မြန်မာ နေရှင်နယ် လိဂ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
စာကြောင်း ၂၀ -
 
|}
၂၀၀၉-ခုနှစ်၊ မတ်လ(၄)ရက်နေ့မှ စတင်၍ မြန်မာ နေရှင်နယ် လိဂ် (Myanmar National League) ခေါ် ပရိုစနစ်ဖြင့် ဘောလုံးပြိုင်ပွဲကို [[မြန်မာနိုင်ငံဘောလုံးအသင်းများအဖွဲ့ချုပ်]] မှ အတည်ပြုခဲ့သည်။ မြန်မာ နေရှင်နယ် လိဂ် ပြိုင်ပွဲများကို မေလအတွင်း စတင် ကျင်းပမည် ဖြစ်သည်။ ပြိုင်ပွဲများကို ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်း တွင်သာ ကျင်းပမည်ဖြစ်ပြီး ဒုတိယအကျော့ မန္တလေးမြို့နှင့် တောင်ကြီးမြို့ တို့တွင် ကျင်းပနိုင်ရန် လျာထားကြောင်း သိရသည်။ အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် ကျင်းပမည့်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင်မည် ဖြစ်သည်။ အပြောင်းအရွှေ့ စျေးကွက်ကိုဈေးကွက်ကို မတ်လ(၅)ရက်မှ စတင်၍ ပြုလုပ်ခဲ့ကြသည်။
 
လက်ရှိ မြန်မာလိဂ်မှာ အသင်း ၈ သင်း ရှိတဲ့အတွက် ၂၀၁၀၊ ၂၀၁၁ ဘောလုံးရာသီတွေမှာ ပထမတန်းက တက်လာသော အသင်း နှစ်သင်းစီ ထပ်ထည့်ပြီး ၁၂ သင်းအထိ ရောက်လာမည်။ ၂၀၀၉ခုနှစ်မှာ လိဂ်ပုံစံလုပ်မည် မဟုတ်သေးဘဲ ရှုံးထွက်ဖလား ပုံစံနဲ့ပဲ အထက် မြန်မာပြည်မှာ တစ်ကြိမ်၊ အောက်မြန်မာ ပြည်မှာ တစ်ကြိမ် နှစ်ကြိမ် ကျင်းပသွားမည်။ မြန်မာ နေရှင်နယ် လိဂ်တွင် ၂၀၁၁-ခုနှစ်အထိ တန်းဆင်းအသင်း ရှိမည် မဟုတ်သေးဘဲ ၂၀၁၂-ခုနှစ် မှသာ တန်းတက်/တန်းဆင်း စနစ်ကို စတင် ကျင့်သုံးမည် ဖြစ်သည်။ လက်ရှိ မြန်မာ နေရှင်နယ်လိဂ်၌ အသင်း ၈သင်းသာ ရှိခြင်းနှင့် ပတ်သတ်၍ ကိုရီးယားမှ ကေလိဂ် စတင်တည်ထောင်စဉ်က ၄ သင်းတည်းသာ ရှိခဲ့သည်။ ပါဝင် ကစားကြမည့်အသင်းများ အားလုံးသည် အနည်းဆုံး `ယူ-၁၇ လူငယ်´တစ်သင်းစီကို မဖြစ်မနေ ဖွဲ့စည်း ထားရမည်။ အဆိုပါ လူငယ် အသင်းများကို သက်ဆိုင်ရာ ဒေသတွင်းမှ လူငယ်များ ဖြင့်သာ ဖွဲ့စည်းရန်၊ လူငယ်များကို ပြိုင်ပွဲများ ကျင်းပပေးပြီး ရွေးချယ် ခေါ်ယူနိုင်သည်။ အသင်းသို့ ခေါ်ယူပါက စာချုပ်ချုပ် ဆိုရမည်။
စာကြောင်း ၁၅၅ -
#ကျော်ဇေယျာဝင်း (Air Bagan) ကျပ် ၂၀ သိန်း
#စောအယ်ထူး (Air Bagan) ကျပ် ၁၅ သိန်း
#၀ိုင်းချစ်အောင်ဝိုင်းချစ်အောင် (Air Bagan) ကျပ် ၁၅ သိန်း
#ရွှေလှိုင်ဝင်း (Air Bagan) ကျပ် ၁၅ သိန်း
#ပြည့်ဖြိုးအောင် (Air Bagan) ကျပ် ၁၅ သိန်း
စာကြောင်း ၃၄၁ -
ဘောလုံးသမား များသည် အရက်သေစာနှင့် မူးယစ် ထုံထိုင်း စေတတ်သော တားမြစ်ဆေးများ သုံးစွဲခြင်း၊ လောင်းကစားခြင်း နှင့် ကလပ် အသင်း၏ ဂုဏ်သိက္ခာကို ထိခိုက် ညှိုးနွမ်းအောင် ပြုလုပ်ခြင်း များအတွက် ဒဏ်ကြေးနှင့် ပြစ်ဒဏ်များ ချမှတ်မည် ဟု ကစားသမား လုပ်ငန်း သဘောတူ စာချုပ်တွင် ထည့်သွင်း ရေးသားထားသည်။ ထို့ပြင် အဆိုပါ ကစားသမား များသည် လေ့ကျင့်ရေး ကာလအတွင်း သတ်မှတ် စည်းမျဉ်းများ ချိုးဖောက်ခြင်း၊ သတ်မှတ် လေ့ကျင့်ရေး နေ့ရက်များတွင် လေ့ကျင့် ရန် ပျက်ကွက်ခြင်း၊ ပြိုင်ပွဲ ကစားမည့် နေ့ရက်များတွင် လာရောက် ကစားရန် ပျက်ကွက်ခြင်းများ ရှိခဲ့ပါကလည်း အလားတူ အရေးယူ ခံရမည်။
 
