ဂရိဒဏ္ဍာရီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး typos
စာကြောင်း ၁၄၁ -
ဂရိဒဏ္ဍာရီသည် ဂရိနှင့် ထရွိုင်တို့ကြား တိုက်ခိုက်ကြသော ထရိုဂျန်စစ်ပွဲနှင့် စစ်အပြီးကာလများတွင် အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ ဟိုးမား၏ အိလိယဒ် ကဲ့သို့သော လက်ရာများတွင် အဓိကဇာတ်လမ်းအကြောင်းရာကို ပုံသွင်းခဲ့ရာ နောက်ပိုင်းတွင်လည်း တစ်သီးတစ်ခြားအကြောင်းအရာများကိုလည်း ပိုမိုပြည့်စုံလာစေရန် ပြုလုပ်ခဲ့ကြသည်။ အထူးသဖြင့် ဂရိပြဇာတ်များ၌ ဖြစ်၏ ။ ထရိုဂျန်စစ်ပွဲသည် ရောမယဉ်ကျေးမှုတွင် စိတ်ဝင်စားမှု အကြီးအကျယ် ဖြစ်စေခဲ့သည်။ ထရိုဂျန်စစ်ပွဲ သူရဲကောင်း အင်နီးယပ်စ် ကြောင့်ဖြ၏ ။ စာရေးဆရာ ဗားဂျစ်လ်၏ 'အင်နီးယစ်ဒ်' ကဗျာအရ အင်နီးယပ်စ်သည် ထရွိုင်မြို့မှ ခရီးစဉ်ထွက်ရှိပြီး တစ်နေ့တွင် ရောမမြို့ဟု သိရှိလာမည့် မြို့တော်တည်ထောင်ခြင်းများဖြစ်ပေါ်စေခဲ့သည်။ (ဗားဂျစ်လ်၏ အင်နီးယစ်ဒ် ကဗျာ စာအုပ်အမှတ် (၂) တွင် ထရွိုင်မြို့ ဖျက်ဆီးခံရခြင်း လူသိအများဆုံးအကြောင်း ပါဝင်၏ ။)<ref name="HeliosBr">{{cite encyclopedia|title=Trojan War|encyclopedia=[[Encyclopaedia The Helios]]|year=1952}}</ref><ref name=":3">{{cite encyclopedia|title=Troy (Ancient City)|encyclopedia=Encyclopædia Britannica|date=Apr 25, 2019|origyear=1998|url=https://www.britannica.com/place/Troy-ancient-city-Turkey}}</ref> နောက်ဆုံးတွင် လက်တင်ဘာသာဖြင့် ရေးသားထားသော ထိုရာဇဝင်ကျမ်းအတုနှစ်ခုကို Dictys Cretensis နှင့် Dares Phrygius အမည်ဖြင့် လက်ဆင့်ကမ်းလာခဲ့သည်။<ref>Dunlop, John. 1842. "Romances of Chivalry" in ''The History of Fiction''. Carey and Hart. {{ISBN|978-1-149-40338-9}}. p. 355.</ref>
 
ထရိုဂျန်စစ်ပွဲ ဖြစ်စဉ်ဇာတ်လမ်းများသည် ကဗျာရှည်အစုအဝေးတစ်ခုဖြစ်ကာ စစ်ပွဲကို ဖြစ်စေသော ဖြစ်ရပ်အကြောင်းရင်းဖြင့် စတင်ထားသည်။ ယင်းအကြောင်းအရာဖြစ်စဉ်များ၌ ပဋိပက္ခနတ်ဘုရားမ အဲရစ်၊ ရွှေရောင်ပန်းသီး၊ [[ပါရိစ်]]ကို တရားစီရင်ခြင်း၊ [[ထရွိုင်မှ ဟယ်လင်|ဟဲလင်]]ကို သွေးဆောင်ခြင်း၊ အစ်ဖစ်ဂျနိုင်းယာသည် အောလစ်မြို့၌ စွန့်လွှတ်အနစ်နာခံခြင်း စသည်တို့ပါဝင်သည်။ ဟဲလင်ကို ပြန်လည်ကယ်တင်ရန် မန်နစ်လေးယပ်စ်နှင့် ညီအကိုတော်သူ အားဂေါ့စ် (သို့) မိုက်ဆီးနီ ဘုရင် အဲဂါမန်းနန်၏ အမိန့်ညွှန်ကြားမှုဖြင့် ဂရိတို့သည် စစ်တပ်ကြီးတစ်ခုကို စေလွှတ်ခဲ့ခဲ့ကြသည်။ သို့သော် ထရွိုင်သားများ (ထရိုဂျန်များ) က ဟဲလင်ကို ပြန်ပေးရန် ငြင်းဆိုကြသည်။ အိလိယဒ်ကဗျာသည် စစ်ပွဲစတင်ပြီး ဆယ်နှစ်မြောက်ကာလတွင် စတင်၍ ဂရိတို့၏ အထူးချွန်ဆုံး စစ်သည်တော် [[အာခိလိစ်အာခိလိ|အာခိလိဇ်]]နှင့် အဲဂါမန်းနန်တို့ကြား သဘောထားကွဲလွဲ ခိုက်ရန်များကို ဖော်ပြထားပြီး အာခိလိစ်၏ ချစ်လှစွာသော ရဲဘော် 'ပါထရောကလပ်စ်' နှင့် ထရွိုင်ဘုရင် ပရိုင်းယန်၏ ချစ်စွာသောသား 'ဟက်တာ' တို့၏ နောက်ဆက်တွဲ သေဆုံးခြင်းများကိုလည်း ဖော်ပြရေးသားထားသည်။ ဟက်တာ သေဆုံးပြီးနောက် ထရိုဂျန်များကို တိုင်တပါးမဟာမိတ်တပ်နှစ်တပ်ဖြစ်သည့် အဲမဇန်ဘုရင်မ 'ပန်သက်စစ်လီးယာ' နှင့် အရုဏ်ဦးနတ်ဘုရားမ အီးယော့စ်၏ သား အီသီယိုးပီးယားဘုရင် မန်းနွန်တို့က လာရောက်ပူးပေါင်းခဲ့သည်။<ref name=":3" /> အာခိလိစ်က ထိုနှစ်ဦးစလုံးကို သတ်ဖျတ်ခဲ့သော်လည်း ထို့နောက် ပါရိစ်က အာခိလိစ်ကို ခြေဖနောင့်၌ မြားဖြင့်ပစ်သတ်နိုင်ခဲ့သည်။ အာခိလိစ်၏ ခြေဖနောင့်သည် လူသားတို့၏ လက်နက်ဖြင့် ထိခိုက်အောင်လုပ်နိုင်သော တစ်ခုတည်းသော နေရာဖြစ်သည်။ ထရွိုင်မြို့ကို မသိမ်းနိုင်ခင် ဂရိတို့သည် ရဲတိုက်မှ ပေါလက်စ် အသီးနာ၏ နတ်ဘုရားရုပ်တုကို ခိုးယူခဲ့ကြသည်။ နောက်ဆုံးတွင် အသီးနာ၏ အကူအညီဖြင့် ထရိုဂျန်မြင်း ကိုတည်ဆောက်ခဲ့ကြ၏ ။ ပရိုင်းယန်၏ သမီး ကာဆန်ဒြာက သတိပေးသော်လည်း ဂရိဖက်မှ တပ်ပြေး အယောင်ဆောင်ဖြစ်သူ ဆီးနွန်က ထရိုဂျန်များကို အသီးနာနတ်ဘုရားမကို တင်လှူပူဇော်ရန်အတွက် ထိုမြင်းရုပ်ကြီးကို တံတိုင်းအတွင်းသို့ ယူရန် တိုက်တွန်းခဲ့လေသည်။ ထိုစဉ် ထရိုဂျန်နတ်ဆရာ 'လေးယောခိုးယွန်'က ထိုမြင်းရုပ်ကို ဖျက်ပစ်ရန်ကြိုးစားခဲ့သော်လည်း ပင်လယ်မြွေနဂါးနှစ်ကောင်က သတ်ပစ်ခဲ့သည်။ ညရောက်သော် ဂရိတပ်များပြန်လာခဲ့ကြပြီး မြင်းရုပ်အတွင်ရှိ ပါလာသော ဂရိများက မြို့တံခါးကို ဖွင့်ပေးခဲ့သည်။ ထို့နောက်ဖြစ်လာသော အကြောင်းရာများတွင် ပရိုင်းယန်နှင့် ကျန်သောသားများကို သုတ်သင်ခြင်း၊ ထရိုဂျန်မြို့သူများ ဂရိတခွင်ရှိမြို့များတွင် ကျွန်ဖြစ်လာခြင်းများ ဖြစ်သည်။ ဂရိခေါင်းဆောင်များဖြစ်သော အိုဒစ်ဆီးယပ်စ်နှင့် အင်နီးယပ်စ်တို့၏ စွန့်စွန့်စားစား