ရာဇာဓိရာဇ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၃၂ -
ငယ်စဉ်ကလေးဘဝမှစ၍ နတ်ရွာစံကံတော်ကုန်သည့် အချိန်ထိ စစ်ပွဲတိုက်ပွဲများနှင့် မကင်းခဲ့ချေ။
 
==ငယ်ဘဝ==
==ရာဇာဓိရာဇ် (မြန်မာ ၇၂၉-၇၈၃)==
ရာဇာဓိရာဇ်သည် ပဲခူးမြို့တွင် နန်းစိုက်သော မုတ္တမဘုရင် [[ဗညားဦး]] နှင့် သီရိမာမိဖုရားတို့မှ ဖွားမြင်သော သားတော် ဖြစ်သည်။ သက္ကရာဇ် ၇၂၉ ခုနှစ် တပို့တွဲလဆန်း ၈ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်စဉ်ကပင် မယ်တော်ကွယ်လွန်သဖြင့် ခမည်း တော် ဗညားဦး၏နှစ်မတော်မဟာဒေဝီမင်းသမီးက ရာဇာဓိရာဇ် ကို ဆက်လက်မွေးမြူသည်။ရာဇာဓိရာဇ်၏ ငယ်မည်ကား ဗသုန်ဗန်စက် (ခံတွင်း၌ လျှာတွင် စက်ပါသူ) ဖြစ်၏။ နောင်တွင် ခမည်းတော်က ဗညားနွဲ့ဟူ၍ ဘွဲ့ချီတော်မူသည်။
 
စာကြောင်း ၅၈ -
စင်စစ်သော်ကား အခြားသောနိုင်ငံများကဲ့သို့ပင် လူစွမ်း ပြလိုခြင်း၊ အနိုင်ရ၍ ဂုဏ်ယူလိုခြင်း၊ လက်စားချေလိုခြင်း စသော ရည်ရွယ်ချက်တို့ကြောင့် စစ်ဖြစ်ရလေသည်။၇၈၃ ခုနှစ်တွင် အင်းဝဘုရင်မင်းခေါင် နတ်ရွာစံပြီး နောက် စစ်မက်ရေးရာမှာ ငြိမ်သက်သွား၏။ ထို ၇၈၃ ခုနှစ်တွင်ပင် ရာဇာဓိရာဇ်လည်း တောကစား ရင်း ဆင်ဖမ်းရာတွင် ဒဏ်ရာသဖြင့် ထိုဒဏ်ရာကြောင့်ပင် ကံကုန်လေသည်။
 
ရာဇာဓိရာဇ်မင်းသည် ဆင်စီး၊ မြင်းစီး၊ စစ်ဆင်၊ စစ်ထိုး၊ အတတ်များကို ကောင်းစွာ တတ်ကျွမ်း၏။ အမတ်ဒိန်မဏိရွတ်၊ ဗိုလ်မင်းဗြာတ်စ၊ လဂွန်းအိမ်၊ သမိန်ဗရမ်း စသော သူရဲကောင်း အမှုထမ်းတို့ ပေါများသည်။ မှူးမတ်သူရဲကောင်းတို့ တိုက်ပွဲ တွင် ထိခိုက်ရှနလျှင် ကိုယ်တော်တိုင် ပြုစုတော်မူတတ်သဖြင့် သက်စွန့်ကြိုးပမ်း အမှုထမ်းသူ ပေါများလှလေသည်။ရာဇာဓိရာဇ်သည်ကား မြန်မာ့သမိုင်းတွင် ဝါရီရူးဘုရင်များအနက် အထက်မြက်ဆုံးမင်း၊ သူရဲကောင်းများကို ချစ်ခင်လေးစားတတ် သောမင်းအဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)</ref>
 
== ရာဇာဓိရာဇ်နတ်ရွာစံခြင်း ==