မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
စာကြောင်း ၃ -
 
==အကြောင်းရင်း==
*ကုန်းဘောင်မင်းဆက်တည်ထောင်သည့် [[အလောင်းမင်းတရား]] က `ငါ့သားကြီးများ အစဥ်အတိုင်းအစဉ်အတိုင်း မင်းပြုရစ်´ဟု မှာကြားခဲ့သည့်အတိုင်း သားတော်ကြီး [[နောင်တော်ကြီးမင်း]] ကွယ်လွန်အနိစ္စရောက်သည့်အခါ ညီတော် [[မြေဒူးမင်း]](ဆင်ဖြူရှင်)က ထီးနန်းအမွေဆက်ခံသည်။ မြေဒူးမင်းက ဖခင်မှာကြားသည့်အတိုင်း မလုပ်ဘဲ သားတော် [[စဥ့်ကူးမင်း]]ကို အိမ်ရှေ့အရာပေးသည်။ စဥ့်ကူးမင်းနေပြည်တော်မရှိခိုက် [[ဖောင်းကားစား မောင်မောင်]]က ထီးနန်းလုသည်။ ဖောင်းကားစား မောင်မောင်ကို [[ဘိုးတော်ဘုရား]](ဗဒုံမင်း)ကမှူးမတ်အကူအညီဖြင့် တိုက်ခိုက်အောင်နိုင်ပြီး ထီးနန်းသိမ်းပိုက်သည်။ ဘိုးတော်ဘုရားသည် ထီးနန်းကိုလုပ်ကြံစဥ်ထီးနန်းကိုလုပ်ကြံစဉ် ညီတော် ပင်းတလဲမင်းကို အိမ်ရှေ့စံထားမည်ဟု ကတိထားခဲ့သော်လည်း နန်းတက်သောအခါ သားတော်ကိုသာ အိမ်ရှေ့စံထားသည်။ သို့သော် သားတော်အိမ်ရှေ့စံ ကွယ်လွန်သဖြင့် မြေးတော် [[ဘကြီးတော်(စစ်ကိုင်းမင်း)]]ကို ဆက်လက်အိမ်ရှေ့စံထားသည်။ စစ်ကိုင်းမင်းကို ညီတော် [[သာယာဝတီမင်း]]က ပုန်ကန်ပြီး နန်းတက်သည်။ သာယာဝတီမင်း၏ ထီးနန်းအမွေကို သားတော် [[ပုဂံမင်း]]က ဆက်ခံသည်။ ပုဂံမင်းကို [[မင်းတုန်းမင်း]]နှင့် [[ကနောင်မင်းသား]]က တော်လှန်ကာ မင်းတုန်းမင်း နန်းတက်သည်။ မင်းတုန်းမင်းသည် ဆင်ဖြူရှင်မင်းက စပြီးပျက်ခဲ့သော အစဥ်အလာကိုအစဉ်အလာကို ပြန်လည်ပြုပြင်သည်။ သားတော်များကို ထားပြီး ညီနောင်ကနောင်မင်းကို အိမ်ရှေ့စံ အဆောင်အယောင်များ အပ်နှင်းသည်။ ထိုကြောင့် သားတော်များဖြစ်သော မြင်ကွန်းမင်းသားညီနောင်များက မကြေနပ်သော အကြောင်းတစ်ချက် ဖြစ်ပေသည်။
 