အိမ်ပြန်ခရီးစဉ်များ၊ အဲဂါမန်းနန် အသတ်ခံရခြင်း အကြောင်းများကို ကဗျာရှည်နှစ်ပုဒ်တွင် ရေးသားထားကြ၏ ။ အပြန် (သို့) ဂရိတို့၏ အိမ်အပြန် (the Returns, ယခုပျောက်ဆုံးနေသော စာပေ ) နှင့် ဟိုးမား၏ အော့ဒဆီ ကဗျာနှစ်ပုဒ်တွင် ဖြစ်သည်။<ref name="HeliosBr" />ထရိုဂျန် ဖြစ်ရပ်တွဲ ဖြစ်စဉ်များတွင် ထရိုဂျန်သား မျိုးဆက်များ၏ စွန့်စားခန်းများလည်း ပါဝင်ရာ ဥပမာအားဖြင့် အောရက်စ်တီးဇ် နှင့် တစ်လဲမကပ်စ် (၎င်းတို့၏ စွန့်စားခန်းများ) တို့ဖြစ်ကြသည်။<ref name=":3" />
ထရိုဂျန်စစ်ပွဲသည် များစွာသော အကြောင်းအရာများကို ထောက်ပံ့ထားပြီး ရှေးခေတ် ဂရိပန်းချီ၊ ပန်းပုဆရာများအတွက် စိတ်ကို လှုံဆော်ပေးနိုင်သော အဓိကရင်းမြစ်တစ်ခုလည်း ဖြစ်သည် (ဥပမာ ထရွိုင်မြို့ ပျက်စီးခြင်းကို မှုန်းချယ်ထားသော အသီးနာဘုရားကျောင်း 'ပါးသစ်နန်' (Parthenon) ရှိ နံရံဖောင်းကြွရုပ်တုများ (metope) )။ ထရိုဂျန် ဇာတ်လမ်းတွဲများမှ ယူငင်ထားသော အကြောင်းအရာများကို ပန်ချီ ပန်ပုပညာရှင်များ၏ နှစ်သက်မှုသည် ရှေးခေတ်ဂရိ ယဉ်ကျေးမှုကို ညွှန်းဆိုနေခြင်းဖြစ်ပေသည်။<ref name="HeliosBr" /> ဤအကြောင်းအရာ ဒဏ္ဍာရီဖြစ်ရပ်သည် နောက်ပိုင်း ဥရောပစာအရေးအသားများစွာတွင်လည်း စေ့ဆော်မှုများ ပေးနိုင်ခဲ့၏ ။ နမူနာအနေဖြင့် ထရိုဂျန်အကြောင်း အလယ်ခေတ် ဥရောပစာရေးဆရာများသည် ဟိုးမား(စာပေ)နှင့် တိုက်ရိုက်အသိအားဖြင့် ရင်းနှီးကျွမ်းဝင်မှုမရှိကြဘဲ ထရွိုင်ရာဇဝင်ကို သူရဲကောင်းရေးရာနှင့် ဆွတ်ပျံ့ကြည်နူးဖွယ် ဇာတ်လမ်း၊ ၎င်းတို့လက်ခံထားသည့် မဟာဆန်သော၊ သူရဲကောင်းဆန်သော စံနှုန်းများနှင့် ကွက်တိဝင်သည့် အထူးသင့်လျှော်သော ဇာတ်အိမ်တစ်ခုအဖြစ် တွေ့ရှိခဲ့ကြသည်။ ၁၂ ရာစု စာရေးဆရာများဖြစ်သော ဘန်နွား ဒီ ဆန့်-မောရ် (Benoît de Sainte-Maure ) ၏ ထရွိုင်မှ ချစ်ဇာတ်လမ်းများ (Roman de Troie; Romance of Troy, 1154–60) ၊ အက်ဇစ်တာမြို့မှ ဂျိုးဇက် (ဇစ်) (Joseph of Exeter) ၏ "ထရိုဂျန်စစ်ပွဲတွင်" (De Bello Troiano; On the Trojan War, 1183) စသည့်စာအုပ်များသည် ''Dictys'' နှင့် ''Dares'' ကဗျာများမှ တွေ့ရှိရသော မူကိုပြန်လည်ရေးသား၍ စစ်ပွဲအကြောင်း ဖော်ပြထားကြသည်။ ၎င်းတို့သည် ရောမစာရေးဆရာ ဟောရစ်၏ အကြံစိတ်ကူးနှင့် ဗားဂျစ်လ်၏ နမူနာများကို အတုယူ၍ လုံးဝမတူကွဲပြားသော ဇာတ်လမ်းအသစ်တစ်ပုဒ်ကို ပြေဆိုခြင်းအစား ထရွိုင်အကြောင်းကို (ထိုသို့) ပြန်လည်ရေးသားခဲ့ကြသည်။<ref>Kelly, Douglas. ''The Conspiracy of Allusion''. p. 121.</ref>
