မိုးကုတ်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

→‎တရားဟောဟန်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၅၈ -
မိုးကုတ်ဆရာတော်ဘုရားကြီးသည် မြတ်စွာဘုရားအလိုတော်အတိုင်း သစ္စာလေးပါးတရားတော်များကို ဟုတ်တိုင်းမှန်ရာ သိရှိနားလည်နိုင်စေရန်နှင့် ယောနိသောမနသိကာရ နှလုံးသွင်းမှန်စေရန် ရည်ရွယ်၍ အများနားလည်သော စကားများဖြင့် နည်းမျိုးစုံသုံးကာ ဟောကြားတော်မူခဲ့သည်။ ဆရာတော်၏ဟောဟန်မှာ အများခေတ်စားသလို သံနေသံထားအမျိုးမျိုး အသံနိမ့်မြင့်ဖြင့် ဟောခြင်းမျိုးမဟုတ်။ အကြောင်းအရာတစ်ခုကို အရပ်သုံးစကားဖြင့် ရှင်းပြခြင်းမျိုး ဖြစ်လေသည်။ ပရိယာယ်မပါ မှန်ရာကိုသာ တည့်တည့်ကြီးဟောပြောနေခြင်းမျိုး ဖြစ်သည့်အတွက် နားကြားရသူအဖို့တွင် နားလည်သဘောပေါက်လွယ်ကြသည်။ ဟောပြောရာတွင်လည်း မည်ကဲ့သို့ပင် ဂုဏ်ရှိရှိ ညှာတာထောက်ထားတော်မူလေ့ မရှိပဲ တင်းတင်းရင်းရင်း တိုက်ရိုက်ပင် လက်ညှိုးထိုးကာ စေတနာအပြည့်ဖြင့် ဟုတ်တိုင်းမှန်ရာ ဟောပြ ညွှန်ပြတော်မူလေ့ ရှိပါသည်။ ယောဂီများအတွက်လည်း အခက်အခဲမရှိ တရားအားထုတ်နိုင်ရန် ဝိပဿနာကျင့်စဉ်များကို နေ့စဉ်သုံးစကားဖြင့် သွန်သင်ဆုံးမထားခဲ့ပါသည်။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ဘုရားကြီးကပင်လျှင် မိုးကုတ်ဆရာတော်၏ ဟောချက်များနှင့် ပတ်သက်၍ ဗုဒ္ဓတရားတော်တွေကို မြန်မာဘာသာနှင့် မြန်မာလူမျိုးတွေ နားလည်အောင် ဟောကြားတဲ့နေရာမှာ မြတ်စွာဘုရားသာရှိမယ်ဆိုရင် မြန်မာအဋ္ဌကထာ ဆရာကြီးရယ်လို့ ဧတဒဂ်ဘွဲ့ထူး ပေးရလောက်ပါပေတယ် ဟု မှတ်ချက်ပြုတော်မူခဲ့သည်။ သို့ရာတွင် မှန်ကင်းဆရာတော်မှ မိုးကုတ်ဆရာတော်ကြီး ဟောတရားများတွင် ပါဝင်နေသော အမှားပေါင်း (၂၀၀) ကျော်ကို စောဒနာတင် ထောက်ပြခဲ့ရာ နိုင်ငံတော် သံဃမဟာနာယကမှ သီးခြားဝိနည်းဓိုရ် ဖွဲ့စည်းပြီး အမှတ် (၁၂) 'မိုးကုတ် ဝိနိစ္ဆယ' အဖြစ် အမှားများကို ပြင်ဆင်ပယ်နုတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
 
ဆရာတော်ကြီးသည်ခုတင်ပေါ်တွင် တရားဟောရာ တောင်ငူမြို့၊ဘော်ပလိရပ် ကွမ်းခြံကြီးက ရလာသော ကွမ်းသီးလုံးကို စီတန်းကာ ဟောကြားခဲ့ပါသည်။ ထို့နောက်တရားပလ္လင်ဆပ်ကပ်လာသောကြောင့် တရားပလ္လင်ပေါ်ထိုင် စားပွဲပေါ်တွင်ကွမ်းသီးလုံးတင်ပြီး ဟောကြားသောကြောင့် မြင်သလာပါတော့သည်။ များမကြာမီ ပန်းချီဆရာဦးထွန်းရင်က ခွက်ကလေးများဆပ်ကပ်သဖြင့် ကွမ်းသီးအစား ပလပ်စတစ် သုံးခဲ့ရာ ပို့ပြီးမြင်သာလာပါတော့သည်။ ဦးထွန်းရင် လျောက်ထားသောကြောင့်စက်ဝိုင်းဒေသနာကို ရေးဆွဲခခဲ့ပြီးရေးဆွဲခဲ့ပြီး ဦးထွန်းရင်က သုံးထပ်သားပေါ်တွင်ပြန်လည်ရေးသားသောကြောင့်ပိုပြီး အမြင်လင်းလာတော့သည်။ ဆရာတော်သည် ရန်ခါတွင် ခွက်ကလေးများချကာချကာ စက်ဝိုင်းကို တုတ်ဖြင့်ထောက်ကာ ထောက်ကာ ပြသသည်ကိုလည်းသိရပါသည်။
 
ဆရာတော်ဘုရားသည် ခန္ဓာဝန်မချမှီအချိန်တိုင်အောင်ပင် သစ္စာလေးပါး တရားတော်များကို မရပ်မနား ဟောကြားသွားတော်မူခဲ့သည်။ သစ္စာလေးပါး တရားတော်ကို အဟောအပြော သက်သက်မျှ မဟုတ်ပဲ အလုပ်သဘောဖြင့် ကိုယ်တော်တိုင် သက်သေပြတော်မူခဲ့လေသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့သော သစ္စာလေးပါးတရားတော်များမှာ တရားခွေများ၊ ဒစ်ဂျစ်တယ် အမ်ပီသရီး စီဒီများဖြင့် ပုဒ်ရေ တစ်ထောင်ခန့် ကျန်ရှိခဲ့ရာ ယခုတိုင် နာကြားနေကြရဆဲ ဖြစ်ပါသည်။ ထို့ပြင် အသံသွင်း တိတ်ခွေများမှတဆင့် စာအုပ်အဖြစ်သို့ ပုဒ်ရေငါးရာကျော်ကိုလည်း ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ပါသည်။ ဆရာတော်ဘုရား၏ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ သီရိလင်္ကာ စသည့် နိုင်ငံခြားတိုင်းပြည် များတွင်လည်း ဘာသာပြန်ဆိုကာ လေ့လာအားထုတ်လျှက် ရှိကြပါသည်။