အဘူစင်ဘယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
စာကြောင်း ၂ -
အဘူစင်ဘယ် (Abu Simbel) မှာ [[အီဂျစ်နိုင်ငံ]]တောင်ပိုင်းတွင် တည်ရှိသော ရှေးဟောင်းဂရိဘုရားကျောင်း များ၏ အမည်ဖြစ်သည်။ ထိုဘုရားကျောင်းများသည် [[နိုင်းမြစ်]]ကမ်းပါးတွင် တည်ရှိသည်။ ဘုရားကျောင်းကို ဘီစီ ၁၂၅၀-ခန့်တွင် အီဂျစ်ဘုရင် ရမ်ဆီ(၂) (Rameses II)လက်ထက်တွင် တည်ဆောက်ခဲ့သည်။
 
[[သဲကျောက်]]များကို ကြီးမားသော အတုံးကြီးများဖြစ်အောင် ဖြတ်တောက်ပြီး မြင့်မားသောဘုရားကျောင်း ကြီးများအဖြစ် တည်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့အနက် ကျောင်းဆောင်ကြီးတခုမှာ ၁၈၀-ပေခန့် ကျယ်ဝန်းပြီး အတွင်းပိုင်းတွင် အခန်းပေါင်းများစွာ ပါ၀င်သည်။ပါဝင်သည်။ အဆောက်အအုံ၏ မျက်နှာစာတွင် ၆၅-ပေခန့်အမြင့်ရှိသော ရှေးဟောင်းအီဂျစ်စစ်သည်တဦး ထိုင်နေဟန်ပုံ ရုပ်တု၄-ခုကို ထုလုပ်ထားသည်။ ထိုရုပ်တုကြီးများအပေါ်တွင် ရှေးဟောင်းဂရိကြေးစား စစ်သည်ရုပ်တုပုံများကို ထုလုပ်ပြီး ကမ္ပည်းထိုးထားသည်။
 
၁၉၆၀-ခန့်တွင် နိုင်းမြစ်ကိုပိတ်၍ [[ရေကာတာ]] ပြုလုပ်လိုက်သဖြင့် ထိုရုပ်တုကြီးများတည်ရှိရာ နက်ဆာရေကန်၏ ရေမျက်နှာပြင် မြင့်တက်လာသည်။ ရုပ်တုကြီးများ ရေလွှမ်းမိုးမှုဘေးကို ရင်ဆိုင်လာရသည်။ ထို့ကြောင့် ပိုမိုမြင့်မားသော ရေလွတ်ရာအရပ်သို့ ရုပ်တုကြီးများကို ဖြတ်တောက် သယ်ဆောင်ပြီး ပြန်လည်ထိန်းသိမ်းထားရသည်ဟု သိရှိရသည်။