လက်ဖက်ရည်တော်: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: လက်ဖက်ရည်တော် ဆိုသည်မှာ ဘုရင်မင်းမြတ်က လက်ဖက်ရည် သုံး...
 
အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
စာကြောင်း ၉ -
 
==လက်ဖက်ရည်တော်ဆောင်==
လက်ဖက်ရည်တော်ဆောင်ကို မှန်နန်းစနု၏ ၀ဲဘက်ဝဲဘက်(မြောက်ဘက်)တွင် ရှိသည်။ တနည်းအားဖြင့် မြောက်ထားဝယ်ဆောင်၏ အနောက်ဘက် ကပ်လျက်ရှိသည်။ မှန်နန်းတော်ကြီးမှ အတောင်၂၀-မျှသာ ကွာဝေးသည်။ လက်ဖက်ရည်တော်ဆောင်ကို ကွန်းလေးစင် နှစ်ဆင့်လည်ပေါ်နှင့် တောင်မြောက်အလျားထားပြီး ဆောက်လုပ်ထားသည်။ ဤလက်ဖက်ရည်တော်ဆောင်တွင် လက်ဖက်ရည်တော်သားများ နေထိုင်ကြရသည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တော်အခါက လက်ဖက်ရည်တော်တွင် သူကောင်းပြုထားသူပေါင်း ၄၄-ယောက်ရှိသည်။ အချို့အမှုထမ်းများမှာ အဝေးရောက်မင်း၏ သားများ၊ မြို့ဝန်များ၏ သားများ စသည်တို့ ဖြစ်ကြသည်။
 
လက်ဖက်ရည်တော်ဆောင်နှင့် ထားဝယ်ဆောင်တို့သည် ကပ်လျှက်ရှိသည်။ တစ်ခါတစ်ရံ ထားဝယ်ဆောင် တစ်ခုလုံးကိုပင် လက်ဖက်ရည်တော်ဆောင်ဟူ၍လည်း သိမ်းကျုံး ခေါ်ဆိုတတ်ကြသည်။ ထားဝယ်ဆောင်ဟူသည်မှာ အမိုးနှစ်ထပ် လည်ပေါ်ဆောင်ဖြစ်သည်။ ဆင်ဖြူရှင်မင်းလက်ထက်၌ ထားဝယ်ကို ချီတက်တိုက်ခိုက် သိမ်းယူ၍ ထားဝယ်သားများကို နေရာချထားရာ အဆောင်ဖြစ်သည်။ နောင်တွင် ထားဝယ်သားများ မဟုတ်စေကာမူ ထိုအဆောင်တွင် မြန်မာအမှုထမ်းများကို ထားသည်။ ရွှေဘုံနိဒါန်းအဆိုအရ ထားဝယ်ဆောင်ဟူသည် နွေးသောအဆောင်ဟူ၍ အဓိပ္ပါယ်ရသည်။ မြန်မာ့နန်းတွင်း ယဉ်ကျေးမှု အသုံးအဆောင် အခေါ်အဝေါ်များသည် မွန်တို့ထံမှ ရသည်သာများသည်။ '''ထားဝယ်''' ဟူသောစကားမှာ မွန်ဘာသာအရ '''နွေးသည်''' ဟူ၍ အဓိပ္ပါယ်ရသည်။ နွေးသောအဆောင်ဖြစ်သည်ဟု ဆိုလိုသည်။ လက်ဖက်ရည်တော်ဆောင်နှင့် ထားဝယ်ဆောင်တို့မှာလည်း ကပ်လျှက်ရှိသည်ကို သတိပြုရ၏။ လက်ဖက်ရည်တော်ဆောင်သည် အမြဲတစေ လက်ဖက်ရည်နွေးအိုးကို တည်ထားရသော အဆောင်ဖြစ်၍ အစဉ်အမြဲ နွေးနေရပေသည်။ ထို့ကြောင့် လက်ဖက်ရည်တော်ဆောင် သည်ပင်လျှင် ထားဝယ်ဆောင်ဟု ခေါ်မည်ဆိုပါက မှားမည်မဟုတ်ချေ။
စာကြောင်း ၂၆ -
ဦးပုညသည် စာဆိုတော်ကြီးလည်းဖြစ်၊ အခြားလက်ဘက်ရည်တော် အမှုထမ်းများထက် အသက်အရွယ်က ကြီးသည့်ပြင် မင်းတရားကြီး၏ ယုံကြည်လေးစားခြင်း ခံရ၍ ရွာစည်ရွာစား ဖြစ်သောကြောင့် အခြားအရည်တူ အမှုထမ်းများက လေးစားကြရသည်။ ဆရာကြီးဟုလည်း ခေါ်ဝေါ်ကြသည်။ အချို့လူပျိုလူရွယ်များကလည်း ဦးပုညအား ကပ်၍ အလိုရှိရာ စာများကို ရေးခိုင်းလေ့ရှိသည်။
 
