ဆူးလေစေတီတော်: တည်းဖြတ်မှု မူကွဲများ

၄ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီးNo edit summary
 
== သမိုင်းကြောင်း ==
ဆူးလေဘုရားသမိုင်းနှင့် စပ်လျဉ်း၍၎င်း၊ ဘွဲ့အမည်နှင့် စပ်လျဉ်း၍၎င်း အယူအဆ အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ အများနားလည်ယူဆထားကြသော ဘုရားသမိုင်းမှာ [[ရွှေတိဂုံ စေတီတော်]] ဘုရားသမိုင်းများတွင် ထည့်သွင်းဖော်ပြထားသည့်အတိုင်းဖြစ်သည်။ ဘီစီ(၅၈၈) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ်(၁၀၃)ခု တွင် 'တဖုဿနှင့် ဘလ္လိကညီနောင်တို့သည် မြတ်စွာဘုရားပေးသနားတော်မူလိုက်သော ဆံတော်ရှစ်ဆူကို ဥက္ကလာပမင်းကြီး ထံယူဆောင်လာ၍ စေတီတည်ထားကိုးကွယ်ရန် ဘူမိနက်သံမြေ ဖြစ်သော သိင်္ဂုတ္တရကုန်းကို ရှာဖွေကြသည်။ ရုတ်တစ်ရက် မတွေ့နိုင်သဖြင့် သိကြားမင်း မနေနိုင်သောကြောင့် [[ဝိသကြုံ]] နတ်သားကို စေလွှတ်၍ တောရှင်းစေသည်တွင် သိင်္ဂုတ္တရကုန်းမြေကို တွေ့ရှိကြသည်။ သို့သော်လည်း အခြားသော ဘုရားရှင်သုံးဆူတို့၏ ဓာတ်တော်များ တည်ရှိရာတွင် ဆံတော်များကို ဌာပနာ၍ စေတီတည်ရမည်ဖြစ်ရာ ထိုနေရာကို မသိကြ ဖြစ်သဖြင့် ဆူးလေစေတီတည်မည့် ကုန်းနေရာ၌ ဥက္ကလာပမင်းနှင့်တကွ လူနတ်အများ စုဝေးကြပြီးလျှင် ဆူးလေနတ်ကြီး အပါအဝင် နတ်ကြီးလေးပါးကို ပင့်ခေါ်၍ မေးသည်တွင်မှ ထိုနေရာကို တွေ့ရှိသောကြောင့် ရွှေတိဂုံစေတီတော်ကို တည်ကြသည်။ ထို့နောက် နတ်လူအများစုဝေးကြရာ ကုန်းမြေ၌ အထိမ်းအမှတ် စေတီတစ်ဆူတည်၍ စုဝေးစေတီတွင်သည်။
 
== အမည်ရင်းမြစ် ==