*အိမ်ရှေ့စံ ကနောင်မင်းသား၏ နိုင်ငံတော်ကို ခေတ်မီလက်နက်နိုင်ငံ တည်ဆောက်နေမှုကို နယ်ချဲ့အင်္ဂလိပ်တို့က မလိုလားကာ မြင်ကွန်းမင်းသားညီနောင်များအား သွေးထိုးပေးခြင်းသည် အကြောင်းတစ်ရပ် ဖြစ်ပေသည်။
စာကြောင်း ၁၃ -
မင်းတုန်းမင်းတရားသည် သာသနာပြုမင်းပီပီ သားငှက်များကို ဘေးမဲ့ပေးသည်။ နေပြည်တော်တွင် ကျွဲသား၊ နွားသားမစာရ၊ မသတ်ရဟု အမိန့်ထုတ်သည်။ မြင်ကွန်းမင်းသားညီနောင်က ခမည်းတော်ပိုင် မင်္ဂလာနွားဖြူကို သတ်စားသည်။ ထိုသို့ မင်းမိန့်ကို ဖီဆန်သော သားတော်နှစ်ဦးအား ဆုံးမရန် မင်းတုန်းမင်းက အိမ်ရှေ့စံ ကနောင်မင်းသားကို တာဝန်ပေးသည်။ ကနောင်မင်းသားက မင်းသားညီနောင်ကို ကြေးတိုက်သွင်းကာ ချုပ်နှောင်ထားလိုက်သည်။ မင်းမိန့်ကို ဖောက်ဖျက်ကျူးလွန်ခြင်းသည် သေဒါဏ်ထိုက်သည့် အပြစ်ဖြစ်သည်။ ကနောင်မင်းသားသည် တူတော်တို့အား သေဒါဏ်မပေးဘဲ ချုပ်ရုံချုပ်ထားသည်ကို မင်းသားညီနောင်က မကျေနပ်ကြပေ။
 
ခမည်းတော် မင်းတုန်းမင်းအပေါ်တွင်လည်း သားတော်များကို ထီးနန်းဆက်ခံခွင့် ပေးရန်မစဥ်းစားဘဲပေးရန်မစဉ်းစားဘဲ ညီတော်ကို အိမ်ရှေ့စံအရာ ပေးထားခြင်းအတွက် ကျေနပ်ဟန်မတူပေ။ ထို့ကြောင့်ပင် မြင်ကွန်းမင်းသားသည် တစ်နေ့တွင် နန်းတော်ကို ပုန်ကန်ပြမည်ဟု ကြိမ်းဝါးလေ့ရှိသည်။
 
===မြင်ကွန်းမင်းသား===
မြင်ကွန်းမင်းသားသည် မင်းတုန်းမင်း အမရပူရမြို့၊ အိမ်နိမ့်စံအဖြစ် စံတော်မူစဥ်စံတော်မူစဉ် ရွှေရေးဆောင်မိဖုရားမှ ဖွားမြင်တော်မူသော သားတော်ဖြစ်သည်။ ငယ်နာမည်မှာ မောင်မျိုးအေးဖြစ်ပြီး ပထမဆုံးရသောဘွဲ့တော်မှာ သီလဝ ဖြစ်သည်။ မြင်ကွန်းမင်းသားသည် ပုဂံမင်းလက်ထက်ကပင် သတိုးမင်းလှကျော်စွာဘွဲ့နှင့် မတဲးမြို့ကို စားရ၏။ ခမည်းတော် မင်းတုန်းမင်း နန်းတက်သောအခါ သုမဟာသီရိဓမ္မရာဇာဘွဲ့နှင့် မြင်ကွန်းမြို့ကို စားရသောကြောင့် မြင်ကွန်းမင်းသားဟု ခေါ်ဆိုကြလေသည်။
 
မင်းတုန်းမင်း၏ သားတော်များတွင် အသက်အားဖြင့် အကြီးဆုံးဖြစ်သည်။ သတ္တိဗျတ္တိ အကောင်းဆုံးနှင့် စိတ်ဓာတ်အားဖြင့် အထက်ဆုံးဖြစ်ပြီး ညီတော်၊ နှမတော်များကိုလည်း ချစ်ခင်သောကြောင့် ညီတော်၊ နှမတော်အားလုံးက အထူးပင် ချစ်ကြောက်ရိုသေရလေသည်။ <ref>[[မောင်ပုဆိုးကြမ်း]]၏ ကနောင်မင်းသား</ref>
စာကြောင်း ၂၇ -
 