စာကြောင်း ၁၅၆ -
*မန်နစ်လေးယပ်စ်
*အိုဒစ်ဆီးယပ်စ်
 
==ဒဏ္ဍာရီနှင့်ပတ်သက်၍ ဂရိနှင့် ရောမတို့၏ အယူအဆများ==
ဒဏ္ဍာရီသည် ရှေးခေတ်ဂရိသားများ နေ့စဉ်ဘဝ၏ အလျက်အချာနှလုံးအိမ်ဖြစ်သည်။<ref name="Johnson17" />{{Rp|15}} ဂရိတို့သည် ဒဏ္ဍာရီကို ၎င်းတို့၏ သမိုင်းအစိတ်အပိုင်းတစ်ခုအဖြစ် ခံယူထားခဲ့ကြကာ သဘာဝဖြစ်ရပ် ဖြစ်စဉ်များ၊ ယဉ်ကျေးမှု မူကွဲပုံစံများ၊ ရိုးရာစဉ်ဆက် ရန်လိုမှုများနှင့် ရင်းနှီးခင်မင်မှုများကို ရှင်းလင်းပြသရန်အတွက် ဒဏ္ဍာရီကြောင်းရာများကို အသုံးပြုခဲ့ကြသည်။ ဒဏ္ဍာရီလာ သူရဲကောင်းတစ်ဦး (သို့) နတ်ဘုရားတစ်ပါးမှ ပေါ်ပေါက်လာသော ခေါင်းဆောင်များ၏ မျိုးဆက်အနွယ်ကို ခြေရာခံနိုင်သော ဂုဏ်ယူဝင့်ကြွားရသည့် ရင်းမြစ်တစ်ခုလည်း ဖြစ်ပေသည်။ အိလစ်ယဒ်နှင့် အော့ဒဆီ ကဗျာများတွင်ပါရှိသော ထရိုဂျန်စစ်ပွဲပါ အကြောင်းအရာများ၏ နောက်ကွယ်တွင် အမှန်တရား(တစ်ခု)ရှိသည် ဟူသောအချက်ကို သံသယဝင်သူ မရှိသလောက်ပင်ဖြစ်၏ ။ အမေရိကန် စစ်ရေးဆိုင်ရာ သမိုင်းဆရာနှင့် ဂန္ထဝင်ဘာသာရပ် ပါမောက္ခဟောင်း ဗစ်တာ ဒေးဗစ် ဟန်ဆန်နှင့် ဂန္ထဝင်ဘာသာရပ် ပါမောက္ခ ဂျွန်ဟိ(သ်) အရဆိုလျှင် ဂရိလူမျိုးတို့သည် ဟိုးမားကဗျာလင်္ကာများနှင့်ပတ်သက်၍ နက်နဲသောအသိပညာသည် ၎င်းတို့၏ မတူညီသော ပတ်ဝန်းကျင်၌ အံ့ဝင်ခွင်ကျနေထိုင်နိုင်မှု၏ အခြေခံအကြောင်းတရားဖြစ်သည်ဟု ယူဆကြသည်။ ဟိုးမားသည် "ဂရိ၏ ပညာရေး" ဖြစ်ကာ ၎င်း၏ကဗျာများသည် "စာအုပ်(စာပေ)" များဖြစ်ကြ၏ ။<ref name="Hanson37">[[Victor Davis Hanson|Hanson, Victor Davis]], and John Heath. 1999. ''Who Killed Homer'', with translations by R. Karakatsani. Kakos. {{ISBN|978-960-352-545-5}}. p. 37.</ref>
 
===ဒဿန နှင့် ဒဏ္ဍာရီ===
[[File:Plato-raphael.jpg|thumb|left|[[Raphael]]'s Plato in ''[[The School of Athens]]'' fresco (probably in the likeness of [[Leonardo da Vinci]]). The philosopher expelled the study of Homer, of the tragedies and the related mythological traditions from his utopian ''Republic''.]]
