ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Moyezan (ဆွေးနွေး) ၏ တည်းဖြတ်မူ 540572 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်, -ဥ် +ဉ်, -စျ +ဈ, -်် +်, -၄င်း +၎င်း)
စာကြောင်း ၁၃ -
== ပထဝီနယ်မြေ ==
[[ဖိုင်:မြန်မာနိုင်ငံအတွင်းသို့တိဗက်မြန်မာအုပ်စု ဝင်ရောက်လာခြင်းကိုပြသောမြေပုံ.jpg|thumb|422x422px|[[တိဘက်မြန်မာစကားအုပ်စု|တိဗက်မြန်မာ]] အုပ်စု မြန်မာနိုင်ငံ သို့ ဝင်ရောက်လာခြင်းကို ပြသော မြေပုံ။]]
မြို တိုင်းရင်းသားလူမျိုးစု ဆိုသည်မှာ ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးစု များဖြစ်သည့် [[ရခိုင်လူမျိုး|ရခိုင်]]၊ [[ကမန်လူမျိုး|ကမန်]]၊ [[ခမီလူမျိုး|ခမီ]]၊ [[ဒိုင်းနက်လူမျိုး|ဒိုင်းနက်]]၊ [[မရမာကြီးလူမျိုး|မရမာကြီး]]၊ မြို(မရူ)၊ သက် ဟုဆိုခါ လူမျိုးစု ၇ စုတွင်ပါ ရှိသည်။ ယခုအခါတွင် [[မောင်တောခရိုင်]] ၊ [[မေယုတောင်တန်း]] ၊ [[ဘူးသီးတောင်မြို့နယ်]] ၊ စိုင်းဒင်([[စိုင်းတင် ရေတံခွန်|စိုင်းဒင်ရေတံခွန်]])ချောင်းဖျား အထက်ပိုင်းတွင်အများဆုံးနေထိုင်ကြသည် ။[[ပုဏ္ဏားကျွန်းမြို့နယ်]] ၊စမ်းပတီးချောင်းတစ်လျှောက်၊ [[ကျောက်တော်မြို့နယ်]] နှင့် [[ချင်းပြည်နယ်]] ချင်းလက်ဝတွင် အနည်းငယ် ပျံ့ နှံ့နေထိုင်ကြသည်။ နေထိုင်ရာဒေသ ပျံ့နှံ့ သွားပုံ ကို သမိုင်း ၊ နုတ်ရာဇဝင်မှတ်တမ်းများအရ ဤသို့ ဆိုပါသည် လွန်ခဲ့ သောနှစ်ပေါင်းထောင်ကျော်ခန့်က[[မဇ္ဈိမဒေသ]]တစ်နေရာတွင် ကုသဝတီပြည်ရှိလေသည်။ထိုပြည်တွင်ဝါရဓမ္မတူအမည်ရှိ ဘုရင်အုပ်ချုပ်စိုးစံလေ၏။ အခြားမင်းသားတစ်ပါးသည် ဝါရဓမ္မတူမင်းအား စစ်သည်ဗိုလ်ပါများစွာဖြင့် ဝင်ရောက်တိုက်ခိုက်လေရာ အရေးနိမ့်ပြီး မင်းညီမင်းသားဆွေတော်မျိုးတော်အပေါင်းတို့ ကစဥ့်ကရဲပြိုကွဲ၍ အသက်ဘေးမှ လွတ်မြောက်ရန်ခြေဦးတည်ရာ ထွက်ပြေးတိမ်းရှောင်ကြရသည်။ ကုသဝတီပြည့်ရှင် ဘုရင်ဝါရဓမ္မတူ၏ သားတော် ခွာဇုပုတိမင်းသားသည် အပေါင်းအဖော်နောက်လိုက် တစ်သောင်းခန့်နှင့် အာသမ်နယ်ဘက် တွင် အချိန်အတော်ကြာရပ်နား၍ မိမိတို့၏ ဘဝတစ်သက်သာအတွက် အခြေစိုက်နေထိုင်ရန် စီစဉ်ကြသည်ဟု ဆို၏။သို့ရာတွင် အာသမ်ဘုရင်သည် ခွာဇုပုတိမင်းသားခြောက်လ၊ တစ်နှစ်စသည်ဖြင့်လောက်သာ ခေတ္တ ခိုလှုံရန် ခွင့်ပြုသည်။ အမြဲ တမ်းအခြေစိုက်နေထိုင်ရန် ခွင့်မပြုပေ။ ထို့ကြောင့်ခွာဇုပတိတို့အုပ်စုသည် အာသမ်နယ်ဘက်မှ ကစ္ဆပနဒီ မြစ်ဘက်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာကြသည်။ထိုတစ်သောင်းခန့်သော လူအုပ်စုသည် အရှည်ကြာမြင့်စွာစခန်းချနေထိုင်မည့်နေရာတွင် တစ်စုတစ်စည်းတည်းနေထိုင်ကြကာ အကာအရံ ခုနှစ်ထပ်ဖြင့် ပြုလုပ်နေထိုင်ကြသည်။ ထိုခုနှစ်ထပ်သော ခြံဝိုင်း၊ ခြံစည်းရိုးများမှာ ဝါးလုံးကြီးများဖြင့် ထူထပ်စွာ ဆောက်လုပ်ထားသောခံတပ်ကြီးသဖွယ်ခိုင်လုံသည့် အကာအရံတစ်ခုဖြစ်သည်ဟု [[သမိုင်း]]ကဆိုပါသည်။ ခြံစည်းရိုးထိုးကြပုံမှာ အမြင့်(၈)တောင် ရှိပြီး အပေါ်ထက်မှာ အချွန်၊ ဝါးခြမ်းပြား အစိတ်ကို အဖျား၊အရင်း အချွန်ထားကာ ၊အချွန်သည်အပြင်ဘက် ဟ ပြီး ခြံစည်းရိုးဝိုင်းကြီးကို ကာရံထိုးပါသည်။ ထိုခေတ်ကာလသည် တိုင်းပြည်မငြိမ်မသက်ဖြစ်နေရကား ဘုရင်စနစ် သူရဲကောင်းစနစ် ကျင်းသုံးကာ တစ်ပါးနှင့် တစ်ပါး တိုင်းပြည်နေရာလုနေကြသည် ဟုမှတ်ယူနိုင်ပါသည်။ တစ်ပါးနှင့်တစ်ပါး စစ်တိုက်သည်ကို မြိုဘာသာစကားဖြင့်(ဟိယာရို့)ဟုခေါ်ပါသည် ။မြိုလူမျိုးကို စစ်လာတိုက်သည့် စစ်အမည်မှာ (Hὓm Pok Hie-ဟုန်မ် ပေါက်ဟိယာ ၊ Maih Bown Hie-မာမ် ဘင်န်ဟိယာ) ဟူ၍ဖြစ်ပါသည်။မြိုလူမျိုးတို့၏ စစ်အမည်သည် (Hoi Kong Hie-ဟွေခေါင်ဟိယာ)ဟုခေါ်သည်။ (Hὓm Pok Hie –ဟုန်မ်ပေါက်ဟိယာ) စစ်ရန်ကြောင့် မြို လူမျိုးသူရဲကောင်း ဖြစ်သည့် (ထင်းလောင်း-ဟိယာရန့်) သည်အသတ်ခံခဲ့သည်ဟု ဆိုပါသည်။ရှိသမျှသော လူတို့မှာ ထိုခြံစည်းရိုးဝိုင်းတွင်သာ နေကြရ၍ ဝင်ပေါက်တစ်ပေါက် နှင့် ထွက်ပေါက်တစ်ပေါက်သာရှိလေသည် ။ ဤခြံစည်းရိုးဝိုင်းကြီးထဲတွင် နေကြသောသူများအနက် မိမိသဘောအလျောက်ဘုရင်မှတစ်ပါး မည်သူမျှ ထွက်၍ သီးခြားရပ်ရွာအိုးအိမ်တည်ဆောက်၍ မနေကြရဘဲ၊ ခြံဝိုင်းကြီးထဲမှာပင် အချိန်အကန့်အသတ်မရှိ နေကြရပေသည်။ ထိုသို့ ခြံဝိုင်းကြီးထဲတွင် နေထိုင်ကြရသော သူများကို ယင်းတို့ဘာသာစကားဖြင့် ''မရုပ်နေဘရီးကအဲဒတ်''ဟုခေါ်ကြသည်။ သို့သော် ဤတစ်သောင်းမျှသော လူစုလူဝေးကြီးတစ်ခုလုံး၏ စားသောက်သွားလာနေထိုင်မှု ကိစ္စ မှာ အလွန်ကြီးကျယ်သောကြောင့် စစ်ပြေးချိန်မှတစ်ပါး အမြဲတမ်းတစ်သမတ်တည်း တစ်သောင်းလုံးစုဝေး၍နေထိုင်ရေးမှာ မလွယ်ကူတော့ပေ ။ အုပ်ချုပ်သူဘုရင်အနေဖြင့်လည်း ထိုသူတို့၏ ရိက္ခာဖုံလုံရေးတာဝန်ကိုယူရသည်မှာမသေးငယ်လှပေ။ ထို့ကြောင့် ဘုရင်သည် မိမိအုပ်စုကြီးအားကစ္ဆပနဒီ မြစ်ဖျားအရပ်ရှိ စိမ်းလန်းစိုပြည်၍ အသီးအနံ ဖြစ်ထွန်းမည့်နေရာ ဒေသအသီးသီးသို့ ခြံဝိုင်းကြီးမှ ခွဲထွက်စေပြီး နေရာသီးခြားပြုကာ နေထိုင်ခွင့်ပေးလေသည် ။ ဘုရင်၏ အမိန့်တော်အရခြံစည်းရိုးအတွင်းမှ သီးခြားအုပ်စုခွဲအဖြစ် နေထိုင်ရန်ထွက်လာသူကို ''မရူ'' ''မရုပ်''ဟူသော အခေါ်မှ ''မရို'' ဟု ပြောင်းလဲ လာခဲ့ပေသည်။ ''မရို'' ဟူသော အသုံးအနှုန်းမျသည် ယခုအခါ တွင် ''မြို'' ဟူ၍ ပြောင်းလဲ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ ''မြို'' တို့သည် ဥဒလင်း ၊ မီးချောင်း ၊ကလပ်ချောင်း ၊ စသည့် ဒေသများတွင် အုပ်စုခွဲကာ နေထိုင်ကြလေသည် ။ထို့ကြောင့် ''မြို'' သို့မဟုတ် ခြံစည်းရိုးအတွင်းမှ လူသားများသည် အာသမ်နယ်ဘက်မှ ဆင်းသက်လာပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရခိုပြည်နယ်၊ ကဇ္စျပနဒီကဇ္ဈပနဒီ မြစ်ဝှမ်းဒေသ၌ အထင်အရှားရှိနေပြီး ဖြစ်ကြောင်း ပါးစပ်ရာဇဝင် များအရလေ့လာ သိရှိရပေသည်။။အနောက်မဇ္စျိမမှသိရှိရပေသည်။။အနောက်မဇ္ဈိမမှ စစ်ဘေးဒဏ်ကြောင့် မြို တို့သည် [[ဟိမဝန္တာ တောင်တန်း|ဟိမဝန္တာ]]တောင်ခြေများကို ဖြတ်ကျော်လျက် တိဗက်ကုန်းပြင်မြင့်သို့ ရောက်ရှိခဲ့ကြသည်ဟု ရှေးဘိုးဘေး၊ ဘီဘင်တို့၏ နှုတ်ဆင့်ကမ်းစကားအရလည်းကောင်း၊ မြို ဘာသာစကား၊ တေးလင်္ကာပုံပြင်၊ ဝတ္ထုအရလည်းကောင်း သိရသည်။ တိဗက်မှတစ်ဆင့် အာသံ၊ မဏိပူရသို့ ရောက်ရှိလာခဲ့ကြပြီး နောက်တစ်ဖန် ယင်း [[အာသံပြည်နယ်|အာသံ]]၊ [[မဏိပူရပြည်နယ်|မဏိပူရ]]မှ တစ်ဆင့် ခြေဦးတည့်ရာသွားကြပြန်ရာ ယခု ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ အရှေ့ဘက် (၁၀) မိုင်ကျော်ခန့်အကွာ မြို ဘာသာစကားဖြင့် ကိမ္မာ ခေါ်ဆိုသည့် [[ကျောက်ပန်းတောင်]]နှင့် နီလာပန်းတောင်သို့ ရောက်ရှိ အခြေချနေထိုင်ခဲ့ကြသည်။ တဖန် ၁၄ ရာစု နှင့် ၁၇ရာစုကြားကာလတွင် မြို လူမျိုးများကို ခူမီး လူမျိုးတို့က တိုက်ခိုက်၍ လည်းကောင်း ၊ နိုင်ငံရေး မတည်ငြိမ်မှု လည်းကောင်း စစ်တကောင်းတောင်တန်း ‌‌‌‌‌ဒေသ ဘန်ဒရာဘင်([[Bandarban]] ) ၊ အိန္ဒိယနယ်စပ် ဘဂ်ါ (Bengal ) နှင့် အရှေ့ ပါကီစတန် အထိ ပျံ့ နှံ့ ရောက်ရှိသည်။ ယခုတိုင် ၎င်း နေရာများတွင်နေထိုင်ကြသည်။ အချို့ တို့သည် ပီချောင်း ၊ မီးချောင်း ၊ [[ကုလားတန်မြစ်|ကုလာတန်မြစ်]]ကြော မှ ယင်းမှတစ်ဆင့် အချို့သည် [[ကစ္ဆပနဒီ]](ကုလားတန်မြစ်)၏ အထက်အောက်နှင့် လေးမြို့မြစ်တစ်လျှောက် ပျံ့နှံ့စွာ ဆင်းသက်နေထိုင်ခဲ့ကြသည်။ ရှေးလူကြီး သူမတို့၏ ပြောစကားအရ မြို သည် တောရိုင်းတိရိစ္ဆာန်ရန်မှလည်းကောင်း ၊ ဟိယာဟုခေါ်သော စစ်ရန်မှလည်းကောင်း ကာကွယ်ရန် ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကာရံလျက် နေထိုင်ကြသည်ဟုဆိုသည်။ ယင်းသို့ ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကျားရဲတိရိစ္ဆာန်တို့၏ ဘေးရန်မှ ကာကွယ်နေထိုင်ခြင်းကို ရှေးပညာရှိများက [[မြိုဘာသာစကား|မြို ဘာသာစကား]]၊ ခြံစည်းရိုး အခေါ်အဝေါ် မြို ကို အခြေပြုပြီး ခြံစည်းရိုးအတွင်းနေထိုင်လူ(လူမျိုး) မြိုလူမျိုးဟု သမိုင်းမှတ်တမ်းများ တင်ခဲ့ကြပါသည်။<ref>.မယ်ယုတောင်စွယ်ကြားမှ သွေးချင်းမောင်မယ်များ(သျှင်ထွေးယဉ်)<br /></ref>
 
