တရုတ် - မြန်မာ စစ်ပွဲများ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ်
အရေးမကြီး 116.206.139.8 (ဆွေးနွေး) ၏ တည်းဖြတ်မူ 542307 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၁၁၁ -
 
== တရုတ်တို့ အရေးနိမ့် ပြန်ခြင်း ==
မြန်မာတို့သည် တရုတ်တပ်ကြီးကို ထွက်ပေါက် မရှိအောင် ကျပ်တည်းစွာ ပိတ်ဆို့ ဝန်းဝိုင်းထားကြရာ မြန်မာနိုင်ငံမှ တရုတ် စစ်တပ်ကြီးသည် ပြန်လည် ဆုတ်ခွာရန် တရုတ် ဧကရာဇ်၏ မိန့်ကြားချက်ကိုပင် မင်းယွီထံပေးရန် တရုတ် တမန်တို့သည် မစွမ်းနိုင် ဖြစ်ကြလေသည်။ မင်းယွီသည် ၎င်း၏ စစ်သည်များကို အစွမ်းကုန် ကြိုးစား၍ မြန်မာ တပ်အား ထိုးဖောက်ရန် အမိန့်ပေးပြီးလျှင် ၎င်းကိုယ်တိုင်မှာ စိတ်ပျက် အားလျော့သဖြင့် ကျစ်ဆံမြီးကို ဖြတ်၍ ချင်းလုံမင်း၏ သစ္စာ ခိုင်မြဲကြောင်း အထိမ်းအမှတ် အဖြစ် ပေးပို့စေပြီးလျှင် ကြိုးဆွဲချ၍ အဆုံးစီရင် လိုက်လေသည်။ မြန်မာ့ တပ်မတော်လည်း တရုတ်တို့ ဆုတ်ခွာသည်ကို မြင်လေသော် အရှင့်တာဝန် ကျေ့ပွန်ပြီဟု ဆိုကာ ဖမ်းဆီးရမိသော သုံ့ပန်းများ၊ လက်နက်များနှင့်အတူ နေပြည်တော်သို့ ပြန်လည် ချီတက်ကြရာ ၁၇68၁၇၈၆ ခုနှစ်၊ မတ်လတွင် အင်းဝသို့ ဆိုက်ရောက်ကြသည်ဟု မြန်မာတို့၏ အမှတ်အသားတွင် တွေ့ရလေသည်။
 
တရုတ် ဧကရာဇ် ချင်းလုံသည် တရုတ်တို့ အရေးနိမ့်ရသည့် အဖြစ်ကို လွန်စွာ မျက်မာန် ရှတော်မူသည်။ မြောက်ကြောင်းချီ စစ်မှူး၏ လစ်ဟင်းမှုကြောင့် ဖြစ်သည်ဟု အပြစ်ပုံချ လေတော့သည်။ ကောင်းတုံကို သိမ်းပိုက်ခြင်း မပြုနိုင်သည့် အကြောင်းရင်းနှင့် တောင်ကြောင်းချီ စစ်တပ်ကြီးကို မကူ မထောက်နိုင်သည့် အကြောင်းရင်းတို့ကို ရှင်းလင်း လျှောက်တင်ကြသော်လည်း ယုတ္တိ မတန်ဟု ယူဆ၍ တရုတ် စစ်မှူးကို သံကြိုးဖြင့် တဲကာ ပီးကင်းသို့ ခေါ်ဆောင်လာစေသည်။ ပီကင်းတွင် တရုတ် စစ်မှူးနှင့်တကွ ၎င်း၏ မိသားစုကို ပြစ်ဒဏ် ကြီးစွာ ခတ်လေသည်။ မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ရာတွင် ထိုးစစ်ဖြစ်သဖြင့် မြန်မာနှင့် တရုတ် အင်အားကို အခြေအနေ တမျိုး ပြောင်းလဲစေသည်ဟူသော ယူဆချက်ကို ချင်းလုံမင်းသည် လက်မခံဘဲ၊ နောက်တကြိမ် မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ရန် ကြိုးစားပြန်သည်။