 
*တစ်နေ့၌ မြင်ကွန်းမင်းသားညီနောင်တို့သည် ငယ်ကျွန်များနှင့်တကွ ဥယျာဥ်တော်ထဲတွင်ဥယျာဉ်တော်ထဲတွင် ကစားနေကြသည်။ အကစားလွန်ပြီး မိုးချုပ်သွားသောအခါ အိမ်တော်၌လည်း အစောင့်မကျန်ရစ်ခဲ့သဖြင့် ထမင်းဟင်းချက်ပြုတ်ထားမည့်သူ မရှိဘဲ ဖြစ်နေလေသည်။ ထိုအခါ မြင်ကွန်းမင်းသားညီနောင် နှစ်ပါးသည် ကျုံးတော်အနီး၌ မြက်စားနေကြသော ဘုရင်၏ မင်္ဂလာနွားဖြူ တစ်ရှဥ်းလုံးကိုတစ်ရှဉ်းလုံးကို ဖမ်း၍သတ်ကာ ချက်ပြတ်၊ ကြော်လှော်ပြီး စားသောက်လိုက်ကြသည်။
 
 
*မြင်ကွန်းမင်းသားညီနောင်ပုန်ကန်ရန် ဆုံးဖြတ်ချက်ချသည်ကို အိမ်ရှေ့စံ ကနောင်မင်းသား၏ သမီးတော်၊ မြင်ကွန်းမင်းသား၏ မိဖုရားက သိရှိလေသောကြောင့် လှျို့ဝှက်စွာ ခမည်းတော်အား သံတော်ဦးတင်၏။ ထိုအကြောင်းကို မြင်ကွန်းမင်းသား သိသောအခါ `သယ်..သင့်အဖေ ရှင်ဘုရင်ဖြစ်တော့ သင့်ကို မိဖုရားမြှောက်မတဲ့လား၊ ငါရှင်ဘုရင်ဖြစ်မှ သင်းမိဖုရားဖြစ်မှာတော့ သူမကြည့်ဘူး၊ ဒါလောက် အဖေကို လင်ထက်ပိုချစ်လှတဲ့ သတ္တဝါမ၊ သွားမြဲလမ်းကိုသာ သွားတော့´ဟု ပြောဆိုကြိမ်းဝါးပြီး အင်္ဂတေထောင်းသော မောင်းဆုံထဲသို့ အရှင်လတ်လတ်တုတ်နှောင်ကာ ထည့်ထောင်း၍ ရက်ရက်စက်စက် သတ်ပစ်လိုက်လေသည်။ (သမီးတော်ကို မြင်ကွန်းမင်းသား သတ်ပစ်ကြောင်း ကနောင်မင်းသား သိသော်လည်း အရေးမယူပဲ `သားသမီးပဲ နောင်များစွာရနိုင်သေးသည်´ဟု ဆိုကာ အေးအေးနေခဲ့လေသည်။)
 
*ညီတော် မြင်းခုန်တိုင်မင်းသားကလည်း သက်တော် ၁၆နှစ်၊ ၁၇နှစ်တိုင်အောင် တောင်ဥယျာဥ်တော်အတွင်းရှိတောင်ဥယျာဉ်တော်အတွင်းရှိ ရေကန်တွင် ငှက်ပျောတုံးကို ဖောင်ဖွဲ့၍ တက်စီးပြီး ရှေ့ကကြိုးတတ်လျက် လူနှစ်ယောက်က ဆွဲရလေသည်။ နေ့စဥ်နေ့စဉ် ပြုလုပ်ရသောကြောင့် မှူးမတ်ကြီးများမှစ၍ အရာရှိများက ကွယ်ရာတွင် မြင်းခုန်တိုင်ဟု မခေါ်ဘဲ '''လူတေလေး'''ဟု ခေါ်လေသည်။ <ref>ဒဂုန်ခင်ခင်လေး၏ မြင်ကွန်းညီအစ်ကိုနှင့် ပတိမ်းမင်းသားပုံကန်မှု (အဋ္ဌာရသ မဂ္ဂဇင်း၊ အမှတ်တစ်)
</ref>
 
စာကြောင်း ၄၃ -
သက္ကရာဇ်၁၂၂၈-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်(၇)ရက်၊ ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ သြဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် ရတနာပုံနေပြည်တော် တစ်ခုလုံး အုံးအုံးကျွတ်ကျွတ် ဆူညံသွားစေသည့် အရေးအခင်းကြီးပေါ်လာသည်။ ထိုနေ့တွင် အိမ်ရှေ့စံ ကနောင်မင်းသားသည် ယာယီလွှတ်တော်အနီးရှိ တဲကြီးအတွင်း၌ မြတောင်ဝန်ကြီးဦးမှို၊ ပခန်းဝန်ကြီး ဦးရန်ဝေး တို့နှင့်အတူ သဿမေဓကိစ္စများကို တိုင်ပင်ဆွေးနွေးနေသည်။
 