ဒဿနပညာရပ်၊ သမိုင်း၊ စကားပြေနှင့် ကြောင်းကျိုးဆင်ခြင်မှု အဓိကဝါဒ (rationalism]) တို့သည် ဘီစီ ငါးရာစုနှောင်းတွင် ပေါ်ထွန်းလာခဲ့ပြီးနောက် ဒဏ္ဍာရီ၏ ကံကြမ္မာသည် မရေမရာဖြစ်လာကာ ('သူးဆစ်ဒစ်ဒီးဇ်'၏ သမိုင်းကဲ့သို့) သဘာဝလွန်ဖြစ်ရပ်များကို ဖယ်ရှားရန်ကြိုးစားခဲ့သော သမိုင်းအယူအဆများကို ဒဏ္ဍာရီလာ မျိုးရိုးစဉ်ဆက် ဆင်းသက်ခြင်းများသည် နေရာဖယ်ပေးခဲ့ရသည်။<ref name="Griffin80">[[Jasper Griffin|Griffin, Jasper]]. 1986. "Greek Myth and Hesiod" in ''The Oxford Illustrated History of Greece and the Hellenistic World'', edited by [[John Boardman (art historian)|J. Boardman]], J. Griffin, and [[Oswyn Murray|O. Murray]]. New York: [[Oxford University Press]]. {{ISBN|978-0-19-285438-4}}. p. 80.</ref> တစ်ဖက်၌ ကဗျာဆရာ၊ ပြဇာတ်ဆရာများက ဒဏ္ဍာရီကို ပြန်လည် ပြုစုလုပ်ကိုင်ကြစဉ် အခြားတစ်ဖက်၌ ဂရိ သမိုင်းပညာရှင်များ၊ အတွေးခေါ်ပညာရှင်များက ၎င်းတို့ကို စတင်ဝေဖန်လာခဲ့ကြပေသည်။<ref name="Miles7" />
 
ကော့လာဖန်မြို့မှ ဇန်နော့ဖာနီးဇ် (Xenophanes) ကဲ့သို့သော တော်လှန်လိုသည့် အတွေးခေါ်ပညာရှင်အနည်းငယ်တို့သည် ဘီစီ ခြောက်ရာစုမတိုင်မီကပင် ကဗျာဆရာများ၏ ဇာတ်လမ်းပုံပြင်များကို ဘာသာရေးအားစော်ကားသော မုသားများအဖြစ် တံဆိပ်ကပ်ရန် စတင်ပြုလုပ်ခဲ့ကြလေသည်။ ယင်း၌ ဇန်နော့ဖာနီးဇ်က ဟိုးမား၊ ဟီးဆီးယဒ်တို့သည် နတ်ဘုရားများကို ဖြစ်စေသည် (ဆိုလိုသည်မှာ နတ်ဘုရားများသည် ယင်းဆရာနှစ်ဦးကြောင့် ဖြစ်လာသည်။) ။ "''ဒါတွေအားလုံးက လူသားတို့ကြားမှာ တကယ့်ရှက်စရာ၊ သိက္ခာကျစရာပဲဗျ။ ဘာလို့လဲဆိုတော့ (သူတို့ဖန်တီးလိုက်တဲ့) နတ်ဘုရားတွေဟာ အဒိန္နဒါနာ၊ ကာမေသုမိစ္ဆာစာရာနဲ့ မုသာဝါဒါလို လိမ်လိုက်လှည့်စားမှုတွေကို အချင်းချင်း ကျူးလွန်နေကြတယ်ဗျာ။''"<ref name="Graf200" />{{Rp|169-70}} ဤသို့သော စဉ်းစားပုံနည်းလမ်းမျိုးသည် [[ပလေးတိုး]]၏ 'သမ္မတနိုင်ငံ' နှင့် 'ဥပဒေသ' ဆိုသည့် စာပေများတွင် အခြေခံအကျဆုံး