ဖေ၊ ဆရာ၊ အချုပ်တန်း: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: [[File:saya pe.jpg|thumb|အချုပ်တန်းဆရာဖေ(၁၂ဝဝ-၁၂၅၆) ပန်းချီ-ဦးရဲသောင်း သရ...
 
အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
စာကြောင်း ၃ -
သည်ခေတ်တွင် သည်ကာလ-ချီ ငွေမျက်နှာဖွဲ့ တေးထပ်ရေးသူ အချုပ်တန်း ဆရာဖေမှာ ၁၂၀၀-ပြည့်လောက်တွင် [[အမရပူရ]]မြို့တော်၌ မွေးဖွားသည်ဟု ထင်မှတ်ရသည်။ ၁၂၂၂-ခုနှစ်အတွင်း အမိအဖများနှင့်အတူ မန္တလေးမြို့ရိုးတောင်ဘက် ဘုရင့်မြင်းတပ်တော်ကြီးအတွက် ကုန်းနှီးများ တင်သွင်းချုပ်လုပ်ရာ အရပ်ဖြစ်သောကြောင့် အချုပ်တန်းဟု ခေါ်တွင်သောအရပ်တွင် အဖအလုပ်အကိုင်ဖြစ်သည့် ရွှေချည်ငွေချည်ထိုးလုပ်ငန်းများကို လုပ်ကိုင်စားသောက်နေထိုင်ရသည်။ ၁၂၂၆-ခုနှစ် လောက်မှစ၍ ဦးဖေသည် [[မက္ခရာမင်းသား]] အထံတော်တွင် အမှုထမ်းခွင့်ရသည်။
[[မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း]]တွင် မက္ခရာမင်းသား နောက်တော်မှနေကာ အမှုတော်ကိုကြိုးစားထမ်းရွက်သည့် အလျောက် အောင်မြင်မှုရလေသည်။ နောက် [[ကနောင်မင်းသား]]၏ သားတော် ပတိမ်းစားမင်းသားက ဘကြီးတော်[[မင်းတုန်းမင်း]]ကို တော်လှန်ပုန်ကန်ရန် ရွှေဘိုမြို့သို့ထွက်ခွာသွားသောအခါတွင်လည်း မက္ခရာမင်းသား၏ အမိန့်တော်နှင့် ပတိမ်းစား၏ရန်ကို တွန်းလှန်ရာ၌ ပါဝင်ရလေသည်။
၁၂၃၆-ခုနှစ်သို့ ရောက်သောအခါ [[အိန္ဒိယဘုရင်ခံချုပ်]]သည် [[စင်္ကာပူကျွန်း]]၊ [[ကပ္ပလီကျွန်း]]သို့ တိုင်းခန်းလှည့်လည်သောအခါ မြန်မာဘုရင်များနည်းတူ ထီးဖြူတော် နှစ်ချက်မိုး၍ ခမ်းနားကြီးကျယ်စွာ လှည့်လည်ရာတွင် ကပ္ပလီအကျဥ်းသားတဦးကကပ္ပလီအကျဉ်းသားတဦးက သက်တော်စောင့်အလစ်တွင် ဘုရင်ခံချုပ်အား ထားဖြင့်နှစ်ချက်ထိုးလေသည်။ ဤသတင်းကို ဆရာဖေကြားသောအခါ “ထီးဖြူရုံပြသာဒ်နှင့်၊ မအပ်သည့်အရာ၊ လပ်ဆိုသည့်မိစ္ဆာ၊ ပိတ်ရှာပြီဇီဝိ(ပ) မင်းတူတု၊ ခွေးသေသေ၊ သွေးတွေတွေ ယိုဘိ” စသော တေးထပ်ကို ရေးသဖြင့် [[အင်္ဂလိပ်]]တို့က ကန့်ကွက်သောကြောင့် မဟာမိတ် မပျက်စေရန်အတွက် စာဆိုရှင် ဦးဖေအား အပြစ်ပေးသော အားဖြင့် အချုပ်ချထားခြင်းခံရလေသည်။ အကြာမီပင် အချုပ်မှလွတ်လေ၏။
[[သီပေါမင်း]]လက်ထက်တွင်မူ ခေတ္တခဏမှျ မင်း၏အမှုတော်ကို ထမ်းရွက်ပြီးနောက် [[ရှမ်းပြည်]]သို့သွားရောက်ကာ [[သုံးဆယ်စော်ဘွားကြီး]]၏ အချီးမြှင့်ကိုခံရင်း အနိစ္စရောက်လေသည်။
<ref>မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)</ref>
စာကြောင်း ၁၀ -
 
 
ပုဂံမင်း နန်းကျပြီး မင်းတုန်းမင်း နန်းတက်တော့ ပုဂံမင်း လက်ထက်က အမှုထမ်းတွေ အနားယူရတဲ့အထဲမှာ ဦးရောက် လည်းပါခဲ့တယ်။ ဆရာဖေတို့မိသားစုက အချုပ်အလုပ်ပညာတတ်ကျွမ်းကြတော့ စားဝတ်နေရေး အတွက် ဆရာဖေ ငယ်စဥ်ကတည်းကငယ်စဉ်ကတည်းက မိသားစုနဲ့ ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်ခဲ့ရတယ်။
 
မင်းတုန်းမင်းကြီးက မန္တလေးမြို့သစ်တည်တဲ့အခါ၊ အမရပူရမြို့က လိုက်ပါပြောင်းရွေ့ချင်တဲ့ မြို့သူ မြို့သားတွေကို လုပ်ငန်းချင်း တူရာ တူရာ အလိုက် အစုတွေ၊ ရပ်ကွက်တွေ၊ ဝင်းကြီးတွေမှာ နေရာချထားပေးခဲ့တယ်။ ဒီနေ့အထိပဲ မန္တလေးမြို့ရဲ့ရပ်ကွက်တွေကို တန်း၊ ဝင်း၊ ရပ်၊ စု လို့ ခေါ်ပါသေးတယ်။