မင်းတုန်းမင်းတရားကြီးမှာ တောင်နန်းမတော် မိဖုရားနှင့်အတူ မဟာလောကမာရဇိန် ဘုရားပရိဝှဏ်တော်အတွင်း၌ ပါဠိပိဋကတ်တော်များ ကျောက်ထက်အက္ခရာတင်ရာတွင် ကြီးကြပ်ရန် စီစဥ်နေသည်။စီစဉ်နေသည်။ မင်းတရားနှင့်အတူ သားတော်မက္ခရာမင်းသား၊ အနောက်ဝန်ရပ်စောက်မြို့စား၊ လှိုင်းတက်မြို့စား၊ ဘုန်းတော်ဖြစ်သေနတ်ဗိုလ်၊ ကိုယ်ရံတော်၊ စားတော်ကွမ်း၊ ရေထီးဓားလက်စွဲ စသည့် နောက်လိုက်ငါးဆယ်ခန့်တို့ လိုက်ပါရန် ပွဲတော်ဆောင်မှ စံနန်းတော်အနောက်တံခါးဆီသို့ ထွက်လာကြသည်။
 
နန်းတော်ဝင်းနှင့် ကပ်လျက်ရှိ မြင်ကွန်းမင်းသားဝင်းတွင် ငဖြူသီး၊ ဇော်ဂျီဗိုလ် အစရှိသော မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့၏ နောက်လိုက် (၅၀)ခန့်မှာ အရက်သေစာ သောက်စားရင်း ရဲဆေးတင်နေကြသည်။
စာကြောင်း ၄၉ -
ဦးပုည သတ်မှတ်ပေးသော မွန်းတက်ချိန် အခါတော်သို့ရောက်သည်နှင့် တောင်ပြင်ဟော်ကုန်းဘက်တွင် စောင့်နေသူတို့က မီးရှို့အချက်ပေးသည်။ မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ရန်ဖြစ်လေဟန် အကွက်ဆင်ပြီး စံနန်းတော်အတွင်းသို့ ပြေးဝင်သည်။ မြင်ကွန်းမင်းသားသည် ဓားကိုင်ကာ ခုတ်မည့်ဟန်ဖြင့် မြင်းခုန်တိုင်မင်းသားနောက်မှ လိုက်သည်။ မြင်းခုန်တိုင်မင်းသားက အသက်ဘေးမှ လွတ်အောင်ပြေးသည့်ဟန်ဖြင့် ပြေးလာရင်း လွှတ်တော်အနီးသို့ ရောက်သည့်အခါ `ဘထွေးတော် ကယ်တော်မူပါ´ ဟု အသံကုန်အော်သည်။
 
ကနောင်မင်းသားသည် မင်းသားညီနောင်တို့ ရန်ဖြစ်နေကြပြီဟု မှတ်ထင်ပြီး တားရန်ကြိုးစားသည်။ သို့သော် စံနန်းတော်ဝင်းအတွင်း ဓားကိုင်၍ဝင်လာသော မြင်ကွန်းမင်းသား၏ မူမမှန်ပုံကို သတိပြုမိသွားသည်။ မိမိကိုယ်တိုင်ပင်လှျင် လွှတ်တော်တက်ရာ၌ ဓားလှံ၊ သေနတ်များကို စံနန်းတော်အပြင် အုတ်ဇရပ်၌ နောက်လိုက်နောက်ပါ များနှင့်အတူ ထားခဲ့ရပါလျက် မြင်ကွန်းမင်းသားက ဓားကိုင်ပြီး စံနန်းတော်ဝင်းအတွင်း ဝင်လာပုံမှာ မရိုးသားဟု အိမ်ရှေ့စံ ကနောင်မင်းသား စဥ်းစားမိသွားသည်။စဉ်းစားမိသွားသည်။ မင်းသားညီနောင်တို့နောက်မှ နောက်လိုက်များ ပါလာသည်ကလည်း မသင်္ကာစရာ ဖြစ်၏။
 