ဦးပုညကို ဘုရင်သည် များစွာ စိတ်ချယုံကြည်တော်မူသည်။ ဦးပုည၏ ဖခင်ရှိစဉ် အခါကပင် ၀င်ထွက်ခစားဝင်ထွက်ခစား နေသဖြင့် ပိုမိုယုံကြည်သည်။ ဦးပုညအား ထိုထက်ကြီးသော ရာထူးကို ပေးချင်သည်။ ပေးလည်းပေးမည်ဟု အမြဲစိတ်ကူး ထားသည်။ ဥပဓိရုပ်ချို့ငဲ့နေသည့် အတွက် ဘုရင်တွင် စဉ်းစားရခက်နေသည်။ ( ဥပဓိရုပ်ချို့ငဲ့ပုံမှာ - ဦးပုည၏ လင်္ကျာဘက်လက်သည် စုံလင်ပါသော်လည်း သိမ်၍ မသန်မစွမ်းရှိသည်။ ဘယ်လက်ဖြင့်စာရေးရသည်။ အလွန်လက်ရေးကောင်းသည်ဟု ဆိုသည်။ အပါးတော်တွင် ခစားသောအခါ လက်ဖျားကို အုပ်မိအောင် အင်္ကျီလက်ရှည် ၀တ်ရသည်။ဝတ်ရသည်။ <ref>ဦးဘေမောင်တင်၏ မြန်မာစာပေသမိုင်း</ref>)။ ထို့ကြောင့် [[မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း]]တွင် ဘုရင်မင်းတရားက ဦးပုညအား `ငါလည်း သက်တော်ရှည်အရာကို ပေးနိုင်တယ်။ မင်းကံရှိလျှင် ရလိမ့်မပေါ့´မိန်တော်မူသည်။ ဦးပုညသည် စာအရေးအသား အဖွဲ့အနွဲ့ အလွန်ကောင်းသည်ကို မင်းတရားကြီးကိုတိုင် သိသည်။ ထို့ကြောင့်လည်း ဘုရင့်အပါးလည်းမကျ မနီးမဝေးက ခစားစေလိုသည်။ အနီးမှ ခစားရန်မှာလည်း ဥပဓိရုပ်က ချွတ်ယွင်းလျက် ရှိသောကြောင့် မသင့်တော်ကြောင်းကို မင်းကြီးဦးပွားက သိသည်။ ဘုရင်ဆိုသည်မှာ အမင်္ဂလာရုပ်ကို မြင်ရတွေ့ရသည် မဟုတ်ပေ။
 
ဦးပုညသည် သူ၏ရုပ်ချို့ငဲ့သော ဘဝကို များစွာစိတ်နာဟန်တူသည်။ ထို့ကြောင့်သူသည် '''နန်းဆန်တဲ့မြိုင်''' တောလားကို ရေးစဉ်အခါက မင်္ဂလာရှိသော တိရစ္ဆာန်များကို စိတ်ကူးယဉ်ယဉ်နှင့် ရေးသားဖွဲ့နွဲ့ ခဲ့လေသည်။ သူသည် မင်္ဂလာရှိသော ရုပ်ရူပကာရှိပါလျှင် မည်မျှကြီးပွားတိုးတက်၍ ဘုရင်မင်းတရားကြီး၏ မြှောက်စားခြင်း ခံရမည်ကို တွေးတောကာ ၀မ်းနည်းခဲ့ဟန်တူသည်။ဝမ်းနည်းခဲ့ဟန်တူသည်။
 
လက်ဖက်ရည်တော် ရာထူးထားရန် မင်းကြီးဦးပွားက လျှောက်ထားတောင်းပန် ရသည်မှာလည်း ဦးပုည၏ မိခင်နှင့် ဆွေမျိုးများမှာ လက်ဘက်ပွဲစားများ ဖြစ်ကြသည်။ ရှမ်းပြည်သို့လည်း အခါခါရောက်ဘူးသည်။ ရှမ်းပြည်တွင် ဆွေမျိုးညာတိများလည်း ရှိသည်။ မည်သည့်လက်ဘက်ကောင်းသည်၊ ညံ့သည်ကို ဦးပုညသိသည်။ ဘုရင့်လက်ဘက်ရည်တော်အတွက် မည်သည့်တောင်ထွက် လက်ဘက်သည် အကောင်းဆုံးဖြစ်သည်ကို ကောင်းစွာသိသည်။ ဦးပုည၏ '''လက်ဘက်မေတ္တာ''' စာတွင် လက်ဘက်အကြောင်းကို ကောင်းစွာရေးထားသည်။ ထို့ကြောင့် ဦးပုညသည် လက်ဘက်ရည်တော် အရာနှင့် ပနံရလျှက်ရှိသည်။ သူ၏ '''ရွှေညောင်ပေး မေတ္တာစာ''' ကိုကြည့်လျှင်သော်၎င်း၊ '''ရှမ်း သထုံပေးမေတ္တာစာ''' ကိုကြည့်လျှင်သော်၎င်း သူသည် ရှမ်းပြည်တစ်ခွင်ကို ကောင်းစွာနှံစပ်သူ ဖြစ်ကြောင်း သိရှိနိုင်ပေသည်။ <ref>[[ မြကေတု]]၏ နန်းဓလေ့ မှတ်တမ်း</ref>