ဂရိဒဏ္ဍာရီ: တည်းဖြတ်မှု မူကွဲများ

မှတ်စု တစ်ခုထည့် (ဖတ်တဲ့သူက ဘာတွေရေးထားမှန်း အရိပ်အမြွက်သိစေရန်)→‎ဒဿန နှင့် ဒဏ္ဍာရီ
စာကြောင်း ၁၇၉ -
 
ပို၍မျှမျှတတဖြင့် အလွမ်းဇာတ်ဆရာ [[ယူရစ်ပီးဒီး|ယူရစ်ပစ်ဒီးဇ်]]က ရှေးရိုးရာစဉ်ဆက်များကို မကြာခဏဆိုသလို ထိတွေ့ကိုင်တွယ်ကာ လှောင်ပြောင်ခြင်း၊ ဇာတ်ကောင်များမှတစ်ဆင့် သံသယဆန်သောမှတ်ချက်များကို ထည့်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ၎င်းပြဇာတ်များကို ဒဏ္ဍာရီမှ အကြွင်းမဲ့ ယူ၍ဖွဲ့ဆိုခဲ့သည်။ ထိုပြဇာတ်အများအပြားသည် တူညီသော (သို့) ခပ်ဆင်ဆင်တူသော ယခင်ရေးဖွဲ့သူများ၏ လက်ရာကို တုံ့ပြန်မှုသဘောအရ ရေးသားထားခြင်းဖြစ်သည်။ ယူရစ်ပစ်ဒီးဇ်သည် နတ်ဘုရား ဒဏ္ဍာရီများနှင့်ပတ်သက်၍ အဓိကအားဖြင့် ယုံမှားသံသယရှိ၏ ။ ကန့်ကွက်မှုများဖြင့် ဝေဖန်ရာ အတွေးခေါ်ဆရာ ဇန်နော့ခရာတီးဇ် ဖော်ပြမှုများနှင့်ဆင်တူသည်။ "နတ်ဘုရားများသည် ရိုးရာစဉ်ဆက် တင်ပြမှုအတိုင်းဆိုလျှင် အတော်ကြီးကို အသိဉာဏ်မဲ့ လူသားဂုဏ်အင်ရှိသူများဖြစ်သည်။"<ref name="Graf200" />{{Rp|169-70}}
 
===ဟဲလင်နစ်စတစ်ခေတ်နှင့် ရောမခေတ် ဆင်ခြင်တုံတရားဝါဒ ===
[[File:CiceroBust.jpg|thumb|upright|left|[[Cicero]] saw himself as the defender of the established order, despite his personal skepticism concerning myth and his inclination towards more philosophical conceptions of divinity.]]
ဟဲလင်နစ်စတစ်ခေတ်အတွင်း ဒဏ္ဍာရီတွင် အထက်တန်းကျသော အသိပညာရပ်၏ ဂုဏ်အရည်အသွေးများရှိခဲ့ရာ ထိုအထက်တန်းကျသောအသိပညာရပ်ကို အထက်တန်းလွှာ လူတန်းစားကသာ ပိုင်ဆိုင်သည်ဟူသော အနေအထားလည်းရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ဂန္ထဝင်ခေတ်၏ သံသယရှိဖွယ် အလှည့်အပြောင်းသည်လည်း အလွန်သိသိသာသာဖြစ်လာခဲ့သည်။<ref name="Gale89">Gale, Monica R. 1994. ''Myth and Poetry in Lucretius''. Cambridge: [[Cambridge University Press]]. {{ISBN|978-0-521-45135-2}}.