နီကိုလာ တက်စလာ: တည်းဖြတ်မှု မူကွဲများ

လှျပ်ဟူသောစာလုံးကို လျှပ် သို့ပြောင်းသည်။
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
→‎တက်စလာ၏ တီထွင်မှုများ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၉ -
== တက်စလာ၏ တီထွင်မှုများ ==
[[File:US390721.png|thumbnail|250px| a.c ဒိုင်နမို ပုံကြမ်း]]
တက်စလာသည် ၁၈၇၈ ခုနှစ်တွင် ဂရာ့ဇ်(Graz) နည်းပညာကျောင်းသားဘဝက d.c motor ဒီစီ မော်တာတစ်လုံး သရုပ်ပြသည်ကို တွေ့ခဲ့ရသည်။ သူမြင်ခဲ့ရသော ဒီစီ မော်တာသည် ဘရပ်ရှ် (brushes) များ ပါဝင်ပြီး သတ္တုအစိတ်များဖြင့် ပြုလုပ်ထားသော ကွန်မြူတေတာ (commutator) ကို ထိကပ်နေသည်။ ထို ဘရပ်ရှ်များနှင့် ကွန်မြူတေတာများ သည် ပွန်းပဲ့ ပျက်စီး စေတတ်ရာ ယင်းတို့ကို ဖယ်ပစ်လိုက်ခြင်းဖြင့် မော်တာကို ပိုကောင်းအောင် လုပ်နိုင်မည်ဟု ထိုစဉ်ကပင် သူစဉ်းစားမိခဲ့သည်။ နောက် ၄ နှစ် ကြာသော အခါ induction generator ပြုလုပ်ရန် စိတ်ကူး ရခဲ့သည်။ induction generator တွင် ရိုတာကို စက်မှုစွမ်းအင် တစ်ခုခုဖြင့် လှည့်ပေးခြင်းဖြင့် a.c လှျပ်စစ်လျှပ်စစ် ကို ထုတ်ယူရရှိသည်။ ယင်းကို a.c လျှပ်စစ် ပြန်ပေးခြင်းဖြင့် ရိုတာကို လည်ပတ်အောင် ပြုလုပ်နိုင်သည်။ ဤနည်းဖြင့် လည်ပတ်သော မော်တာကို induction motor ဟု ခေါ်သည်။ တက်စလာသည် သူ့တီထွင်မှုများကို မိုဒယ် မဆောက်မီကပင် စိတ်ကူးဖြင့် မည်သည့် နေရာများတွင် အသုံးပြုရမည်ကို ကြိုတင် ကြံဆ ထားလေ့ရှိသည်။
 
တကယ်တမ်း အလုပ်လုပ်သော induction motor ကိုမူ ၁၈၈၃ ခုနှစ်ကျမှ တည်ဆောက်ခဲ့သည်။ ဤတွင် သူ့တီထွင်မှုများကို ဥရောပ၌သာ စိတ်ဝင်စားအောင် လုပ်ဆောင်နိုင်မည်ဟု နားလည် သဘောပေါက်လာပြီး နယူးရောက် မြို့သို့ ပြောင်းရွှေ့ အခြေချခဲ့သည်။ ထိုနေရာ၌ပင် သူ့ဓာတ်ခွဲခန်းနှင့် အလုပ်ရုံကို ၁၈၈၇ ခုနှစ်၌ တည်ထောင်ခဲ့ပြီး မော်တာများကို ထိထိရောက်ရောက် ထုတ်လုပ်နိုင်ခဲ့သည်။ တစ်လခန့် အတွင်း၌ပင် a.c လှျပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးချခြင်းများနှင့် ဆိုင်သော ရှုပ်ထွေးများပြားသည့် patents မူပိုင်ခွင့် များ လျှောက်ထား ရရှိခဲ့သည်။ a.c လျှပ်စစ် သည် အလွန်ဝေးကွာသော ဒေသများသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ် ဖြန့်ဖြူးခြင်း များတွင် d.c လျှပ်စစ်ထက် ပို၍ ထိရောက်မှု ရှိသောကြောင့် ယနေ့ခေတ်တွင် စက်ပစ္စည်းများမောင်းရန် အများဆုံးသုံးသော လျှပ်စစ်ဓာတ်အား ဖြစ်လာခဲ့သည်။