ထိုအချိန်တွင် မြင်ကွန်းမင်းသား၏ မူမမှန်ပုံကို ရိပ်စားမိသဖြင့် စုံစမ်းရန် ရှေ့သို့တိုးထွက်သွားသော မြတောင်ဝန်ကြီးဦးမှိုမှာ ပုန်ကန်သူတို့၏ ဓားချက်မိသွားလေသည်။ ဦးမှို၏ အဖြစ်ကို တွေ့မြင်လိုက်ရသော ဖိနပ်တော်သား ဦးကရင်က `ရန်သူတော်ပါဘုရား၊ သတိထားပါဘုရား´ဟု အော်ဟစ်သတိပေးသည်။ ကနောင်မင်းသားသည် တူတော်မောင်မင်းသားများ ရန်ရှာမည့် အစီအစဥ်ကိုအစီအစဉ်ကို သိသွားသည်။ ထို့ကြောင့် လွှတ်တော်ပေါ်သို့ ပြေးတက်၏။ အိမ်ရှေ့စံ ကနောင်မင်းသားသည် ရန်ကိုရှောင်ရန် ကြိုးစားရင်း လှေခါးအတက်တွင် မြင်ကွန်းဘက်တော်သား ငဖြူသီး မီလာပြီး ဓားနှင့်ခုတ်သဖြင့် ခြေထောက်ကို ဓားချက်ထိပြီး လဲကျသည်။ ထိုအချိန်မှာပင် မြင်းခုန်တိုင်မင်းသား ရောက်လာကာ အိမ်ရှေ့စံ ကနောင်မင်းသား၏ ခေါင်းကို ဖြတ်ယူလိုက်သည်။ နိုင်ငံတော်ကို ခေတ်မီလက်နက်နိုင်ငံ တည်ဆောက်ချင်သော အိမ်ရှေ့စံ ကနောင်မင်းသားသည် မလောက်လေး မလောက်စား မင်းသားငယ်များ၏ လက်ချက်ဖြင့် ကျဆုံးရသည်။ ပုန်ကန်သူတို့သည် ကနောင်မင်းသား၏ ဘက်တော်သားများဖြစ်သော မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စကုမင်းသားတို့ကို အိမ်ရှေ့မင်းက ခေါ်သည့်ဟန် လိမ်ညာခေါ်ယူကာ စံနန်းတော် လက်ယာဝင်း တံခါးအပြင်၌ လုပ်ကြံသတ်ဖြတ်လိုက်ကြသည်။
 
ဒီအရေးမှာ အိမ်ရှေ့စံ ကနောင်မင်းသား၊ မြတောင်မြို့စားသေနတ်ဝန်ကြီး၊ မလွန်မင်းသား၊ စကုမင်းသားနဲ့ ပြင်စည်မင်းသားတို့ ကျဆုံးခဲ့ကြသည်။ လောင်းရှည်မြို့စား ဝန်ကြီး၊ လက်ဝဲဝင်းမှူး၊ မြေဒူးမြို့စား စသူတို့ ဒဏ်ရာရကြသည်။ ပခန်းဝန်ကြီး ဦးရန်ဝေး အပါအဝင် မှူးမတ်အချို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။
စာကြောင်း ၆၃ -
မြင်ကွန်းမင်းသား၏ တပ်သည် တံခါးနီကို စီးနိုင်ရန် ကြိုးစားသည်။ တံခါးနီပေါက်လှျင် နန်းတော်သို့ရောက်ပြီ။ ထိုအခါ ရာဇပလ္လင်သည် မိမိတို့ လက်ဝယ်သို့ ရောက်မည်။ တံခါးနီမှနေ၍ မက္ခရာမင်းသားနှင့် ပခန်းဝန်ကြီးတို့ ဦးစီးသောတပ်များက ရွတ်ရွတ်ချွန်ချွန် ပြန်လည်ခုခံသည်။ မြင်ကွန်းမင်းသားသည် မက္ခရာမင်းသားကို စည်းရုံးရန်ကြိုးစားသည်။ မက္ခရာမင်းသားက `ငါ့ဗိုက်ထဲမှာ ခမည်းတော်ရဲ့ ထမင်းရှိတယ်´ ဟုဆိုပြီး ပြန်လည်ခုခံသည်။ မြင်းခုန်တိုင်မင်းသားသည် နန်းတွင်းသို့ အလွယ်တကူမဝင်နိုင်သဖြင့် လွှတ်တော်ကို မီးရှို့ရန် မြင်ကွန်းမင်းသားအား အကြံပေးသည်။ မြင်ကွန်းမင်းသားက နန်းတော်ထဲမှာ မယ်တော်ရှိနေ၍ ညီတော်၏ အကြံကိုလက်မခံပေ။ မင်းသားညီနောင်တို့သည် ပုရပိုက်တွင် မြို့နန်းတစ်ခြမ်းကို ရပြီ၊ ခမည်းတော်သဘောထားကို သိလိုသည်ဟု စာရေး၍ ပိုးနီပုဝါရစ်ပတ်ကာ တံခါးနီအတွင်းသို့ ပစ်ချသည်။ ထိုစာကို တံခါးနီအမှုထမ်း ငရေချမ်းမှတစ်ဆင့် မင်းတုန်းမင်းကိုယ်တော်တိုင်ဖတ်ပြီး ငါ့ကိုရန်မပြုနှင့် ဟုစာရေးကာ ပုဝါနီရစ်ပတ်ပြီးလှျင် မြင်ကွန်းညီနောင်တို့၏ မိခင် တောင်ရွှေရေးမိဖုရားအား အပို့လွှတ်သည်။
 
