ဦးသန့်: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၆၈ -
== နောက်ဆုံးနေ့ရက် ==
[[File:Tomb of U Thant.jpg|thumbnail|ဦးသန့်၏ အုတ်ဂူ]]
၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ဦးသန့်သည် နယူးယောက်မြို့၌ အဆုတ်ကင်ဆာဖြင့်ကွယ်လွန်ခဲ့သည်။ပါးစောင်ကင်ဆာဖြင့်ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ဆောင်ခဲ့သော်လည်း ထိုစဉ်က ပြည်တွင်းနိုင်ငံရေး အခြေအနေကြောင့် နိုင်ငံတော်အခမ်းအနားဖြင့် ဂုဏ်ပြုသင်္ဂြိုဟ်ခြင်း မပြုခဲ့ပါ။ ထိုစဉ်က သမ္မတဖြစ်သူ ဦးနေဝင်းသည် ဦးသန့်အား မြန်မာပြည်သူများက ချစ်ခင်ကြသည်ကို စိုးရိမ်၍လည်းကောင်း၊ ဦးသန့်၏မိတ်ဆွေဖြစ်သော ဦးနုမှ ဦးသန့်အကြောင်းပြကာ ဒီမိုကရေစီရေး ဆန္ဒပြမည်ကို စိုးရိမ်၍လည်းကောင်း ဦးသန့်၏ ရုပ်အလောင်းထည့်ထားသော ခေါင်းတလား ရန်ကုန်လေဆိပ်သို့ ရောက်သည့်တိုင် မည်သည့် အရာရှိမျှ လာရောက် ကြိုဆိုခြင်း မရှိခဲ့ပေ။ ဦးနေဝင်းက ဦးသန့်၏ ရုပ်အလောင်းအား အစိုးရအဖွဲ့မှ မည်သူ့ကိုမျှ မပါဝင်စေပဲ သင်္ဂြိုဟ်စေခဲ့သည်။
 
၁၉၇၄ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်နေ့တွင် ဦးသန့်အားမမြှုပ်နှံမီ နာရီအနည်းငယ်မျှအလိုတွင် အများပြည်သူ နောက်ဆုံးဂါရဝပြုနိုင်ရန် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ပြသထားသည်။ ထိုစဉ်တွင် သာမန်သုဿာန်တွင် မြှုပ်နှံမည်ကို မလိုလားကြသော ကျောင်းသားနှင့်ပြည်သူအချို့က ဦးသန့်၏ ရုပ်အလောင်းအား လုယူသွားခဲ့သည်။ ထို့နောက်ကျောင်းသားများက ဦးသန့်၏ ရုပ်အလောင်းကို ယခင် ဦးနေဝင်းမှ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနေရာဟောင်းတွင် မြှပ်နှံသင်္ဂြိုဟ်လိုက်သည်။<ref>{{cite news| url=http://www.guardian.co.uk/news/2002/dec/06/guardianobituaries |location=London |work=The Guardian | first=Martin | last=Smith | title=General Ne Win | date=December 6, 2002}}</ref>