ဖော်ပြချက်များကို ဖြစ်ပေါ်သွားစေသည်။ ပလေးတိုးသည် ၎င်း၏ ပုံဆောင်ခိုင်းနှိုင်းထားသော ကိုယ်ပိုင်ဒဏ္ဍာရီများကို ဖန်တီးခဲ့၍ ယခင် ရိုးရာစဉ်ဆက် နတ်ဘုရားတို့၏ လှည့်စားမှု၊ ခိုးယူခြင်း၊ သားမယား ဖောက်ပြန်မှုများကို ကိုယ်ကျင့်သီလ မစင်ကျယ်မှုများအဖြစ် တိုက်ခိုက်ခဲ့၏ ။ စာပေ၏ အဓိကနေရာယူသူများဆိုသည့်အချက်ကိုလည်း ကန့်ကွက်ခဲ့သည်။<ref name="Miles7" /> ပလေးတိုး၏ ဝေဖန်တိုက်ခိုက်မှုသည် ဟိုးမား၏ ဒဏ္ဍာရီလာ ရိုးရာအလေ့အထကို ပထမဆုံး နက်နက်နဲနဲစိန်ခေါ်မှု တစ်ခုဖြစ်ခဲ့ပြီး<ref name="Hanson37" /> ထိုဒဏ္ဍာရီများကို 'ဘွားတော်ကြီးများ၏ အလာပ သလာပ ရောက်တတ်ရာရာစကားများ' ဟူ၍ ရည်ညွှန်းဖော်ပြခဲ့သည်။<ref name="The176b">Plato, ''Theaetetus'', [http://www.perseus.tufts.edu/hopper/text.jsp?doc=Plat.+Theaet.+176b&fromdoc=Perseus%3Atext%3A1999.01.0170 176b]</ref>
 
ထိုအတွက် တပည့်ဖြစ်သူ [[အရစ္စတိုတယ်|အရစ္စတိုတယ် (အရစ်တော့တယ်လ်)]] က ဆိုကရေးတီး (ဆော့ခရာတီးဇ်) မတိုင်မီ 'အယောင်ဆောင်ဒဏ္ဍာရီ'နှင့်ပတ်သက်၍ အတွေးခေါ်ပညာရပ်မှ ချဉ်းကပ်လေ့လာပုံကို ဝေဖန်ခဲ့ပြီး ဤသို့ အလေးအနက်ပြောဆိုခဲ့သည်။ "''ဟီးဆီးယဒ်နဲ့ ဘာသာရေးစာရေးဆရာတွေပေါ့။ သူတို့ကိုယ် သူတို့လောက်ပဲ ယုတ္တိတန် မှန်နိုင်ချေရှိတဲ့ကိစ္စတွေမှာ စိတ်ဝင်စား ဂရုပြု(ရေး) ကြတယ်။ ကျုပ်တို့ကို (ကျွန်ုပ်တို့လို အခြားလူများကို) လေးစားမှု မရှိကြဘူး။. . . ဒါပေမယ့်လို့ ဒဏ္ဍာရီဟန်နဲ့ ဝံ့ကြွားကြွားပြသတတ်တဲ့ သူတွေကို စာရေးဆရာတွေလို့ လေးလေးနက်နက် ယူဆခြင်းကတော့ မထိုက်တန်လှပါဘူးဗျာ။ သူတို့ဆိုတာ၊ ရေးတာ အမှန်ပါလို့ သက်သေပြဖို့ တကယ်ဆက်လက် လုပ်ဆောင်ကြတဲ့ သူတွေအဖို့တော့ ကျုပ်တို့တွေက သူတို့ပြောတဲ့ဟာတွေကို အတိအကျကို စမ်းစစ်မှရမယ်။ ''"<ref name="Griffin80" />
 
