိုင်းပြည်ကစဥ့်ကလျား ဖြစ်နေချိန်မျိုးနှင့် ဆင်တူသည်။ အင်းဝတွင် သိုဟန်ဘွား၊ ပြည်မြို့တွင် နရပတိ၊ ဟံသာဝတီတွင် [[သုရှင်တကာရွတ်ပိ]]၊ တောင်ငူတွင် [[တပင်ရွှေထီး]]တို့ အသီးသီး တထီးတနန်း စိုးစံ နေကြချိန်ဖြစ်သည်။
စာကြောင်း ၅၁ -
သည် ဟူသော အယူအဆ ဖြစ်သည်။
 
ထို့ကြောင့် မက္ခယာဗေလီ၏ မင်းသားကျမ်းမှ အခြေခံမူများကဲ့သို့ ကျင့်ကြံသူကို နိုင်ငံရေးသမားကို machiavellin politician ဟု သုံးနှူန်းရေးသားလေ့ရှိသည်။ မက္ခယာဗေလီ ၀ါဒဝါဒ (machiavellism) ဟူ၍လည်း ရံဖန်ရံခါ သုံးနှူန်းကြသည်။
 
==ဆရာမောင်ဝံသ၏ အမြင်==
ယနေ့ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ကံဆိုးသူ မက်ခီယာဗယ်လီဘက်မှ တစ်စုံတစ်ယောက်က ရှေ့နေလိုက်၍ ခုခံမည်ဆိုပါလျှင် သူ၏ အမှုသည် ၁၆ ရာစု အစောပိုင်းကာလ ဖလော့ရင့်မြို့၏ နိုင်ငံရေး ပညာရှင်တစ်ဦးသာ ဖြစ်ကြောင်း၊ သူသည် သူ့မြို့(သူ့နိုင်ငံ)၏ အကျိုးစီးပွားအတွက်သာလျှင် စဉ်းစားဆင်ခြင်၍ နိုင်ငံရေး လမ်းညွှန်ကျမ်း ပြုစုခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀ ရာစုအစောပိုင်း ကာလတွင် ကမ္ဘာ
ပေါ်၌ ပေါ်ပေါက်ခဲ့သော ၀ါဒဆိုး၊ဝါဒဆိုး၊ စနစ်ဆိုးများနှင့် ယင်းတို့၏ အကျိုးဆက်များသည် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က အသက်ရှင် နေထိုင်ခဲ့သော မက်ခီယာဗယ်လီနှင့် မသက်ဆိုင်ပါကြောင်း၊ အဏုမြူဗုံးကို ထုတ်လုပ် အသုံးချခြင်းနှင့် အဏုမြူကို စိတ်ဖြာနိုင်အောင် စေ့ဆော်ခဲ့သော စွမ်းအင်နိယာမအား ဖော်ထုတ်ခဲ့သူ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းကို ဆက်စပ်၍ စွပ်စွဲချက်တင်မှု မပြုအပ်သကဲ့သို့ မက်ခီယာ
ဗယ်လီကိုလည်း နိုင်ငံရေးစနစ်ဆိုးများ၏ မူလအစ လက်သည်းတရာခံ တစ်ဦးအဖြစ် ကမ္ပည်းမထိုးသင့်ပါကြောင်း။ ထိုကြောင့် မက်ခီယာဗယ်လီအား “မသမာစဉ်းလဲသော နိုင်ငံရေးပညာကို ထူထောင်ခဲ့သူ” အဖြစ် တံဆိပ် ကပ်ထာခြင်းမှ ပယ်ဖျက်ပေးသင့်ပါကြောင်း ဟူ၍ ထုချေ လျှောက်လဲလိမ့်မည် ဖြစ်သည်။