ပျား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၁ -
ပျားများကို ၂မျိုးခွဲခြားနိုင်၏။ တစ်မျိုးမှာ အစုလိုက်နေတတ်သော ပျားမျိုးဖြစ်၍ တစ်မျိုးမှာ သီးခြားနေတတ်သော ပျားမျိုး ဖြစ်၏။ ယင်းပျားနှင့်ပျားပိတုန်းသည် အစုလိုက်နေတတ်သော ပျားမျိုးဖြစ်သည်။ ယင်းတို့သည် သီးခြားနေတတ်သော ပျားမျိုးထက် ကြီးသည်။ အစုလိုက်နေတတ်သော ပျားမျိုးသည် အများအားဖြင့် တစ်လက်မ၏ ၁၂ပုံ တစ်ပုံ ရှည်၍ သီးခြားနေတတ်သော ပျားမျိုးသည် ယင်း၏ ၁၈ဆခန့် ကြီးသည်။
 
အစုလိုက်နေတတ်သော ပျားမျိုးတွင် ပျားဘုရင်မ၊ လုပ်သားပျားခေါ် လိင်မဲ့ပျားနှင့် ပျားထီးဟူ၍ သုံးမျိုးသုံးစား ခွဲခြားထားသည်။ ပျားအုံတစ်အုံတွင် ပျားဘုရင်မတစ်ကောင်သာ ရှိသည်။ ပျားဘုရင်မသည် ဥများအုပေးရသည်။ အခြားပျားများထက် ကိုယ်လုံးသွယ်၍ ရှည်သည်။ အတောင်တို့နှင့် ရင်အုံဝါသည်။ လုပ်သားပျားများကဲ့သို့ ဖယောင်းအိတ်နှင့် ဝတ်မှုန်အိတ်မပါချေ။ ပျားထီးများသည် ပျားမများနှင့် မျိုးပွားမှုကိစ္စ ဆောင်ရွက်ရသည်။ အခြား မည်သည့် အလုပ်ကိုမျှ လုပ်ကိုင်လေ့မရှိချေ။ လုပ်သားများထက် အကောင်ကြီး အမွေးထူ၍ မျက်လုံးလည်း ကြီးသည်။ မျိုးပွားမှု ကိစ္စဆောင်ရွက်ြပီးလျှင်ကိစ္စဆောင်ရွက်ပြီးလျှင် ဆောင်းကူးရာသီ ရောက်သော် ယင်းပျားထီးများကို လုပ်သားပျားများက သတ်ပစ်ကြသည်။ လုပ်သားပျားများကား မဖွံ့ဖြိုးသော ပျားမများ ဖြစ်သည်။ သူတို့သည် အစာရှာရန်နှင့် မွေးလာသော ပျားကလေးများကို ကြည့်ရှုရန်အပြင် ပျားအုံကို ထိန်းသိမ်းရလေသည်။ လုပ်သားပျားမှာ ဥအုတတ်သော်လည်း၊ ယင်းဥတို့မှ ပျားထီးသာ ပေါက်သည်။ ကောင်ရေတစ်သောင်းခန့်ရှိသော ပျားအုံတစ်အုံတွင် လုပ်သားပျား ၉၅၀၀ခန့် ရှိတတ်သည်။ လုပ်သားပျားများ၏ နောက်ခြေထောက်တွင် ပျားပေါက်စများ စားသုံးဖို့ ဝတ်မှုန်ဝတ်ဆံများ စုဆောင်းသယ်ယူရန် ဝတ်မှုန်အိတ်ပါသည်။ ပိုက်အောက်၌လည်း ပျားဖယောင်းအိတ် ရှစ်အိတ်ပါသည်။
 
သီးခြားနေတတ်သော ပျားအချို့သည် သီးခြားအခန်းနှင့် ကိုယ့်မိသားစုချည်း နေတတ်သည်။ ယင်းပျားမျိုးသည် ဆောင်းရာသီတွင် သေကြေပျက်စီးတတ်ကြသော်လည်း အမများမှာမူ နွေဦးရာသီတိုင်အောင် အသက်ရှင်နေတတ်ကြသည်။
"https://my.wikipedia.org/wiki/ပျား" မှ ရယူရန်