ဆွေးနွေးချက်:မိုးကုတ်တရား: တည်းဖြတ်မှု မူကွဲများ

Latest comment: ပြီးခဲ့သည့် ၃ နှစ် by Aungookingofcelestials
"ကျွန်တော့်အနေန..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
(ကွဲပြားမှု မရှိ)

၁၅:၄၄၊ ၂၈ စက်တင်ဘာ ၂၀၂၀ က နောက်ဆုံး တည်းဖြတ်မူ

ကျွန်တော့်အနေနဲ့ ဒီဆောင်းပါမှာ ဆီလျှော်တာဆိုလို့ ပုံတစ်ခုပဲရှိတယ် (personally)။ ခေါင်းစဉ်ကို မဆီလျော်ဟု ထင်ပါတယ်။ အခြား ပိုမိုသင့်လျော်တဲ့ နာမည်လေးတစ်ခုရှိရင် စဉ်းစား ပြောင်းပေးကြပါရန်။ ဥပမာ မိုးကုတ်လမ်းစဉ်၊ မိုးကုတ်ဆရာတော်ကြီး၏ ဥပနိဿယ (သို့) နည်းလမ်း၊ မိုးကုတ်ဝိပဿနာ ကျင့်စဉ်(နည်းလမ်း). . . စသဖြင့်ပါ။ ပိုကောင်းတဲ့နာမည် ရှိနိုင်ပါလိမ့်မယ်။ မိုးကုတ်တရား မဟာစည်တရား ဖားအောက်တရား လယ်တီတရား ဂိုအင်ကာတရား. . . စသဖြင့် ကြားရ ဖတ်ရရင် sense တစ်မျိုးဖြစ်နေသလားလို့။ ကိုယ်ပဲဖြစ်သလားမသိဘူး။ ဘယ်ဆရာတော်ပဲ ဟောဟော ဗုဒ္ဓတရားမို့ အပြင်မှာ အလွယ်ခေါ်ကြသော်လည်း ဒီမှာ သင့်သင့်တဲ့နာမည်လေးတစ်ခု ရှိရင် ပိုကောင်းပါ့မယ်။

ပါဝင်တဲ့အကြောင်းအရာတွေက how to တွေဖြစ်နေတာ wiki ပုံစံ ဘောင်မဝင်ဘူးထင်တယ်။ တိတိကျကျသိချင်ရင် ဆိုင်ရာ တရားစခန်းဝင်၊ တရားစာအုပ် ဝယ်ဖတ်တာ အကောင်းဆုံးပါ။ ပါဝင်သင့်သည်က နိဒါန်း သမိုင်းကြောင်း ဆရာတော်ကြီးရဲ့ လမ်းစဉ်သဘော အကျဉ်းချုပ် (သို့) စက်ဝိုင်းအကြောင်း အကျဉ်ချုပ် စာပိုဒ်များ၊ သုံးသပ်ချက်တို့ ခေတ်သစ်ကာလ အကျိုးသက်ရောက်မှု တို့ စသဖြင့်ပါ။ အချို့သော ရှေးက မစိစစ်ရသေးသော အကြောင်းရာ ၊ စာသားသုံးစွဲမှုအချို့က ဝိနိစ္ဆယနဲ့ နဲနဲမလွတ်တာတွေရှိနိုင်ပါတယ်။ ဒီထဲမှာ အဲဒါတွေပါရင် မကောင်းပါဘူး။ ကျွန်တော်တို့လည်း ကျွမ်းကျင်သူမဟုတ်တော့ လိုက်စစ်ဖို့ မဖြစ်နိုင်ပါ။ how to များဖြုတ်ရန် သင့်ပါသည်။

​ကျွန်တော်ကိုယ်တိုင်လည်း လောလောဆယ် ဆောင်းပါးကို ဝင်ရောက် တည်းဖြတ် ပိုမိုကောင်းမွန်အောင် မလုပ်နိုင်သေးပါ။ ဒါ့ကြောင့် ဒီဆွေနွေးချက်ကို contribute လုပ်ချင်သော editors များအတွက် ဆွေးနွေးချက်တစ်ခုအနေနှင့်သာ ထားရန်ဖြစ်ပါတယ်။ Aungookingofcelestials (ဆွေးနွေး) ၁၅:၄၄၊ ၂၈ စက်တင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

စာမျက်နှာ "မိုးကုတ်တရား" သို့ ပြန်သွားရန်။