</ref>{{Rp|89}} ဂရိ ဒဏ္ဍာရီ စုဆောင်းပြုစုသူ ယူဟီးမရပ်စ် သည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များနှင့် ဖြစ်ရပ်များအတွက် စစ်မှန်သော သမိုင်းအခြေခံများကို ရှာဖွေသည့် အလေ့အထတစ်ခုကို အတည်တကျဖြစ်ပေါ်စေခဲ့သည်။<ref name="BrEuh">{{cite encyclopedia|title=Euhemerus|encyclopedia=Encyclopædia Britannica|date=Jan 3, 2020|url=https://www.britannica.com/biography/Euhemerus-Greek-mythographer|origyear=1998}}</ref> ၎င်း၏ မူလလက်ရာ ("မြင့်မြတ်သော ကျမ်းစာများ") စာပေသည် ယခု ပျောက်ဆုံးနေပြီဖြစ်သော်လည်း ထိုစာပေအကြောင်း အများအပြားကို ဒိုင်ယာဒေါရပ်စ် နှင့် လက်တန်းရှပ်စ်တို့၏ မှတ်တမ်းတင်ထားမှုများမှတဆင့် သိရှိကြရသည်။<ref name="Hard1" />{{Rp|7}}
 
ဒဏ္ဍာရီ အနက်သဘောဖော်ထုတ်မှုကို ကြောင်းကျိုးပြ (သို့မဟုတ် ရှာကြံ၍) ရှင်းလင်းပြသခြင်းသည် အက်ပစ်ခူးရပ်စ်၊ စတိုးအစ်(ဝစ်) ဝါဒမှ (အရှိ)လောကဆိုင်ရာ သဘောတရားများကျေးဇူးဖြင့် ရောမအင်ပါယာအောက်တွင် ပို၍ပင် လူကြိုက်များလာခဲ့သည်။ စတိုးအစ်ဝါဒီများသည် နတ်များ၊ သူရဲကောင်းများကို သဘာဝတရားဖြစ်ရပ်အဖြစ် ရှင်းလင်းပြသခဲ့ကြသည်။ သို့သော် ယူဟီးမရဝါဒီများက ၎င်းတို့ကို သမိုင်းလာ ပုဂ္ဂိုလ်များဟု ဆိုသည်။ တစ်ချိန်တည်း၌ စတိုးအစ်ဝါဒီများနှင့် ခေတ်သစ် ပလေးတိုးဝါဒီများက ဂရိဝေါဟာရ ရင်းမြစ်များအ​ပေါ် များသောအားဖြင့် အခြေခံပြီး ဒဏ္ဍာရီလာ ရိုးရာဓလေ့များ၏ အရေးပါမှုကို မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ကြ၏ ။<ref name="Chance69">Chance, Jane. 1994. ''Medieval Mythography''. [[University Press of Florida]]. {{ISBN|978-0-8130-1256-8}}. p. 69.</ref> ရောမကဗျာဆရာ၊ ဒဿနပညာရှင် လူခရီးရှပ်စ်က ၎င်း၏ အက်ပစ်ခူးရပ်စ်ဝါဒ သတင်းစကားမှတစ်ဆင့် ပြည်သူပြည်သားတို့၏ စိတ်နှလုံးမှ အယူသည်းသော အကြောက်တရားကို ဖယ်ရှားရန် ကြိုးပမ်းခဲ့ပေသည်။<ref name="Walshxxvi">Walsh, Patrick Gerald. 1998. ''The Nature of the Gods''. New York: [[Oxford University Press]]. {{ISBN|978-0-19-282511-7}}.</ref>{{Rp|xxvi}}
 
