ဘိုမြ၊ စော: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး DisamAssist ကို အသုံးပြု၍ ခင်ညွန့် သို့ သံတူကြောင်းကွဲလင့်ခ်ကို ပြင်ဆင်နေသည်။ (ခင်ညွန့်၊ ဗိုလ်ချုပ်ကြီး သို့ လင့်ခ်ပြောင်းလဲပြီးပြီ)
→‎ဘိုမြ၊ စော: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၂ -
ကရင့် တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြဟာ ၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၂ နာရီ အချိန်က မဲဆောက်မြို့ ဖာဝေါ့ ပုဂ္ဂလိက ဆေးရုံကြီးမှာ ဆီးချို၊ နှလုံး စတဲ့ ရောဂါများဖြင့် ကွယ်လွန် သွားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး စောဘိုမြဟာ ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီ ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီး စောဘိုမြ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားသမီး ၇ ဦး စလုံး ကျန်ရစ် ခဲ့ပါသည်။
 
၂ဝဝ၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး စောဘိုမြ ဦးဆောင်တဲ့ အဖွဲ့ဝင် ၂ဝ ဦး ပါတဲ့ KNU ကိုယ်စားလှယ် အဖွဲ့ဟာ ထိုစဉ်က ဝန်ကြီးချူပ် အဖြစ် တာဝန် ယူနေတဲ့ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး[[ခင်ညွန့်၊ ဗိုလ်ချုပ်ကြီး|ခင်ညွန့်]] ငြိမ်းချမ်း အတွက်ရေးအတွက် ဆွေးနွေးဖို့ [[ရန်ကုန်မြို့]]ကို ရောက်ရှိ လာသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့ မှာတော့ ယာယီ အပစ်အခတ် ရပ်စဲ ထားကြရန် နှစ်ဖက် အကြား နားလည်မှု ရရှိခဲ့သည်။ ၂ဝဝ၆ ခုနှစ်၊ ဇူလိုင်လ အတွင်း ဗိုလ်ချုပ်ကြီး စောဘိုမြ နာမကျန်း ဖြစ်နေချိန်မှာ [[နအဖ]] အစိုးရက [[ထိုင်းနိုင်ငံ]]ရှိ မြန်မာ သံရုံး ကနေ တဆင့် ရန်ကုန်မှာ လာရောက် ဆေးကုသဖို့ ဖိတ်ခေါ် ကမ်းလှမ်း ခဲ့သော်လည်း ဗိုလ်ချုပ်ကြီး စောဘိုမြက လက်မခံ ငြင်းပယ်ခဲ့သည်။
 
ဗိုလ်ချုပ်ကြီး စောဘိုမြ ၏ ဖြတ်သန်းမှုကို ကွယ်လွန်သူ KNU အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလားဖန်းက '''ဗိုလ်ချုပ်မြ (သို့) တော်လှန်ရေးမုန်တိုင်းအတွင်းမှ သစ်တစ်ပင်''' ဆောင်းပါးကို ရေးသားခဲ့သည်။
 
 
== ရည်ညွှန်း။ ==