မည်သို့ပင်ဆိုစေကာမူ ပလေးတိုးသည် ၎င်းကိုယ်တိုင်နှင့် ၎င်း၏ အဖွဲ့အစည်းများကို ဒဏ္ဍာရီလွှမ်းမိုးမှုမှ ကင်းလွတ်အောင် ပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၎င်း၏ ဆရာသခင် [[ဆိုကရေးတီး]]၏ စရိုက်ကို ခွဲခြားဖော်ပြရာတွင် ရိုးရာစဉ်ဆက် ဟိုးမားနှင့် အလွမ်းအဆွေး စာသားများအပေါ် အခြေခံ၍ ၎င်းဆရာ၏ မြင့်မြတ်မှန်ကန်သော ဘဝကို ချီးကျူးဖော်ပြခဲ့သည်။ ရေးသားပုံမှာ :<ref name="Apology28b-d">Plato, ''Apology'', [http://www.perseus.tufts.edu/hopper/text.jsp?doc=Plat.+Apol.+28b&fromdoc=Perseus%3Atext%3A1999.01.0170 28b-d]</ref>
{{quote|''ဆိုကရေးတီး ခင်ဗျား ဒီလိုပညာရပ်တွေကို လေ့လာလိုက်စားမိတဲ့အတွက် မရှက်ဘူးလား။ ဘာလို့လဲဆိုတော ခင်ဗျားဟာ အခုဆို ရလဒ်အနေနဲ့ သေဒဏ်ပေးခံရနိုင်တယ်လို့ တစ်စုံတစ်ယောက်က ပြောကောင်းပြောမယ်ဗျာ။ ဒါပေမယ့် အဲလိုမေးမယ် ပြောမယ်ဆို အဖြေလေးကို ဒီလို ပြန်ပြောသင့်တာ "ခင်ဗျား ပြောနေတာ မဟုတ်သေးဘူးလေ။ လူတစ်ယောက်၊ သူ့ဆီမှာ ကုသိုလ်တရားနည်းနည်းရှိမယ်။ အဲဒီလူက အသက်အန္တရာယ်ရှိမှု၊ သေခြင်းတရားကို စဉ်းစားသင့်တယ်တယ်လို့ ခင်ဗျား ထင်နေသလားဗျ။ အဲဒီလို ထင်မယ်ဆို ဒါတင် စဉ်းစားဖို့ကောင်းတာ မဟုတ်သေးဘူး။ အဲဒီသူ အလုပ်လုပ်ဆောင်တာတွေကိုပါ ထည့်တွက်ရမှာ။ သူလုပ်တာ ကောင်း၏ (သို့) မကောင်း၏ ပြီးတော့ လူကောင်းတစ်ယောက်ရဲ့ လုပ်ရပ်လား ဒါမှမဟုတ် လူဆိုးတစ်ယောက်ရဲ့ လုပ်ရပ်လား စသဖြင့်ပေါ့ဗျာ။ ခင်ဗျားလာပြီး အငြင်းပွားတဲ့ကိစ္စအတွက်ဆိုရင်... ကြည့်လေ... ထရွိုင်မြို့မှာ သေသွားတဲ့ နတ်တစ်ပိုင်း လူတစ်ပိုင်းတွေ၊ [[တက်သစ်]]ရဲ့ သား (အာခိလိစ်) အပါအဝင်နော်... အဲဒီသူတွေဆို လူဆိုးတွေချည်းဖြစ် သွားလိမ့်မယ်။ တက်သစ်သားဆို ဂုဏ်သိက္ခာကျသွားမှာနဲ့ နှိုင်းစာရင် အန္တရာယ်ဆိုတာကို မထီလေးစား သဘောထားတာ။ ဘယ်လောက်ထိ သဘောထားသလဲဆိုရင် ... သူ့အမေ (နတ်သမီး) က သူ့သားဟာ 'ဟက်တာ'ကို သတ်ဖို့ စိတ်လောနေလို့ ဒီလိုလေးတောင်ပြောတယ် ထင်တယ်။
 
:ငါ့သားတော်... မင်းမိတ်ဆွေ 'ပါ့ထရောကလပ်စ်' ရဲ့သေခြင်းအပေါ် အာဃာတနဲ့ ပြန်လက်စားချေမယ်ဆို မင်းကိုယ်တိုင်သည်ပင်လျှင် သေရလိမ့်ချေမည်။ ဟက်တာပြီးနောက် သေခြင်းတရားက မင်းကို ချက်ချင်းရွေးချယ်မည် ဖြစ်ချေသည်။ (Hom. Il. 18.96)
 
