ဗိသုကာပညာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၁ -
 
==ဝေါဟာရ==
ဗိသုကာဟူသည့် မြန်မာဝေါဟာရသည် "ဝိသုကမ္မ" ဟူသည့် ပါဠိဝေါဟာရမှ ဆင်းသက်လာသည်။ ပါဠိသဒ္ဒါ၌ "ဝ" နှင့် "ဗ" အပြောင်းအလဲ ရှိ၏။ (ဝိသုကမ္မ = ဗိသုကမ္မ = ဆောက်လုပ်မှုဆိုင်ရာပညာ ကျွမ်းကျင်သော လက်သမားဆရာ)
 
== မြန်မာဗိသုကာပညာ ==
မြန်မာနိုင်ငံ ဗိသုကာပညာသည် [[အိန္ဒိယနိုင်ငံ]] မဇ္ဈိမဒေသမှ [[ဗုဒ္ဓ]]အယူဝါဒနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ဟု ယူဆကြသည် ။ ဗိသုကာပညာသည် ရှေးဦးစွာ ပျူလူမျိုးတို့၏ ဒေသဖြစ်သော သရေခေတ္တရာ၌ ၎င်း ၊ ရှေးမွန်လူမျိုးတို့၏ ဒေသဖြစ်သော သုဝဏ္ဏဘုမ္မိ သထုံ၌၎င်း ထွန်းကားခဲ့သည် ။ [[သရေခေတ္တရာခေတ်]] တွင် ထင်ရှားသည့် လက်ရာမှာ ပေါပေါကြီး ( ဘောဘောကြီး ) ၊ ဘုရားကြီး ၊ ဘုရားမာတို့ ဖြစ်သည် ။ ပေါပေါကြီး ဘုရားသည် အထက်အောက် တပြေးတည်း ကဲ့သို့ လုံးပတ် ညီညာသော စေတီ ဖြစ်၍ ဘုရားကြီးနှင့် ဘုရားမာတို့သည် အထက်ပိုင်းချွန်သော စေတီလုံးများ ဖြစ်သည် ။ ခေါင်းလောင်းပုံ ၊ သပိတ်မှောက်၊ ဖောင်းရစ် ၊ ကြာမှောက်ကြာလှန်များ မပါဝင်ချေ ။