ဗိသုကာပညာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted 1 edit by 77.158.55.44 (talk) to last revision by Dr Lotus Black. (TW)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၀ -
ဗိသုကာပညာကို လေ့လာရာ၌ ကမ္ဘာ့သမိုင်းကိုပါ ယှဉ်တွဲလေ့လာသင့်သည် ။ [[သမိုင်း]] ကို လေ့လာခြင်းဖြင့် ဗိသုကာများ အဆောက်အအုံ ပုံစံထုတ်လုပ်ရာ၌ များစွာ အထောက်အကူပြုသည် ။ လွန်ခဲ့သော အနှစ် ၁၀ဝ ကျော်ခန့်အထိ ဖြစ်သော ဗိသုကာ လက်ရာများသည် ရှေးဟောင်းပုံစံများကို အခြေခံထား၍ ဆောက်လုပ်ထားကြသည် ။ ရှေးဗိသုကာပညာကို ထိန်းသိမ်းသည့် သဘောပင်ဖြစ်သည် ။ '''အနောက်နိုင်ငံ ဗိသုကာ ပညာ''' ၏ အရင်းအမြစ်ကို လိုက်မူ မြေထဲပင်လယ်ဒေသ ၊ တိုင်းဂရစ်နှင့် ယူဖရေးတီးမြစ် ၂ မြွှာဒေသ ၊ [[အီဂျစ်နိုင်ငံ]] နိုင်းမြစ်ဝှမ်းဒေသတို့တွင် တွေ့ရ ပေမည် ။ [[ဘီစီ]] ၄ ဝ၀ဝ ခန့်ကပင် စတင်၍ [[မြေထဲပင်လယ်]]ဒေသ၌ ကျောက်တုံးများဖြင့် နေအိမ် ၊ ဘုရားကျောင်း ၊ ဂူသင်္ချိုင်း စသည်တို့ကို ဆောက်လုပ်၍ ရုပ်လုံးများ ခပ်ကြမ်းကြမ်း ထွင်းထု ခြယ်သထားသည်ကို တွေ ့ရသည် ။<sup> [၁] </sup>
 
==ဝေါဟာရ==
== မြန်မာဗိသုကာပညာ ==
မြန်မာနိုင်ငံ ဗိသုကာပညာသည် [[အိန္ဒိယနိုင်ငံ]] မဇ္ဈိမဒေသမှ [[ဗုဒ္ဓ]]အယူဝါဒနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ဟု ယူဆကြသည် ။ ဗိသုကာပညာသည် ရှေးဦးစွာ ပျူလူမျိုးတို့၏ ဒေသဖြစ်သော သရေခေတ္တရာ၌ ၎င်း ၊ ရှေးမွန်လူမျိုးတို့၏ ဒေသဖြစ်သော သုဝဏ္ဏဘုမ္မိ သထုံ၌၎င်း ထွန်းကားခဲ့သည် ။ [[သရေခေတ္တရာခေတ်]] တွင် ထင်ရှားသည့် လက်ရာမှာ ပေါပေါကြီး ( ဘောဘောကြီး ) ၊ ဘုရားကြီး ၊ ဘုရားမာတို့ ဖြစ်သည် ။ ပေါပေါကြီး ဘုရားသည် အထက်အောက် တပြေးတည်း ကဲ့သို့ လုံးပတ် ညီညာသော စေတီ ဖြစ်၍ ဘုရားကြီးနှင့် ဘုရားမာတို့သည် အထက်ပိုင်းချွန်သော စေတီလုံးများ ဖြစ်သည် ။ ခေါင်းလောင်းပုံ ၊ သပိတ်မှောက်၊ ဖောင်းရစ် ၊ ကြာမှောက်ကြာလှန်များ မပါဝင်ချေ ။