မင်းသားညီနောင်တို့သည် စာကိုအရေးမထားဘဲ ဆက်လက်တိုက်ခိုက်သည်။ ထိုစဥ်ထိုစဉ် ကနောင်မင်းသား၏တပ်များက ကနောင်မင်းသားကွယ်လွန်သည်ကို မသိဘဲ ၎င်း၏သခင်ကိုရှာရန် နန်းတော်သို့ ချီတက်လာကြသည်။ မြင်ကွန်းမင်းသား၏ တပ်များသည် ကနောင်မင်း၏ တပ်များလာသောအခါ ထွက်ပြေးကြရသည်။ အသာစီးရနေသော မြင်ကွန်းမင်းသားတပ်များသည် တခဏအတွင်းမှာပင် အရေးနိမ့် သွားကြသည်။ တိုက်ပွဲတွင် မြင်ကွန်းမင်းသားဘက်က အထိနာပြီး အနောက်ရုံးဘက်တွင် သွားရောက်စုရုံးစဥ်သွားရောက်စုရုံးစဉ် မင်းတုန်းမင်းအား လွှတ်ပေးလိုက်သော ငပိုက်ကြီးကို တွေ့သည်နှင့် မြင်ကွန်းမင်းသားက အဆုံးစီရင်လိုက်သည်။ အနောက်ရုံးမှနေ၍ တစ်ညလုံး နန်းတော်သို့ သေနတ်စိန်ပြောင်းများဖြင့် ပစ်ခတ်သည်။ မင်းတုန်းမင်းတပ်က နန်းတော်မှနေ၍၎င်း ကနောင်မင်းသားတပ်က သစ်တပ်အပြင်မှနေ၍၎င်း တိုက်ခိုက်သဖြင့် မြင်ကွန်းတပ်သည် ည သုံးချက်တီးကျော်အချိန်၊ မြို့တောင်ဘက် `ရန်နှိမ်´တံခါးမှ ဆုတ်ခွာကာ ဆိပ်ကမ်းရှိ ဘုရင်ပိုင်'''ရေနန်းစကြာ''' သင်္ဘောနှင့် အောက်ပိုင်း မလွန်အရပ်ကို စုန်ပြီးပြေးကြသည်။ လမ်းခရီးတွင် မြို့ရွာများကို တိုက်ခိုက်ကာ ရွှေငွေရတနာပစ္စည်းများကို သိမ်းယူသည်။ မြင်ကွန်းမင်းသားနှင့် အပေါင်းအပါတို့သည် မြင်းခြံတွင်လူစုကာ နေပြည်တော်ကို တိုက်ခိုက်ရန်ကြံသော်လည်း မအောင်မြင်။ မြင်ကွန်းမင်းသားတို့ကို ဖမ်းဆီးရန်အတွက် အတွင်းဝန် ရေနံချောင်းမြို့စား မင်းကြီး မဟာမင်းလှကျော်ခေါင်ကို လက်နက်လူသူအပြည့်နှင့် '''မြနန်းစကြာ''' သင်္ဘောဖြင့် လိုက်စေသည်။ သို့သော် မြင်ကွန်းမင်းသားအဖွဲ့သည် အင်္ဂလိပ် အစိုးရပိုင်နယ်မြေထဲသို့ ဆုတ်ခွာသွားပြီး လွတ်မြောက်သွားခဲ့သည်။ <ref>ကောင်းထက် ၏ ရတနာပုံရှင်းတမ်း(၂၀၀၈-ခု၊ မတ်လ၊ ပထမအကြိမ်)</ref>
*မြင်ကွန်းမင်းသား ညီနောင်နှင့်အတူ မိခင် တောင်ရွှေရေးမိဖုရားလည်း ပါသွားလေသည်။
 