အဲဒါလဲကြားရော သူက သေခြင်းနဲ့ အန္တရာယ်ကို ပေါ့ပျက်ပျက်သဘောထားခဲ့တယ်။ သူရဲဘောကြောင်သူတစ်ဦးလို နေထိုင်ရမှာ၊ သူ့မိတ်ဆွေအတွက် လက်စားမချေရမှာကို ပိုပြီး ကြောက်ရွံ့ခဲ့တယ်။
 
:အမှားကျူးလွန်သူအပေါ် လက်စားချေခြင်းပြုပြီးနောက် ကျွန်ုပ်လည်း ချက်ချင်းသေရနိုင်သည်လော... ဒါဆို ဒီမှာ (ကမ္ဘာမြေ) ကျွန်ုပ် မနေနိုင်တော့ပါဟု ကမ္ဘာမြေရဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်တဲ့ လကွေးပုံသင်္ဘောကြီး (ရှေးခေတ်ဂရိပုံစံသင်္ဘော) တစ်ခုဘေးတွင် (ရူးကြောင်ကြောင်) လှောင်ရယ်နေပေ​တော့သည်။}}
ဟန်ဆန်နှင့် ဟိ(သ်) တို့က ပလေးတိုး၏ ဟိုးမားရိုးရာအယူအဆများကို လက်မခံခြင်းကို ဂရိယဉ်ကျေးမှုအဖွဲ့အစည်းမှ သာမန်ပုဂ္ဂိုလ်များက အကြိုက်မတွေ့ခဲ့ကြဟူ၍ ခန့်မှန်းသည်။<ref name="Hanson37" /> ရှေးကျသော ဒဏ္ဍာရီများကို ဒေသဆိုင်ရာ ယုံကြည်ကိုးကွယ်မှုများတွင် ရှင်သန်စေခဲ့ကြရာ ထိုဒဏ္ဍာရီသည် ကဗျာများအပေါ် ဆက်လက် ဩဇာသက်ရောက်ခဲ့ကြပြီး ပန်းချီ၊ ပန်းပုနယ်ပယ်များတွင် အဓိကကြောင်းရာဖြစ်လာခဲ့ပေသည်။<ref name="Griffin80" />
 
ပို၍မျှမျှတတဖြင့် အလွမ်းဇာတ်ဆရာ [[ယူရစ်ပီးဒီး|ယူရစ်ပစ်ဒီးဇ်]]က ရှေးရိုးရာစဉ်ဆက်များကို မကြာခဏဆိုသလို ထိတွေ့ကိုင်တွယ်ကာ လှောင်ပြောင်ခြင်း၊ ဇာတ်ကောင်များမှတစ်ဆင့် သံသယဆန်သောမှတ်ချက်များကို ထည့်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ၎င်းပြဇာတ်များကို ဒဏ္ဍာရီမှ အကြွင်းမဲ့ ယူ၍ဖွဲ့ဆိုခဲ့သည်။ ထိုပြဇာတ်အများအပြားသည် တူညီသော (သို့) ခပ်ဆင်ဆင်တူသော ယခင်ရေးဖွဲ့သူများ၏ လက်ရာကို တုံ့ပြန်မှုသဘောအရ ရေးသားထားခြင်းဖြစ်သည်။ ယူရစ်ပစ်ဒီးဇ်သည် နတ်ဘုရား ဒဏ္ဍာရီများနှင့်ပတ်သက်၍ အဓိကအားဖြင့် ယုံမှားသံသယရှိ၏ ။ ကန့်ကွက်မှုများဖြင့် ဝေဖန်ရာ အတွေးခေါ်ဆရာ ဇန်နော့ခရာတီးဇ် ဖော်ပြမှုများနှင့်ဆင်တူသည်။ "နတ်ဘုရားများသည် ရိုးရာစဉ်ဆက် တင်ပြမှုအတိုင်းဆိုလျှင် အတော်ကြီးကို အသိဉာဏ်မဲ့ လူသားဂုဏ်အင်ရှိသူများဖြစ်သည်။"<ref name="Graf200" />{{Rp|169-70}}
 
==မှတ်စု==