== သမိုင်း ==
စာကြောင်း ၃၆ -
မြိုလူမျိုးတို့တွင် မြိုအမျိုးကွဲပေါင်း(၁၀၀)ကျော်ခန့်ရှိသည်ဟူ၍ အဆိုရှိကြပါသည်။ သို့သော် ယခုအခါ မြိုအမျိုးကွဲပေါင်း (၅၇) မျိုးခန့်သာ ရှာဖွေတွေ့ရှိရကြေား၊ ယင်းအထဲတွင်လည်း အမှန်တကယ်အားဖြင့်ရှိနေသော မြိုမျိုးကွဲမှာ (၃၀) ဖြစ်ကြောင်းအဆိုရှိကြပါသည် ဟု ရှုဒေါင့်ဂျာနယ် (စာမျက်နှာ-၃၅) တွင်ဖော်ပြထားသည်။ ၁၈၇၉-ခုနှစ်က British Burma Gazetteer စာအုပ် (စာမျက်နှာ-၄၂၅ ) တွင် Fifteen clans of Mro named -မြို မျိုးကွဲပေါင်း (၁၅) မျိုးတွေ့ရှိကြောင်း ဖော်ပြထားပါသည်။<ref>British Burma Gazetteer Vol.ll in 1879 , P. 425</ref> သမိုင်းတွင် ဖော်ပြရေးသားချက်များသည် လက်လှမ်းမီ သည်အထိသာ ရေးသားခြင်းဖြစ်ပေမည် မိမိ ကိုယ်၌ပင် ယခုတိုင်တိတိကျကျ ဖော်ပြန်မလွယ်ကူပေ။ မြိုလူမျိုးသည် လူဦး‌ရေနည်းသလောက် မျိုးကွဲများပြားသည်။ ယခုအခါတွင် မြိုမျိုးကွဲများသည် (၇၀) မျိုးရှိကြောင့် ရှာဖွေလေ့လာတွေ့ရှိပါသည်။ ၎င်းတို့မှာ-၁။ပလောင်ဒို 2။ တင်မ်တူ ၃။ဆွေ၄။ဆာမ်လာမ်၅။ပြန့်စာ ၆။ဆင်ကာလ်စာ ၇။ဘွေမာ ၈။ဟရိကလောင် ၉။ခွာ ၁၀။အာလှာမ် ၁၁။ဒန် ၁၂။ကုံမ့်စာ ၁၃။ ဒိန်တင့် ၁၄။ ဘွေတိန် ၁၅။မာလှာမ်မာ ၁၆။နိုနှာမ် ၁၇။နိုလှာမ် ၁၈။ကုမ့်စာ ၁၉။ ပေးနှာမ့် ၂၀။ ပြန်မ်ဆင် ၂၁။ ခိုင်စာ ၂၂။ ဆင်ရိုးစာ ၂၃။ကြောင်ဝေ့စာ ၂၄။ပေါင့်စာ ၂၅။ငါ့မာ ၂၆ ။ ဟန်းလာ့ ၂၇။ ယောမ့်ရဲ့ ၂၈။ပက်တိယာ ၂၉။ ဆင်ပြော့စာ ၃၀။ လန်းပြိုစာ ၃၁။ရွေ့စာ ၃၂။မရာစာ ၃၃။ဖလောင် ၃၄။တာမ်ဆင် ၃၅။ရဟစာ့ ၃၆။ တိန်မ်ကမ် ၃၇။ မင့်စာနှာမ် ၃၈။နာမ့်သရှိန်း ၃၉။ နာမ့်ဆစာ ၄၀ ။ ဟွာမာ ၄၁။ပုလ်စာမ့် ၄၂။ ရုံမ်ထူတင့် ၄၃။ပေါင်မိတင့် ၄၄။ မေ့မတင့် ၄၅။ရန်လိပ်စာ ၄၆။ ခုံမ်စာ ၄၇။ ရန်မိတ်စာ ၄၈။ လင့်စားတင့် ၄၉။ တောင်န် တင့် ၅၀။ ယာမ့်မာတင့် သို့မဟုတ် ယာမ်မာဆောင်အိုင်မ်းတင့် ၅၁။ ရိုမ်စာ ၅၂ လိင်မ် ကန့်စာ ၅၃ ရပေါစာ ၅၄။ ရုံမ်ထူ ၅၅။ ငါ့ရွာ့ ၅၆။နာမ့်ဖန်ဒန် ၅၇။အွေထနိ့ဒန် ၅၈။ စတုဒန် ၅၉။ရောင့်ဒိမ့် ၆၀။ဒက်ဒိမ့် ၆၁။နှာမ်ဒေါင့်မ် ၆၂။ပလက်ဆင် ၆၃။ဝင့်ကို ၆၄။ ဒန်ပရာမ့်နှာမ့် ၆၅။ ကွိုင်စင့်မ် ၆၆။ အောမ်စမ့် ၆၇။ ဆာရမ်စာ ၆၈။ စတု ၆၉။ တိန်စာ ၇၀။ရန်တိန်စာ တို့ဖြစ်ကြပါသည်။
 