အဆိုပါ စာချုပ်အရ ဘောလုံးသမား များသည် ကလပ်၏ လှုပ်ရှားမှုများ၊ ကြော်ငြာများ၊ စျေးကွက်ဈေးကွက် မြှင့်တင်ရေးများတွင် ပါဝင် ရမည်ဟု သိရပြီး ပြိုင်ဘက် ကုမ္ပဏီများ၊ အမှတ်တံဆိပ် များကိုမူ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သော နည်းဖြင့်ပင် ကြော်ငြာပေးခြင်း မပြုရ။ ကစားသမား ယာယီ မှတ်ပုံတင်ခြင်း (အငှားချခြင်း) ကိုလည်း တရားဝင် ခွင့်ပြုပေး ထားသည်။
 
ကစားသမား များကို လစာနှင့် ခံစားခွင့်ပေးရာ၌ လက်မှတ်ရေး ထိုးခ (signing Fee) ၊ အသင်း စွမ်းဆောင်မှု အလိုက် ပေး မည့်ဆုကြေး (Bonus) ပါဝင်သည်။ လစာငွေကို ပေးအပ်ရာ၌ ဝင်ငွေခွန်နှင့် အခြား အခွန်အခများကို ကလပ်က နှုတ်ယူပြီး သက်ဆိုင်ရာသို့ ပေးသွင်း ပေးရမည်။
စာကြောင်း ၃၄၉ -
 
