ပျား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၁ -
[[File:Melittosphex burmensis.jpg|thumb|''[[Melittosphex burmensis]]'', Cretaceousကာလ အစောပိုင်း (လွန်ခဲ့သော နှစ်သန်း ၁၀၀မှ ၁၄၅ မှ) [[မြန်မာ]]မှ[[ပယင်းကျောက်]]အတွင်း ဖြစ်တည်နေသော ကျောက်ဖြစ် ပျားရုပ်ကြွင်း]]
 
"ပျားကို ပုံပြု၊ ခြကိုတု၊ ရမှုဥစ္စာ၊ ရတနာ" ဟူ၍လည်းကောင်း၊ "သင်ကြားပညာ၊ ပစ္စည်းရှာ၊ ပမာပျားသဏ္ဌာန်"ဟူ၍ လည်းကောင်း ဆိုရိုးရှိခဲ့သည်။ ပညာကိုဖြစ်စေ၊ ဥစ္စာကို ဖြစ်စေ ရှာဖွေစုဆောင်းသူတို့သည် ခြကောင်နှင့် ပျားကောင်များကို အတုယူကာ အနည်းငယ် ဖြစ်စေကာမူ မပျောက်မပျက်အောင် တဖြည်းဖြည်း စုဆောင်းထားပါက နောင်ပညာရှိကြီး ဥစ္စာရှင်ကြီးအဖြစ်သို့ ရောက်နိုင်ကြပေမည် ဖြစ်သည်။ ပျားတို့သည် အင်းဆက်ပိုးမျှသာဖြစ်သော်လည်း အုံဖွဲ့ပုံ၊ ဝေကျပုံတာဝန်ကို အသီးအသီးမတွယ်ကပ်ဘဲ ထမ်းဆောင်ကြပုံတို့မှာ စံနစ်တကျရှိလှသဖြင့် အင်းဆက်ပိုးအပေါင်းတို့တွင် အလွန်မှတ်သားနည်းယူဖွယ်ရာ ကောင်းပေသည်။ မြန်မာနိုင်ငံတွင် ပျားကြီး၊ ယင်းပျား၊ သစ်ခေါင်းပျား၊ ခွေးလှေးပျားနှင့် မွေးလိမ်ပျားဟူ၍ ပျားငါးမျိုးအထင်အရှား ရှိလေသည်။ ထိုပျားများအနက် ပျားကြီး၊ ယင်းပျားနှင့်သစ်ခေါင်းပျားများမှ ပျားရည် အမြောက်အများ ရရှိကြ၏။ ယင်းပျားအုံများကို တစ်ခါတစ်ရံတခါတရံ မြို့တွင်း၌ပင် တွေ့ရှိရတတ်၍၊ ပျားကြီးအုံများကိုမူ တောနက်တွင်းရှိ သစ်ပင်မြင့်များပေါ်၌သာ တွေ့ရတတ်သည်။
 
ပျားသည် ဟိုင်မင်နော့တာရာမျိုးစဉ်ဝင် အတောင်လေးခုရှိသော တုတ်တတ်သည့် အင်းဆက်ပိုးမျိုးဖြစ်သည်။ သားငယ်များအတွက် အလွန်အစာသိုလှောင်ကောင်းသဖြင့် ထင်ရှားသည်။ လူတို့ကဲ့သို့ပင် အဆောက်အအုံဖွဲ့၍ စုပေါင်းနေထိုင်တတ်ကြ၏။ မိမိတို့၏နေအိမ် ပျားအုံများကို ဆောက်ရာ၌ အထူးပင် ကျွမ်းကျင်လှပေသည်။ အင်းဆက်ပိုးများအနက် ပျားများသည် လူများအဖို့ အလွန်အသုံးကျသော အင်းဆက်ပိုးဖြစ်သည်။ ပျားရည်ကို ပေးရုံမက အပင်များကို တစ်ပင်နှင့်တစ်ပင် မျိုးကူးစေသဖြင့် အသီးဖွံ့ဖြိုးစေသည်။
"https://my.wikipedia.org/wiki/ပျား" မှ ရယူရန်