ဆစ်ဂမန် ဖရွိုက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
lang template & fix his name
စာကြောင်း ၁ -
[[File:Sigmund Freud LIFE.jpg|thumb|ဆစ်ဂမန် ဖရွိုက်]]
 
ဆစ်ဂမန်ဖရွိုက်သည်'''ဇီးမွန် ဖရွိုက်''' ({{lang-de|'''Sigmund Freud'''}}) ၁၈၅၆ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် မွေးဖွား၍၊ ယဟူဒီမျိုးရိုးမှ ဆင်းသက်သော ဩစတြီးယားနိုင်ငံသားဖြစ်သည်။ ငယ်စဉ်က ဗီယင်းနားမြို့တွင် ပညာသင်ကြားသည်။ ဦးစွာ၌ ဖရွိုက်သည် သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းကို ဝါသနာ စူးစိုက်ခဲ့သော်လည်း၊ နောင်အခါ၌ကား ဆေးဖက်ဆိုင်ရာ သိပ္ပံပညာကို လိုက်စားခဲ့လေသည်။ နှစ်ပေါင်း အတန်ကြာမျှ ဆရာအမျိုးမျိုးတို့၏ လက်အောက်တွင် သုတေသနပြု၍ ပညာရှာမှီးခဲ့ပြီးနောက်၊ ၁၈၈၁ ခုနှစ်တွင် ဆရာဝန်ဘွဲ့ကို ရရှိသည်။ ငွေရေးကြေးရေးအခက်အခဲများကြောင့် သုတေသနလုပ်ငန်းကို စွန့်လွှတ် ၍၊ နာဗ်ကြောရောဂါကု ဆေးခန်းကို ဖွင့်လှစ်ခဲ့၏။ ၁၈၈၄ ခုနှစ်တွင် ဗီယင်နာမြို့ရှိ ဒေါက်တာဂျိုးဇက် ဗရွိုင်ယာကစိတ်ချောက်ချားရောဂါရသူကို အိပ်မွေ့ချ၍ကုသနိုင်ကြောင်းဖြင့် ဖရွိုက်အား အကြောင်းကြားလိုက်သည်။ ထိုကြောင့် ဖရွိုက်သည် နောက်တစ်နှစ်တွင် ပါရစ်မြို့တော်သို့ သွားရောက်၍၊ နာဗ်ကြောရောဂါကု ဆရာဝန်ကြီး ရှာကိုး၏ လက်အောက်တွင် တစ်နှစ်ကျော်မျှ ပညာသင်ကြားလေ့လာပြီးလျှင်၊ စိတ်ချောက်ချား ရောဂါစသော နာဗ်ကြောဆိုင်ရာရောဂါများကို နည်းသစ်နည်းဆန်းဖြစ်သော စိတ်ပညာနည်းဖြင့် ကုသရန်ကြိုးစားခဲ့သည်။