 
မြင်ကွန်းမင်းသား ညီနောင်တို့သည် နောက်လိုက်အခြွေအရံ အနည်းငယ်နှင့် ရန်ကုန်သို့ ထွက်ခွာလာရာ အလွန်မောပန်းတော်မူသဖြင့် တောစပ်တစ်ခု၌ အိပ်ပျော်နေစဥ်အိပ်ပျော်နေစဉ် နယ်ချဲ့အင်္ဂလိပ်တို့က မလွတ်တမ်း အစောင့်အကြပ် ပြင်းထန်စွာဖြင့် ဖမ်းဆီးပြီးလှျင် အလွန်ကျဥ်းမြောင်းလှသောအလွန်ကျဉ်းမြောင်းလှသော အချုပ်အနှောင်တို့ဖြင့် '''ကပ္ပလီကျွန်း'''သို့ ပို့လေသည်။ ထိုမြို့၌လည်း စိတ်မချရသေးသဖြင့် '''ကာလကတ္တား'''သို့ ၎င်း၊ ထိုမှတဆင့် '''ချူနာမြို့'''သို့၎င်း၊ တဖန် '''ဗာရာဏသီမြို့'''သို့ ၎င်း ပို့ဆောင်ကာ မည်သည့်ကိုမှျ ထွက်ခွင့် မပြုတော့ချေ။
 
*ကနောင်မင်းသား လုပ်ကြံခံရသောနေ့မှာပင် ကနောင်မင်းသား၏ သားတော်ကြီး ပန်းထိမ်းမင်းသားက နောက်လိုက်များနှင့် ရွှေဘိုသို့ ထွက်သွား၍ နေပြည်တော်ကို ပုန်ကန်သော [[ပန်းထိမ်းမင်းသား အရေးအခင်း]]ဖြစ်လာလေသည်။
စာကြောင်း ၇၄ -
ကနောင်မင်းသားကို လုပ်ကြံခဲ့သော မြင်ကွန်းမင်းသားသည် တိုင်းတပါးသို့ ရောက်ရှိနေသော်လည်း အာဏာသိမ်းမည့်အကြံအစည်ကို မလှျော့ဘဲ ဆက်လက် အကောင်အထည် ဖော်နိုင်ရန် ကြိုးစားသည်။ ဗာရာဏသီရှိ အကျယ်ချုပ်ခံထားရသော စံအိမ်မှ မြင်ကွန်းမင်းသားသည် သူ၏ အဝတ်ဟောင်းများကို လာယူလှျော်ဖွတ် ပေးသော ဒိုဘီကြီးကို ဖမ်းစီး၍ ဒိုဘီကြီး၏ အဝတ်များကိုဝတ်ဆင်ပြီး အဝတ်ဟောင်းထုပ်ကို ခေါင်းတွင်ရွက်ကာ ထွက်ပြေးလွတ်မြောက် သွားလေသည်။ ထို့နောက် ကုန်သည်တစ်ယောက်၏ အခိုင်းအစေကူလီအဖြစ် ပြင်သစ်အပိုင် ချန္ဒရာနဂိုမြို့သို့ အရောက်သွားပြီး ပြင်သစ်အစိုးရထံ ခိုလှုံသည်။<ref>ကောင်းထက်၏ စုဖုရားလတ်ရှင်းတမ်းနှင့် ပါတော်မူဖြစ်ရပ်များ(၂၀၀၄၊ သြဂုတ်လ၊ပအကြိမ်)</ref>
 