ဤသို့ မျိုးကွဲများပြားသည်အလျောက် ခရီးသွားသည့်အခါမှာ ကျေးရွာတစ်ရွာ သို့ ဝင်လျှင် ၄င်းရွာတွင်၎င်းရွာတွင် မိမိအမျိုး ရှိမရှိကို မေးမြန်းရသည် အမျိုးတူ ရှိပါက ၄င်းအိမ်တွင်တည့်ခိုလေ့ရှိသည်၎င်းအိမ်တွင်တည့်ခိုလေ့ရှိသည် အိမ်ရှင်တို့ကလည်း မိမိအမျိုးရောက်လာသော ဧသည်အား ပျုငှာ စွာ ဧည်းဝတ်ပြုရသည်။ အမျိုးမရှိပါက ကျေးရွာ လူကြီးအိမ်တွင် တည့်ခိုလေ့ရှိသည် ။ချစ်စရာဓလေ့မှာ ကျေးရွာတစ်ရွာတွင် ရောက်လာသော ဧသည် သည် မိမိအမျိုး မဟုတ်သော်လည်း အိမ်နီးချင်း များက ဟင်းပွဲ တစ်ပွဲ နှင့် ထမင်းပုကန်တစ်ခု ဧည်းသည်တည့်ခိုသည့် အိမ်သို့ ပေးပို့ လေ့ရှိကြသည်။ ထို့အပြင် ဧသည် အိပ်ရန် ရိုးရာခြုံထည်စောင် လည်း ပို့လေ့ရှိကြသည်။
 
== ဘာသာ သာသနာ နှင့် စာပေ ==
စာကြောင်း ၅၉ -
[[ဖိုင်:Mru family in traditional household.jpg|thumb|259x259px|မြိုလူမျိုးအိမ်သားပုံ]]
မြိုလူမျိုးမိသားစု အိမ်သားပုံ
မြို အမျိုးသမီး တို့သည် နောက်တွဲဆံထုံး ကို ထုံးဖွဲကြသည်။ ခေါင်းနောက်တည့်တည့်၌ ဘီးကို စိုက်ထိုးလေ့ရှိပါသည်။ ဆံညှပ် ၊ ဆံထိုးများဖြင့်လည်း တန်ဆာဆင်လေ့ရှိသည် ။အိမ်ထောင် ရှိသူအမျိုးသမီးများသည် ဦးခေါင်း တွင် အရှည်တစ်ကိုက်ခန့်ရှိသော အဝတ်စကို ခေါင်းတွင် ရစ်ပတ်ပြီး နောက် ဘက်ဆံထုံး၏အောက်၌ ချည်နှောင်ထားလေ့ရှိကြသည်။ နားတွင်ကား ခေါင်းပွ အဝကျယ် နားတောင်း ကို ဆင်မြန်းလေ့ရှိသည်။ လက်ကောက်၊ လက်ကြပ်၊ လက်စွပ်၊ ခြေချင်း၊ တို့ကိုလည်း ဝတ်ဆင်ကြသည်။ လည်ပင်းတွင်လည်း သန္တာစေ့ပုတီး၊ ဒင်္ဂါးပုတီး နှင့် ပုတ်စေ့ ပုတီးတို့ကို လည်း ဆွဲလေ့ရှိကြသည်။ ရှေးရှေးက မြို အမျိုး သမီးများသည် ကိုယ်ခန္ခာ အပေါ်ပိုင်းတွင် အဝတ်မဲ့နေလည်းရှိပါသည်။ ခါးအောက်ပိုင်းတွင်မှု အနံတစ်တောင်၊ အလျားနှစ်ကိုက်ခန့် ရှိသော ဂျပ်ခုတ်ထည် အနက်ရောင်ကို ချက်အောက်တွင်ပတ်၍ ဝတ်ဆင်ကြသည်။ အစွန်းနှစ်ဖက်ကို ဘယ်ဘက်ပေါင်ပေါ်တွင် အောက်ဘက်၌ နှစ်လက်မခန့် ကွဲစေလျက် ဝတ်ဆင်ကြသည်။ ဤသို့ပြုလုပ် ထားရခြင်းမှာ ထိုင်ရာ ၊သွားရာ၌ လွယ်ကူစေရန် ဖြစ်သည်။ ယင်းကို ဝတ်ဆင်သည့်အခါ ရှေးဦးစွာ ခါးတွင် ကြိုးတစ်ချောင်း ချည်နှောင်ထားရသည်။ ပြီးမှ အဝတ်ကို အထဲသို့ ထိုးသွင်းကာ ဝတ်ဆင်ကြသည် ။ အပေါ်တွင်မှ သန္တာစေ့ခါးပတ်ကြိုးများကိုဝတ်ဆင်ကြသည်။ ပွဲလမ်းသဘင်နှင့် စျေးဝယ်သွားသည့်အခါမျိုးတွင်ဈေးဝယ်သွားသည့်အခါမျိုးတွင် အိန္ဒြေလုံစေရန် အနံတစ်တောင် ၊အလျားနှစ်ကိုက်ခန့်ရှိသော အဝတ်ကို ဆင်မြန်းကြသည်။ အနံဘက်မှ အစနှစ်စကို ဘယ်ဘက်လက်မှ လက်ကတော့ထိုးကာ လက်ယာဘက်ပခုံပေါ်တွင် စု၍ချည်နှောင်ထားလေ့ရှိသလို ရှေ့ဘက်ထိချပြီး ချိတ်နှင့်ထိုး၍ လည်း ဝတ်ဆင်လ့ရှိကြသည် ။ ရခိုင်ပြည်တွင် ဘုရင်အဖြစ်ကိုပင် ရောက်ခဲ့သော်လည်း မြုံ လူမျိုးတို့သည် ခေတ်အလိုက်ပြောင်းလဲလာသော လူ့ယဉ်ကျေးမှုများကို ထွေပိုက်လိုဟန် မရှိပါ။ ယင်းအကြောင်းကို ပန်းတံမောင်နှင့် သံတွဲသူဘွဲ့ အဲး" မှ မြုံ (မြို)တို့၏ သဘာဝ အသွယ်သွယ်ကို ဖော်ပြ ချက်များတွင် တစ်နေရာ၌ ထဘီတိုလောင်း၊ မြို ဘာသာမှာ ၊ ဝါးနားတောင်း၊ မြိုမဘာသာ၊ ဖုန်းဆိုးတောင်မှာ ၊ဝါးကောက်လားရေ၊ ကျပ်ကြိုးသုံးပင်၊ လွန်သုံးပင်၊ ဇင်ချောင်းမြောက်ကို၊ လှေကားတင်ရေ၊ ထုပ်လုပ်ကေလုံး၊ မြိုမရိုမှာ၊ ရင်မဖုံးလေဟု ဖော်ပြထားပါသည်။<ref>ရိုးမခေါ်သံ မောင်စံဖော်(စာ၁၂-၁၅)(စာ ၁၆-၁၉).</ref>ယခုအခါ 'မြို'အမျိုးသမီးများသည် သာမန်အချိန်၌ မြန်မာအမျိုးသမီးများကဲ့သို့ပင် ဝတ်ဆင်လာကြပြီ ပွဲလမ်းသဘင်ရှိမှသာ ထိုဝတ်စုံကို အပေါ်မှထပ်၍ ဝတ်ကာ ရိုးရာဝတ်စုံအနေဖြင့် ဝတ်ဆင်ကြသည်။
 
== ရိုးရာ မင်္ဂလာပွဲ ==
စာကြောင်း ၇၅ -
== ရိုးရာနွားထိုးပွဲြ ==
[[ဖိုင်:မြိုရိုးရာပွဲတော်.jpg|thumb|259x259px|မြိုရိုးရာနွားထိုးပွဲတွင် အပျို လူပျိုများကခုန်ကြပုံ(စစ်တကောင်း, ၁၉၉၀)]]
'မြို'တို့တွင် ရိုးရာနွားထိုးပွဲကို ငွေကြေးတတ်နိုင်သူရွာသားတစ်ဦးဦးက ဦးဆောင်ကျင်းပလေ့ရှိသည်။ မိသားစုဝင်များ အဖျားအနာကာကွယ်ရန်အတွက်လည်းကောင်း၊ အိပ်မက်အရလည်းကောင်း၊ စီးပွားရေအရငွေကြေးချောင်လည်၍ အလှုပေးလိုသောကြောင့်လည်းကောင်း ကျင်းပကြသည်။ ယင်းနွားထိုးပွဲတွင်သောက်သုံးရန် ခေါင်ရည်ကို ကြိုတင်စုဆောင်းထားကြသည်။ယခုအခါခေါင်ရည်အစား အချိုရည်ကို အသုံးပြုကြသည်။ အိပ်ရှေ့ကွပ်ပျစ်ကို ခိုင်ခန့် အောင်ပြန်လည်ပြင်ဆင်ပြီးကွပ်ပျစ်၏ထောင့်လေးထောင့်တွင် ပန်းပွားပါသော ဝါးတိုင်များကို တစ်ထောင့်လျှင် တစ်တိုကျစီစိုက်ထူထားသည်။တိုင်အဖျားသည် လေးခြမ်းကွဲပုံစံဖြစ်သည်။ နွားထိုးပွဲပြုလုပ်မည့်ရွာကွက်လပ်၌ နွားခြံကိုပြုလုပ်ရသည်။ နွားခြံမှာ တြိဂံပုံစံဖြစ်သည်။ ထိပ်အဖျားသည် အရှေ့ဘက်သို့မျက်နှာမူရသည်။နွားခြံထိပ်တွင် တိုင်တစ်တိုင်စိုက်ထူပြီး သစ်ရွက်သစ်ခက်များဖြင့် အလှဆင်ပေးထားလေ့ရှိကြသည်။နွားခြံတွင်အနားတစ်ဖက်၌ ပန်းဖွားပါသောဝါးတိုင်လေးတိုင်စိုက်ရ၏။ယဇ်ကောင်နွားကို သွင်းပြီးနောက် ဝါးတိုင်တစ်တိုင်ကိုထပ်မံစိုက်ရသည်။ တစ်ဖန်နွားခြံရှိဝါးတိုင်များကိုတန်းသုံးတန်းစီဖြင့် ခိုင်ခန့်အောင်လုပ်ကြသည်။အချို့မြိုရွာများတွင် နွားခြံဟူ၍မထားပေ။ နွားကိုချည်နှောင်မည့်ဝါးတိုင်အား ၁၄ပေခန့်မြင့်အောင်စိုက်ထူရသည် ရွာရှိလူပျို အပျိုတို့က ပျော်ပျော်ပါးပါးကခုန်မြူးထူးကာ တောင်ကျ ချောင်းမှ သွားရောက်ယူလာသည့် ကျောက်ကို အလှုရှင်အားပေးကြသည်။ အဆိုပါကျောက်ကို 'နတ်ကျောက်'ဟုယူဆကြသည်။နတ်ကျောက်ကိုသယ်ဆောင်လာသူများအား အရှင်က ဝက်ဖြင့်ကျွေးမွေးဧည့်ခံသည်။ နတ်‌ကျေက်ကိုယူခြင်း ၊စိုက်ထူခြင်းတို့အတွက် နတ်ဆရာလိုအပ်ပါသည်။ နတ်ဆရာမရှိသောရွာများတွင် ဤပွဲကိုမလုပ်ကြေချ။ နွားထိုးပွဲမလုပ်မီတစ်ရက်အလိုတွင် အလှူရှင်က မိမိဖိတ်ကြားလိုသော ေကျးရွာများကို ဖိတ်ကြားထားသည်။ဖိတ်ကြားခံရသည့်ကျေးရွာများမှ အလှူပွဲသို့တက် ရောက်လာမည့်အပျိုလူပျိုများကို လူပျိုခေါင်းက ဦးစီးထိန်းသိမ်းကပွဲစတင်မည့်ည ေနတွင်အ ေရာက်လာကြရေပသည်။ ပွဲကျင်းပသည့်အခါနွားကိုဝိုင်းပတ်၍ကကြသည်။ အပျိများက ကကြပြီး လူမျိုတို့က တူရိယာများကို တီးမှုတ်ကြ၏။ ပထမဆုံးကရေသာ နတ်ပူေဇာ်အဖွဲ့ ကခုန် နေစဥ်နေစဉ် အလှူရှင်မိသားစုက ခေါင်ရည် သို့မဟုတ် အချိုရည်ကိုငုံပြီး နွားကိုပက်ဖျန်းရသည်။ ကခုန် သောအဖွဲ့ကို အိမ်ရှင်က ဝက်တစ် ကောင်သတ်ကာ ထမင်းေကျွးရသည်။တစ်ဖွဲ့က တစ်ဖွဲ့နားဖြင့် ကလိုက်ကြသည်မှာ ညလုံးပေါက်ပင်ဖြစ်သည်။
 
နောက်တစ်နေ့ နံနက်တွင် နတ်ပူဇော်သည့် အကအဖွဲ့သည်ယဇ်ေကာင်နွားကို ၁၂ပတ်တိတိဝိုင်းဖွဲ့ကခုန်ကြသည် နတ်ဆရာက အမိန့်ေပးလိုက်သည့်အခါ အဖွဲ့ဝင်တစ်ဦးကနွားကို တစ်ချက်တည်းဖြင့်ထိုးကာ ပူဇော်လိုက်ရသည်။ ေနာက်တစ်ဦးက နွား၏လျှာကို သူ၏သွားဖြင့်ကိုက်ဖြတ်ပစ်လိုက်ရသည်။ ဤသို့ပြုလုပ်ရခြင်းမှာ 'မြို' လူမျိုးတို့၏ စာကို နွားကစားပစ်သဖြင့်ဒဏ်ခတ်ခြင်းဖြစ်သည်ဟုဆိုပါသည်။နွားထိုးသူနှင့်နွားလျှာဖြတ်သူကို အရှင်က ခေါင်းပေါင်းစတစ်စနှင့် အချိုရှည်တစ်ပုလင်းလက်ဆေင်ပေးလေ့ရှိသည်။ထို့နောက်နွားသေကိုအလှူရှင်၏အိမ်ကွပ်ပျစ်၌အမဲဖျက်ကြကာ ဝိုင်းချက်ကြသည်။ ဤအေတာအတွင်းကခုန်မှုများကို ဆက်တိုက်ပြုလုပ်ကြပြန်သည်။ ထမင်းဟင်းကျက်သည့်အခါ အခြးရွာမှဧည့်သည်များအား အရင် ေကျွးေမွးဧည့်ခံရသည်။ပြီးေနာက်မှ ရွာသားများစားေသာက်ကြသည်။ နံနက်စာစားပြီးေနာက် ထပ်မံကခုန်ကြပြန်သည်။ ညနေပိုင်းတွင်းအခြားရွာမှဧည့်သည်များထွက်ခွာသွားကြေသာ်လည်း ရွာသားများကမူ ေနာက်ဆုံးေလးညတိုင်တိုင်ကခုန်လျက်ကျန်ရစ်ခဲ့ကြသည်။<ref>မေယုတောင်စွယ်ကြားမှသွေးချင်းမောင်မယ်များ(သျှင်ထွေးယဥ်သျှင်ထွေးယဉ်) စာမျက်နှာ-၈၄-၈၆</ref>
 
== ကျေးရွာ နှင့် အိုးအိမ်တည်ဆောက်ပုံဓလေ့ ==
စာကြောင်း ၉၈ -
== ဈာပန အခမ်းအနား ==
 
မြိုထုံးတမ်းစဉ်လာအရ ရွာတစ်ရွာတွင် လူတစ်ဦးသေဆုံးလျှင် တစ်ရွာလုံးအလုပ် မသွားကြ ဘဲ အသုဘအ ခမ်းအနား တွင်ပါဝင်ရသည်။ အသုဘသည် တစ်ရက်မှ သုံးရက် ထားရသည် အကယ်၍ ရွာသူကြီး ၊ တစ်ရွာ၌ အကြီးအကဲ သေဆုံးနေလျှင် ရပ်ဝေးက ဆွေမျိုးများ အသုဘသို့လာ တွေ့နိုင်ရန် သုံးရက် ထားရသည်။ သာမန်လူဆိုလျှင် တစ်ရက် သာထားရသည်။ ထို အသုဘ ညများတွင်း ညတိုင်း လူပျို၊ အပျို၊ မင်းကျွန် များက ရိုးရာ စောင် နှင့် တုရိယာ ပလုံ တို့ဖြင့် သီချင်းကျူးဧကြရင်း စောင့်လေ့ရှိသည်။ မြို ထုံးတမ်းအရ လူတစ်ဦးက အကြောင်း အမျိုးမျိုးကြောင့်ရွာ၏အပြင်၌ သေဆုံးနေလျှင် ကျေးရွာ ထဲတွင််ထဲတွင် လုံးဝ ဝင်သွင်းလေ့မရှိ ၊ ထိုအပြင် ကြိုးဆွဲချသေဆုံး သူများကို သချၤိုင့်တွင် မြေမြှုပ်ထားလေ့မရှိ ။<ref>British Burma Gazetteer .Vol.ll in 1879 ,P,425, 68.