ရောမသမိုင်းပညာရှင် လစ်ဗီသည်လည်း ဒဏ္ဍာရီလာ ရိုးရာဓလေ့များကို သံသယ (မယုံကြည်) ရှိ၍ ၎င်းသည် ထိုသို့သော ရာဇဝင်(ဇာတ်လမ်းများ) ကို (ကောင်း မကောင်း) ဆုံးဖြတ်ဝေဖန်မှုပြုရန် မရည်ရွယ်ဟု ပြောဆိုခဲ့သည်။<ref name="Gale89" />{{Rp|88}} ဘာသာရေး ရိုးရာဓလေ့များနင့်ပတ်သက်၍ ပြင်းထန်ကာ ခုခံကာကွယ်ရမည့် အသိတရားနှင့်အတူ ရောမသားတို့အတွက် အဓိကစိန်ခေါ်ချက်မှာ ထိုဘာသာရေး ရိုးရာဓလေ့များကို ခုခံကာကွယ်ရန်ဖြစ်သည်။ သို့သော်လည်း အခြားတစ်ဖက်၌ ထိုရိုးရာဓလေ့များသည် အယူသည်းခြင်း၏ အဓိကအကြောင်းရင်းဖြစ်နေသည်ကိုတော့ ဝန်ခံကြပေသည်။ ရှေးဟောင်းပစ္စည်းများ စုဆောင်းလေ့လာသူ မားကွတ်စ် ဝါးရို (Marcus Terentius Varro) သည် ဘာသာရေးကို လူမှုအဖွဲ့အစည်းအတွင်း ကောင်းခြင်းတရားများကို ထိန်းသိမ်းရန် အရေးပါမှုနှင့်အတူ လူသားတို့၏ အလေ့အထတစ်ခုအဖြစ် သတ်မှတ်ယူဆခဲ့ကာ ဘာသာရေးယုံကြည်မှုများနှင့်ပတ်သက်၍ ဇာစ်မြစ်များကို အားသွန်ခွန်စိုက် လေ့လာခဲ့သည်။ ၎င်း၏ စာပေ "Antiquitates Rerum Divinarum" တွင် ဝါးရိုက အယူသည်းသည့်သူတစ်ဦးက နတ်ဘုရားများကို ကြောက်သော်လည်း စစ်မှန်သော ဘာသာရေးကိုင်းရှိုင်းသူတစ်ဦးက နတ်ဘုရားများကို မိဘသဖွယ် အရိုအသေပြုကြသည်ဟု ပြောဆိုခဲ့သည်။<ref name="Walshxxvi" />{{Rp|xxvi}} ဝါရိုအရ ရောမလူမှုအဖွဲ့အစည်းတွင် နတ်ဒေဝါများနှင့် ဆက်စပ်ပြီး ဖော်ပြချက် သုံးခုရှိသည်ဟုဆိုရာ ပထမဖော်ပြချက်မှာ ဒဏ္ဍာရီလာဖော်ပြချက်ဖြစ်၍ ကဗျာဆရာများက ဇာတ်သဘင်နှင့် ဖျော်ဖြေရေးအတွက် ဖန်တီးခဲ့ကြသည်။ ယဉ်ကျေးမှု (မြို့ပြ၊ နိုင်ငံ) ဆိုင်ရာ ဖော်ပြချက်ကို ပြည်သူပြည်သားများက ဝတ်ပြုပူဇော်ရာတွင် သုံးခဲ့ကြ၏ ။ သဘာဝတရားဆိုင်ရာ ဖော်ပြချက်ကို အတွေးခေါ်ပညာရှင်များက ဖန်တီးခဲ့သည် ဟူ၍ ဝါးရိုကဆိုသည်။<ref name="Barfield2011p76" /> ကဗျာဟန် ဒဏ္ဍာရီနှင့် တွေးခေါ်သူတို့၏ ဒဏ္ဍာရီ ရောနှောပေါင်းစပ်ထားသော မြို့ပြ တိုင်းနိုင်ငံဆိုင်ရာ ယဉ်ကျေးမှုသဘောဖော်ပြချက်သည်သာ အကောင်းဆုံးဟု ဝါးရိုကပင် ဖြည့်စွက်ဖော်ပြခဲ့သည်။<ref name="Barfield2011p76">{{cite book|author=Barfield|first=Raymond|url=https://archive.org/details/ancientquarrelbe0000barf|title=The Ancient Quarrel Between Philosophy and Poetry|publisher=Cambridge University Press|year=2011|isbn=978-1-139-49709-1|location=Cambridge|pages=[https://archive.org/details/ancientquarrelbe0000barf/page/75 75]–76|url-access=registration}}</ref>
 
ရောမ တက္ကသိုလ်ဆရာ ကော့တာက ဒဏ္ဍာရီတစ်ခုကို တိုက်ရိုက်သော်လည်းကောင်း ပုံဆောင်ခိုင်းနှိုင်းလက်ခံမှုကိုသော်လည်းကောင်း သရော်ခဲ့ပြီး ဒဏ္ဍာရီများသည် အတွေးခေါ်ပညာရပ်၌ လုံးဝနေရာမရှိဟု ပြင်းပြင်းထန်ထန် ပြောဆိုခဲ့၏ ။<ref name="Gale89" />{{Rp|87}} ရောမစာရေးဆရာ ဆစ်ဆာရိုကလည်း ယေဘုယျသဘောအားဖြင့် ဒဏ္ဍာရီဆိုသည်ကို အထင်မြင်သေးသည်။ သို့သော် ဝါးရိုကဲ့သို့ (ဒဏ္ဍာရီ) သည် နိုင်ငံ၏ ဘာသာရေးနှင့် အလေ့အထများဖြစ်သည်ဆိုခြင်းကို ထောက်ခံအားပေးကြောင်း အလေးအနက်ဆိုခဲ့ပေသည်။ ဤသို့ဖြင့် ဆင်ခြင်တုံတရားဝါဒသည် မည်ရွေ့မည်မျှအထိ လူမှုအသိုင်းအဝိုင်း (အောက်ခြေထိ) အပေါ် ဖြန့်ကျက်နိုင်သလဲဆိုခြင်းကိုမူ သိရှိရန် ခက်ခဲလှပေသည်။<ref name="Gale89" />{{Rp|88}} ဆစ်ဆာရိုက ပြတ်ပြတ်သားသားဆို၏ ။ ဟေးဒီးဇ်၏ ကြောက်လန့်ဖွယ်ရာကောင်းခြင်း၊ ဆီးလာများ၊ [[စန်တော]]များ တည်ရှိမှု (သို့) အခြားပေါင်းစပ် သတ္တဝါများတည်ရှိမှုကို ယုံကြည်ရန် အဘွားအိုများ၊ ကောင်လေးများအပါအဝင် မည်သူမျှ အလွန်မတုံးကြပါ ဟူ၍ဖြစ်သည်။<ref name="CiceroTusc">Cicero, ''Tusculanae Disputationes'', 1.[http://www.thelatinlibrary.com/cicero/tusc1.shtml 11]</ref> သို့သော်လည်းပဲ အခြားတစ်ဖက်၌မူကား အခြားတစ်နေရာမှ အဟောပြောကောင်းသူတစ်ဦးက ဤလူများ၏ အယူသည်းတတ်သော၊ အယုံလွယ်တတ်သော စရိုက်ကို မကျေမနပ် ပြောဆိုနိုင်ပေသည်။<ref name="CiceroDiv">Cicero, ''De Divinatione'', 2.[http://www.thelatinlibrary.com/cicero/divinatione2.shtml#81 81]</ref> ''De Natura Deorum'' is the most comprehensive summary of Cicero's line of thought.<ref name="Walshxxvi" />{{Rp|xxvii}}
 
===မူဟန်များ ရောနှောပေါင်းစပ်ခြင်း===
[[File:Lycian Apollo Louvre left.jpg|thumb|upright|Apollo (early Imperial Roman copy of a fourth-century Greek original, [[Louvre]] Museum).]]