ဆရာတော် [[ဦးဥတ္တမ]]သည် ဂျပန်ပြည်မှအပြန် ကိုရီးယား၊ တရုတ်ပြည်တို့မှတစ်ဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟိုချီမင်းမြို့တော်)သို့ ဝင်ခဲ့သည်။ ဆိုင်ဂုံမြို့တွင် [[မင်းတုန်းမင်း]]တရားကြီး၏ သားတော် မြင်ကွန်းမင်းသားကြီးနှင့် ၎င်း၏ သားတော်နှစ်ပါးတို့ နေထိုင်လျက်ရှိသည်။ မြင်ကွန်းမင်းသားကြီးက ဆရာတော် ဦးဥတ္တမအကြောင်းကို သတင်းစာများမှတစ်ဆင့် ကြားသိပြီး ဖြစ်ရာ အလွန်တွေ့ချင်နေသည်။ ထို့နောက် ဆရာတော် ဦးဥတ္တမ ဆိုင်ဂုံမြို့သို့ ရောက်ရှိနေကြောင်း သိလှျင် သိချင်း မြင်ကွန်းမင်းသားကြီးက ဆရာတော်အားပင့်၍ ဆွမ်းကျွေးခဲ့သည်။ ဆရာတော် ဆွမ်းဘုဥ်းပေးနေစဥ်ဆွမ်းဘုဉ်းပေးနေစဉ် မြင်ကွန်းမင်းသားကြီးက '''အရှင်ဘုရား၊ တပည့်တော် ရာဇပလ္လင်ပေါ် ဖင်မထိုင်ရသမှျတော့ မြန်မာပြည်ကို မပြန်တော့ဘူး'''ဟု လှျောက်ထားရာ ဆရာတော်က '''ဒကာကြီး၊ ခဲတစ်လုံးကို ရေထဲချက အသံမြည်ပါလိမ့်မည်၊ မြန်မာပြည်ကတော့ အသံမြည်တော့မည် မဟုတ်ပေ''' ဟု မိန့်တော်မူရာ မြင်ကွန်း မင်းသားကြီးမှာ မျက်ရည်များပင် ကျရှာခဲ့သည်ဟု ဆို၏။ <ref>သန်းဝင်းလှိုင်၏ ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ</ref>
 
==စိတ်နာကြပုံ==
[[သာယာဝတီမင်း]]ခေါ် ရွှေဘိုမင်းလက်ထက်၊ အမရပူရနန်းမြို့အတွင်း မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ ညီနောင် စံတော်မူသည့် ဝင်းနှစ်ဝင်းမှာ ကပ်လှျက်ရှိသည်။ သို့ဖြစ်၍ ကနောင်မင်းသား ကိုယ်လုပ်တော် ဆောင်ရသခင်ကြီး (ခင်ဖွားကြီး)၏ အဆောင်နှင့် မြင်ကွန်းမင်းသား၏ မယ်တော်အဆောင်တို့မှာ နီးကပ်သည်။ မြင်ကွန်းမင်းသားမှာ ငယ်စဥ်ကငယ်စဉ်က ပန်းနာရင်ကျပ်ရှိသဖြင့် မအိပ်ရ၍ ခင်ဖွားကြီးက ထိန်းရ၊ ပြုစုရသည်ဟု ဆိုသည်။ ထို့ကြောင့် မြင်ကွန်းညီနောင် လက်ချက်နှင့် အိမ်ရှေ့မင်း နတ်ရွာစံရသောအခါ ခင်ဖွားကြီးသည် မြင်ကွန်းမင်းသားကို အလွန်စိတ်နာသည်ဟု အိမ်ရှေ့တော်ဆက်များက ပြောကြသည်။ <ref>မောင်သန်းဆွေ(ထားဝယ်)၏ ကုန်းဘောင်အလွန် (ပ)အုပ်၊ ၂၀၀၅-ခု၊ စက်တင်ဘာလ </ref>
 
==ဘဝနိဂုံး==