ဂေါ်ဒင် လုစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့: အလွတ်ဖြစ်နေသော ကိုးကားချက်များကို မထပ်နေစေရန် ကိုးကားအမည်များ ထည့်ခြင်း။ FAQ ကိုကြည့်ပါ။
စာကြောင်း ၂၂ -
ဂေါ်ဒင် ဟန်နီတန် လုစ် (Gordon Hannington Luce) သည် ကိုလိုနီခေတ် ပညာရှင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် သမိုင်းပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့သမိုင်းတွင် ဒေါက်တာလုစ်၊ ဂျီအိပ်လုစ်၊ ပါမောက္ခလုစ် အမည်များဖြစ် ထင်ရှားသည်။ သူ့အား ၁၈၈၉ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၇၉ မေလ ၃ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ သူ၏ထင်ရှားသောစာအုပ်များ၊ လက်ရေးစာမူများ၊ မြေပုံများနှင့်ဓာတ်ပုံများပါဝင်သည့် Luce Collection ကို ၁၉၈၀ ခုနှစ်တွင်သြစတြေးလျအမျိုးသားစာကြည့်တိုက်မှ အာရှဒေသဆိုင်ရာအကြီးစားသုတေသန စုဆောင်းမှု၏ တစိတ်တပိုင်းအဖြစ်ဝယ်ယူခဲ့သည်။
 
ဒေါက်တာလုစ်ကို သမိုင်းပါမောက္ခအဖြစ် လူသိများသည်။ မြန်မာအစ ကျောက်ဆည်ကအဆိုကို တင်သွင်းသူနဲ့ ပုဂံအကြောင်း စာအုပ်ကြီး သုံးတွဲ ရေးခဲ့သူဖြစ်သည်။<ref name="autogenerated1">https://www.bbc.com/burmese/in-depth-47894572</ref> <ref>[https://www.lostfootsteps.org/my/history/myanmars-great-gentlemen-scholars အမေ့ခံအတိတ် | မြန်မာသမိုင်းပညာရှင် ဗိုလ်မှူးဘရှင်၏ မွေးနေ့<!-- ဘော့က ထုတ်ပေးသော ခေါင်းစဉ် -->]</ref>လုစ်သည် ဂလူးကစ္စတာ၊ စိန့်နီကိုးလပစ်ဂိုဏ်း ဘုန်းတော်ကြီး ဂျွန်ဂျိမ်းလုစ်၏ သားသမီး ၁၃ ယောက်မှ ၁၂ယောက်မြောက်ဖြစ်သည်။ ချယ်တင်ဟန်ဒေသရှိ ဒိန်း ကလို့စ်ကောလိပ်တွင် ပညာသင်ကြားခဲ့ပြီး ထိုမှ ကိန်းဘရစ်ချ် အမ်မန်နူရယ် ကောလိပ်သို့ ဂန္တဝင်ပညာသင်ဆုရရှိခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် ဂန္တဝင်ဆိုင်ရာ ဒီဂရီတွင် ပထမအဆင့်ရရှိခဲ့သည်။ ကိန်းဘရစ်ချ်တွင် ပညာသင်ကြားနေသည့်ကာလအတွင်း ကိန်းဘရစ်ချ် တမန်တော်များ အသင်းဝင်ခဲ့ပြီး သူ၏ မိတ်ဆွေအသိုင်းအဝိုင်းတွင် အာသာ ဝေလီ တို့ ပါဝင်ခဲ့သည်။ ရူပါ့ဘရော့ကီး၊ အဒေါ့ဖ် ဟက်ခ်လီ နှင့် ဂျွန် မေနာ့တ် ကန်နီစ် နှင့်အခြား ဘလူးစ်ဘူရီ အဖွဲ့ဝင်များကဲ့သို့ ခေတ်ပြိုင်များနှင့် မိတ်ဆွေဖြစ်ခွင့်ရခဲ့သည်။
 