{{See also|ရောမဒဏ္ဍာရီ}}
ရှေးရောမခေတ်ကာလများတွင် ဂရိနတ်ဘုရားများနှင့် အခြားတိုင်းတပါး နတ်များအား ရောနှော ပေါင်းစပ်ခြင်းများမှတစ်ဆင့် ရောမဒဏ္ဍာရီ အသစ်တစ်ခု မွေးဖွားလာခဲ့သည်။ ရောမများတွင် ကိုယ်ပိုင်ဒဏ္ဍာရီ မရှိသလောက်ဖြစ်သောကြောင့် ဤသို့ဖြစ်ပေါ်လာခဲ့သည်။ ဂရိဒဏ္ဍာရီ ရိုးရာဓလေ့များကို အမွေရလိုက်ခြင်းသည် ၎င်းတို့အဓိက ကိုးကွယ်သော ရောမနတ်ဘုရားများကို တူညီသော ဂရိနတ်ဘုရားများ၏ စရိုက်ဝိသေသ လက္ခဏာများအား ရရှိသွားစေခဲ့သည်။<ref name="Gale89" />{{Rp|88}} [[ဇုစ်]] နှင့် ဂျူပီတာ တို့သည် ဒဏ္ဍာရီ ထပ်တူညီနေမှု၏ ဥပမာတစ်ရပ်ဖြစ်လေသည်။ ဤသို့ ဒဏ္ဍာရီနှစ်ခု၏ ရိုးရာဓလေ့များပေါင်းစပ်ခြင်းအပြင် ရောမတို့၏ အရှေ့ဖက်က ဘာသာတရားများနှင့် ဆက်စပ်မှုရှိခြင်းကလည်း နောင်ထပ်ပို၍ ရောနှောပေါင်းစပ်မှုများကို ဖြစ်စေခဲ့၏ ။<ref>North John A., Mary Beard, and Simon R. F. Price. 1998. "The Religions of Imperial Rome" in ''Classical Mythology in English Literature: A Critical Anthology''. Cambridge: [[Cambridge University Press]]. {{ISBN|978-0-521-31682-8}}. p. 259.</ref> နမူနာအနေဖြင့် နေကိုးကွယ်မှုကို ရောမတွင် မိတ်ဆက်စတင်ခဲ့ရာ ရောမဧကရာဇ် အောရီးလီယန်၏ [[ဆီးရီးယား]]ကို အောင်မြင်သော စစ်ဆင်ရေးအပြီးတွင်ဖြစ်ပေသည်။ အာရှဖက်က နတ်များဖြစ်သည့် မစ်သရာစ် ('နေ' ဟုဆိုလိုသည်) နှင့် ဘာအယ်လ် တို့သည် အပေါလိုနှင့် ဟီးလိယပ်စ်တို့နှင့် ပေါင်းစပ်သွားကြပြီး ဆော်လ် အင်ဗစ်တပ်စ် (Sol Invictus) ဖြစ်သွားခဲ့သည်ဟု ဆိုသည်။ ယင်းနတ်ဘုရားတွင် စုပေါင်းစပ်ပေါင်း ရိုးရာထုံးတမ်းဓလေ့များနှင့် ပေါင်းစပ် အရည်အသွေးများပါရှိသည်။<ref>Hacklin, Joseph. 1994. "The Mythology of Persia" in ''Asiatic Mythology''. [[Asian Educational Services]]. {{ISBN|978-81-206-0920-4}}. p. 38.