</ref> <ref>Captain .G. Rigby, History of Operations in Notherns in Arakan and Yawdwin Chin Hills , Rangoon, 1897,P.80</ref>၇ ရက်မပြည့်သေးသည့် နို့စို့ကလေး သေဆုံးလျှင်လည်း သချၤိုင့် တွင် မြှုပ်လေ့မရှိ။
အကယ်၍ သေဆုံးသူကို မီးသင်္ဂြိုလ်မည်ဆိုလျှင်မီးသင်္ဂြိုဟ်မည်ဆိုလျှင် ကျေးရွာတွင် အိမ်တိုင်း ထင်းတစ်ချောင်း ကျ ပါဝင်ထည့်ပေးလေ့ရှိသည် ။ လူတစ်ဦးသေ ဆုံးတိုင်း ခွေးတစ်ကောင်သတ်ပေးလေ့ရှိသည် ။ အကြောင်းမှာ ခွေးသည် ဝိညာဉ် သွားလိုသည့်နေရာ ကို လမ်းပြပေး ရန်အတွက်ဖြစ်သည်။ <ref>G,Hughes <nowiki>'' Hill Tracts of Arakan ,''</nowiki> Rangoon ,1881, P, 23</ref>ယင်းအသုဘ အခမ်းအနားတွင် ပါသော သူများအတွက် အိမ်ရှင်မှ ဝက်တစ်ကောင် သတ်ရသည်။ထိုကြောင့်ပင် မြို တိုင်းရင်းသား တို့၏ အိမ်တိုင်း ကြက်၊ ဝက်၊ ခွေး ကမရှိမဖြစ် မွေးမြူရသည်။ ထို့ပြင် အသုဘ အခမ်းအနားကို သွားကြသည့် သူများအိမ် ပြန်လာလျှင် အိမ်ပေါ် မတက်ခင် မီးဖိုက ပြာကို လှေကားရင်း မှာထားရသည့်အပြင် ခြေ ၊လက်မှာ ပြာမုန့် ဖြင့် ဆေးကြောလေ့ရှိသည်။ ဘာကြောင့် မီးဖိုပြာမုန့် ဖြင့် အသုဘပြန်လာသည့်အခါ တွင် ဆေးကြောရသလဲ ဆိုလျှင် ရိုးရာ ပုံပြင်အရ ရှေးရှေး က မြို လူမျိုးသည် သေဆုံးသူများကို သေဆုံးသည် ဟု မဆိုပေ ၊ လူတစ်ဦးသည် ခန္ဒာကိုယ်လဲ သည်ဟု သာခေါ်ပြီး ၇ ရက် တစ်ပတ်ဆိုလျှင် ပြန်လာသည် ဟု ဆိုကြသည်။ ယင်းပုံပြင်တွင် ဤသို့ ဆိုပါသည် တစ်နေ့တွင် ဆွေးမ ၏ယောက္ခထီး က မသေဆုံးခင် ဆွေးမ ကို မှာထားသည်(၇)ရက်တစ်ပတ်ပြည့်လျှင်ပြန်လာမည်အရုပ်ဆိုးမည်ဖြစ်သည့်အတွက်ရေနွေးအိုးတည်ထားပါဟုမှာထားအပြီးသေဆုံးသွားသည် ။ ဆွေးမသည် ယောက္ခထီးမှာထားသည် အတိုင်း (၇) ရက်ကို စောင့်နေ၍ (၇) ရက်ပြည့်ညနေပိုင်း မီးဖို မှ ထွက်လာပြီး ငါ့ဆွေး မ ငါပြန်လာပြီရေချိုးပေးပါဦး လို့ ပြောလာသည်ကို ကြားသည် နှင့် လှမ်းကြည့် ရာ .ဆွေးမသည် .တစ်ခါတည်းထိပ်လန့်ပြီး ယောက္ခထီးမဟုတ်ဘူး သရဲ ဟု ဆိုကာ မီးဖိုက ပြာဖြင့် ပစ်ပေါက်လိုက်သည် ။ ထိုအခါအဖိုးအိုသည် ဤသို့ မှာကြားသည် လူသားသည် သေဆုံးပြီးလျှင် ပြန်လာမည်မဟုတ်ကြောင်း ပြော ပြီး ပြန်သွားလေ၏ ဟု ဆိုပါသည်။ ထိုအျိန်မှစ၍ ယနေ့တိုင်လူသားသည် သေဆုံးပြီးလျှင် ပြန်မလာတော့သည် ဟု ယူဆကြလေသည်။
 
== ကိုးကား ==