၁၉၁၂ခုနှစ်တွင် ရန်ကုန် အစိုးရ ကောလိပ်ရှိ အင်္ဂလိပ်စာဌာနတွင် ကထိကအဖြစ် ခန့်အပ်ခြင်းခံရသည်။ ထိုအချိန်က ပါဠိဘာသာကထိက ဦးဖေမောင်တင်နှင့် ထာဝရမိတ်ဆွေအဖြစ်တည်ဆောက်နိုင်ခဲ့ပြီး ဦးဖေမောင်တင်၏ ညီမဖြစ်သူ မတီတီနှင့် လက်ဆက်ခဲ့သည်။ လုစ်၏ မြန်မာ့ယဉ်ကျေးမှူလေ့လာချက်များသည် မြန်မာနိုင်ငံ သုတေသန အသင်း၏ ဂျာနယ်များသို့ဆောင်းပါများဖြစ် ရောက်ရှိလာခဲ့သည်။ သူသည် ဖန်တီးတီထွင်နိုင်သော စာရေးဆရာအဖြစ် ဘဝတလျှောက်လုံးနေထိုင်သွားခဲ့ပြီး စာအုပ်ပေါင်းမြောက်များစွာရေးသားခဲ့သည်။ ရေးသားခဲ့သည့်စာအုပ်များတွင် ဗမာ့သမိုင်း၊ ဗမာစာပေများနှင့်သက်ဆိုင်သည့် ကြီးမားကျယ်ပြန့်သော အကြောင်းအရာများပါဝင်သည်။ ဥဒဟာရုဏ်အဖြစ် ၁၈ရာစုအတွင်း ဗမာပြည်သို့ တရုတ်ကျူးကျော်မှု၊ Inscriptions of Burma, The Economic Life of the Early Burman, and An Introduction to the Comparative Study of Karen Languages တို့ဖြစ်ကြသည်။ သူ၏ ပုဂံအကြို ဗမာပြည် ဆိုသည့် သုံးအုပ်တွဲသည် ဗမာပြည်၏ သမိုင်း၊ သုခုမအနုပညာနှင့် ဗိသုကာဆိုင်ရာအကြောင်းများ၊ ၁၁ရာစုနှင့် ၁၂ရာစုအတွင်း ပုဂံပြည်၏ မြို့တော်အကြောင်းများပါဝင်သည်။ ဗမာပြည်အစောပိုင်းသမိုင်း ပုဂံခေတ်ဦး စာတမ်းသည် သူကွယ်လွန်းပြီးနောက်မှ ထွက်ပေါ်လာခဲ့သည်။ သူရေးသားခဲ့သည့်အကြောင်းအရာမြောက်များစွာသည်ယနေ့ချိန်အထိ အခိုင်အမာကျန်ရစ်ပြီး ကျယ်ပြန့်စွာ ကိုးကားခြင်းခံရသည်။
စာကြောင်း ၃၈ -
မြန်မာ့ဂုဏ်ရောင် ၊ ထွန်းလင်းပြောင်သည်
 
ငါးထောင်တည်မည့် နိမိတ်တည်း" ဟူ၍ ရေးစပ်ထားခဲ့ပြီး ဂေါ်ဒင်လုစ်အမည်အား ဝေဠုဟုခေါ်ဆိုခဲ့သည်။ ဤအမည်မှာ လုစ်၏ ဇနီးဖြစ်သူ ဒေါ်တီတီလုစ်၏ အဘိုးလေး တောင်ခွင်သာသနာပိုင်ဆရာတော်မှ ပညတ်ပေးသည့် မြန်မာအမည်ဖြစ်သည်။ လုစ်၏ တပည့်ရင်းဖြစ်သူ ပုဂံကျောက်စာအရာရှိ မွန်ဘိုကေ က ဆရာအလွမ်းပြေအဖြင့် နဂါးရုံဘုရား၌ ဆရာလုစ်သို့ ကဗျာရေးထိုးထားခဲ့သည်။<ref>https: name="autogenerated1" //www.bbc.com/burmese/in-depth-47894572</ref>
 
==လုစ် စုဆောင်းမှု==
လုစ်၏ လက်ရေးမူများတွင် အမျိုးမျိုးသော အကြောင်းအရာများ ပါဝင်သည်။ ၎င်းတို့အား ဩစတေးလျအမျိုးသားစာကြည့်တိုက်တွင် သေတ္တာ ပေါင်း ၃၂ လုံး၊ ဖိုင်ပေါင်း ၂၂ ဖိုင်အတွင်း ထည့်သွင်း သိမ်းဆည်းထားသည်။ ကျယ်ပြန့်သောစာရင်းရရှိနိုင်ပါသည်။ ဆယ်ခုတွင်ယေဘုယျစာပေးစာယူပါရှိသည်။ လုစ်ကော်လက်ရှင်းတွင် စာအုပ်ပေါင်း ၂၀၀၀ကျော်ပါဝင်သည်။ မြန်မာပြည်အကြောင်းအား အဓိကတွေ့ရပြီး အရှေ့တောင်အာရှ၏ ယဉ်ကျေးမျုအကြောင်းအရာများ၊ စာပေနှင့် သမိုင်းအကြောင်းအရာမြောက်များစွာပါဝင်သည်။ အမျိုးသား ကျမ်းကိုးစာရင်းဒေတာဘေ့စ်ပေါ်သို့ ခေါင်းစဉ်များအား စာရင်းပြုစုထားသည်။
ဗုဒ္ဓဘာသာ ဒီဂျစ်တယ်အရင်းအမြစ် ဗဟိုဌာနတွင် လုစ်၏ မထုတ်ဝေခဲ့သည့် မှတ်စုစာအုပ်အစုစုတို့ကို ထပ်ပေါင်းအနေဖြင့် အွန်လိုင်ပေါ်တွင် တင်ထားပေးလေသည်။ ထိုအထဲတွင် ဗမာပြည် ကျောက်စာများအား ကူးယူထားသည့် စာများ ပါဝင်သည်။ မူရင်းများအား လန်ဒန်တက္ကသိုလ်ရှိ SOAS တွင်ထိန်းသိမ်းထားသည်။<ref>[https://digital.soas.ac.uk/AA00000924/00002/citation G. H. Luce Papers<!-- ဘော့က ထုတ်ပေးသော ခေါင်းစဉ် -->]</ref><ref>https://www.tbrc.org/#!rid=P2KG200019</ref>
 
==Siam Society Collection==