</ref> အပေါလိုကို ဘာသာရေးတွင် ဟီးလိယပ်စ် (သို့) ဒိုင်ယာနိုက်ဆပ်စ်ဟူ၍ ဖော်ပြနိုင်ချေရှိသည်။ သို့သော် ၎င်း၏ ဒဏ္ဍာရီကို ဖော်ပြသော စာပေများက ထိုသို့ဖြစ်ပေါ်သွားခြင်းကို ညွှန်းဆိုနိုင်ခြင်း မရှိသလောက်ပင်ဖြစ်သည်။ ရိုးရာ စာပေလာ ဒဏ္ဍာရီများသည် တကယ်လက်တွေ့ကျင့်သုံးသော ဘာသာရေးဓလေ့များနှင့် အတော်ကို ပတ်သက်မှုမရှိပေ။ ဧကရာဇ်နှင့် အင်ပါယာကို ကာကွယ်သူအဖြစ် ဆော်လ်ကို ကိုးကွယ်ခြင်းသည် နန်းတွင်း၏ အဓိကဘာသာရေးဖြစ်လာခဲ့ကာ နှောင်းကာလတွင် ခရစ်ယာန်ဘာသာမှ နေရာဝင်ယူခဲ့သည်။
 
"အောဖီးယပ်စ် ဓမ္မတေးများ" (Orphic Hymns) (အေဒီ ၂၀၀) နှင့် 'မာခရိုဘီးယပ်စ် အမ်ဘရိုးရှပ်စ် သီယာဒိုးဆီးယပ်စ်' ရေးသော "စေတန်နေးလီယာ" (Saturnalia) (အေဒီ ၅၀၀) တို့ကို ဆင်ခြင်တုံတရားဝါဒ သဘောတရားများသာမက မူဟန်များရောနှောပေါင်းစပ်ခြင်း(သဘော) ကလည်း လွှမ်းမိုးနိုင်ခဲ့လေသည်။ အောဖီးယပ်စ် ဓမ္မတေးများသည် ဂန္ထဝင်ခေတ်မတိုင်မီက ကဗျာဟန်ရေးဖွဲ့ထားသည့် စာပေအစုအဝေးများဖြစ်၍ အောဖီးယပ်စ် ကိုယ်တိုင်ရေးသားသည်ဟု မှတ်ယူနိုင်ကာ ထင်ရှားကျော်ကြားသော ဒဏ္ဍာရီအကြောင်းအရာဖြစ်သည်။ လက်တွေ့အားဖြင့်မူ ဤကဗျာများကို အချို့သော ကဗျာဆရာများက ရေးဖွဲ့ခြင်းဖြစ်တန်သည်။ ထိုကဗျာများတွင် သမိုင်းမတင်မီခေတ်က ဥရောပဒဏ္ဍာရီအကြောင်း ကြွယ်ဝသော အရိပ်အမြွက်များလည်းပါဝင်ကြသည်။<ref>Sacred Texts, [http://www.sacred-texts.com/cla/hoo/index.htm Orphic Hymns]</ref> စေတန်နေးလီယာ စာပေ၏ ဆိုထားသော ရည်ရွယ်ချက်မှာ ဟဲလန်နစ်ခေတ်ကို ကူးပြောင်းပေးရန်ဖြစ်၍ မာခရိုဘီးယပ်စ်က ၎င်း၏ စာပေဖတ်ရှုခြင်းများမှ စေတန်နေးလီယာကို ရေးဖွဲ့ခဲ့လေသည်။ သို့ရာတွင် နတ်ဘုရားများအကြောင်း ၎င်း၏ ဆက်ဆံကိုင်တွယ် ရေးဖွဲ့ပုံကိုကား [[အီဂျစ်ဒဏ္ဍာရီ]]နှင့် မြောက်အာဖရိကဒဏ္ဍာရီနှင့် ယင်းဘာသာတရားများက အရောင်သွင်း လွှမ်းမိုးမှုရှိ၏ ။ စေတန်နေးလီယာတွင် ဒဏ္ဍာရီ ပြုစုခြင်းဆိုင်ရာ သုံးသပ်ချက်များ ပြန်လည်ပါရှိလာပြီး ယင်းသုံးသပ်ချက်များကို ဩဇာလွှမ်းမိုးသူများမှာ ယူဟီးမရဝါဒီများ၊ စတိုးအစ်ဝါဒီများနှင့် ခေတ်သစ်ပလေးတိုးဝါဒီများတို့ဖြစ်ကြသည်။<ref name="Chance69" />
 
==မှတ်စု==