===ဒိုင်စည်းမျဉ်း===
ယခင်က မြန်မာလိဂ်တွင် ဒိုင်လူကြီးများသည် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပြတ်သားမှု မရှိဟူ၍ ကစားသမားများ၊ နည်းပြများ၊ ပရိသတ်များက ဝေဖန်ခဲ့ကြသည်။ ထိုစဉ်က ဒိုင်လူကြီးများ၏ ဝင်ငွေသည် ပွဲတစ်ပွဲလျှင် ၃၀၀၀ ကျပ်သာ ရရှိပြီး စည်းကြပ်ဒိုင် ဆိုလျှင် ၁၅၀၀ ကျပ်သာ ရရှိသည်။ “ဒိုင်တွေဟာ သူတို့ကို ပရိသတ်တွေ၊ ကစားသမားတွေက ဖိအားပေးပြီ ဆိုရင် ကြောက်ပြီး မလုပ်သင့်တဲ့ ဆုံးဖြတ်ချက် အမှားတွေ ပြုလုပ်လေ့ ရှိပါတယ်။ ဒါပေမယ့် သူတို့ဘက်က သေသေချာချာ ပြန်ပြီး စဉ်းစား ကြည့်ရင်တော့ သူတို့ကို မကျေနပ်လို့ ကစားသမားတွေက ၀ိုင်းထိုးမယ်၊ဝိုင်းထိုးမယ်၊ ပရိသတ်တွေက ၀ိုင်းပြီးဝိုင်းပြီး တိုက်ခိုက်မယ် ဆိုရင် ဘယ်သူက ကာကွယ် ပေးနိုင်မှာလဲ။ ကွင်းထဲမှာ လုံခြုံရေးကလည်း မယ်မယ်ရရ ရှိတာ မဟုတ်ဘူး။ ပြီးတော့ ကျိုးပဲ့ထိခိုက် သွားရင်လည်း ကိုယ့်စားရိတ်နဲ့ ကိုယ်ဆေးကု ရမှာလေ။ ရတဲ့ ဝင်ငွေကလည်း မလောက်မငနဲ့ဆိုတော့ ဘယ်လိုမှ အဆင်မပြေပါဘူး” ထို့ကြောင့် ပရိုလိဂ်သို့ ကူးပြောင်းသည့် အခါတွင် ယင်းဒိုင်လူကြီး များ၏ အခန်း ကဏ္ဍကိုပါ ထည့်သွင်း စဉ်းစားထားပြီး ဒိုင်လူ ကြီးတစ်ဦးလျှင် ပွဲကြီးကြပ်ကြေး အဖြစ် လက်ရှိ ဝင်ငွေ၏ ငါးဆမျှ (၁၅၀၀၀ ကျပ်ခန့်) ရရှိနိုင်မည်။ သို့သော် ယင်းဒိုင်လူကြီး များ၏ ပွဲကြီးကြပ်မှု အရည်အချင်း ကိုလည်း အကဲခတ်နေမည် ဖြစ်ပြီး စွမ်းဆောင်ရည် ညံ့ဖျင်းပါက ပွဲကြီး ကြပ်ခွင့် ပိတ်ပင်မည့် ပြစ်ဒဏ်များကိုလည်း ချမှတ်ဖွယ် ရှိနေသည်။ ထို့ကြောင့် ဒိုင်လူကြီးများသည် ဝင်ငွေ လျော့ကျသွားမှု မရှိစေရန် ပွဲများကို အာရုံစိုက်၍ သေချာစွာ ကြီးကြပ် လိမ့်မည်ဟု ယုံကြည်ထားသည်။
 
“ပရို စည်းမျဉ်းသစ်မှာ ဒိုင်တွေကို အပြည့်အဝ ကာကွယ် ပေးထားပါတယ်။ ပြောရရင် ကစားသမားဟာ ဒိုင်လူကြီးကို စေ့စေ့ တောင် ကြည့်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒိုင်ကို ကလန်ကဆန် လုပ်ရင် အနီကဒ် အဝါကဒ်တွေ အပြခံရမှာ ဖြစ်သည်။ ဒီကဒ် တွေကလဲ အရင်လို အဝါကဒ် ထိရင် ငါးရာကျပ်၊ အနီကဒ်ထိရင် တစ်ထောင်ကျပ် ဆိုတာမျိုး မဟုတ်တော့ပါ။ သောင်း ဂဏန်း သိန်းဂဏန်းအထိ ဒဏ်တပ်မှာ ဖြစ်ပြီး သက်ဆိုင်ရာ ကလပ်အသင်း ကလည်း အဲဒီ ကစားသမားကို စာချုပ်ပါ စည်းမျဉ်း စည်းကမ်းတွေအရ ထပ်မံ အရေးယူဦးမှာ ဖြစ်ပါတယ်” ဟု မြန်မာ နေရှင်နယ်လိဂ် အဖွဲ့ချုပ်မှ ဆိုသည်။ ဒိုင်၏ အဆုံးအဖြတ်နဲ့ အခြား ပြိုင်ပွဲဆိုင်ရာ အချက်အလက်များကို မကျေနပ်သော အသင်းများသည် ပြိုင်ပွဲ ကြီးကြပ်ရေး ကော်မတီသို့ ၇၂ နာရီ အတွင်း တိုင်ကြားနိုင်သည်။ သို့သော် ထိုသို့ တိုင်ကြားသည့် အတွက် ၁၀၀၀၀ ကျပ် ခန့် ငွေကြေးကို ပေးဆောင် ရမည်ဟု MFF က ထုတ်ပြန်ထားသည်။