လိင်မှတဆင့် ကူးစက်တတ်သော ရောဂါ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၅ -
ကျန်းမာရေး ပညာရှင်များသည် လိင်မှုကိစ္စတွင် [[ကွန်ဒုံ|ကွန်ဒုံး]]အစွပ် သုံးစွဲခြင်းကို ဘေးကင်းစိတ်ချရသည့် လိင်ဆက်ဆံခြင်း အဖြစ် အကြံပြုထားပြီး လိင်ဆက်ဆံမှု ပြုသောအခါတွင် လိင်ဆက်ဆံခြင်းကြောင့် ရရှိသော ကူးစက်ရောဂါ ဖြစ်ပွားမှုများကို လျော့နည်းစေသည့် အသင့်လျှော်ဆုံးသောနည်း လမ်းဖြစ်သည်ဟု ပြောဆိုထားသည်။ သို့သော် ဘေးကင်းစိတ်ချရသော လိင်မှုကိစ္စဆိုသည်မှာ အားလုံးပြည့်ဝသည့် စိတ်ချရမှုမဟုတ်ဟု အဓိပ္ပါယ်မှတ်ယူရမည်။ သွေးသွင်းခြင်းနှင့် အခြားသော သွေးပစ္စည်းများ၊ ဆေးထိုးအပ်များကိုမျှဝေသုံးစွဲခြင်း ၊ဆေးထိုးရာတွင် အနာဖြစ်ခြင်းများ (ဆေးဝန်ထမ်းများမှ အသိမပေးဘဲ ဆေးထိုးခြင်း သို့မဟုတ် ဆေးကုသနေစဉ် ဆေးထိုးအပ်များ ထုတ်လိုက်ချိန်များတွင်)၊ ဆေးမှင်ကြောင်ထိုးသောအပ်များကိုဝေမျှ သုံးစွဲခြင်းနှင့် ကလေးမွေးဖွားခြင်း တို့ကဲ့သို့သော ခန္ဓာကိုယ်အရည်များနှင့် ထိတွေ့လွှဲပြောင်းပေးခြင်းတို့သည် ရောဂါကူးစက်ဝင်ရောက်ရခြင်း၏ အကြောင်းအရင်းများဖြစ်သည်။ ထိုသို့သော ဖြစ်ရပ်များကြောင့် ဆေးဝန်ထမ်းများ၊ သွေးသွင်းရန် လိုအပ်သူများနှင့် မူးယစ်ဆေး သုံးစွဲသူများသည် ရောဂါကူးစက်ရန် အန္တရာယ်အများဆုံး အုပ်စုဖြစ်သည်။
 
မကြာသေးမီက ရောဂါကူးစက်ပြန့်ပွားပုံ လေ့လာရှာဖွေမှုများအရ လူတစ်ဦးစီအတွင်း လိင်ဆက်ဆံမှုများကို စူးစမ်းရှာဖွေခဲ့ရာ လိင်ဆက်ဆံမှုကွန်ရက်များ ပိုင်ဆိုင်ခြင်းသည် လိင်ဆက်ဆံခြင်းကြောင့်ရရှိသော ကူးစက်ရောဂါများ ပြန့်ပွားရာတွင် အဓိကကျကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ သီး⁠သီးသန့်သန့်အနေဖြင့် တစ်ဦးတစ်ယောက်သည် လိင်ဆက်ဆံဖော်များစွာနှင့် ရောနှောပြီးလိင်ဆက်ဆံခြင်းသည် အရေးကြီးသည့်အချက်ဖြစ်ကြောင်း တွေ့မြင်ရသည်။ ရောဂါလက္ခဏာမပြသော လိင်ဆက်ဆံခြင်းကြောင့်ရရှိသော ကူးစက်ရောဂါများ ဖြစ်နေသူလည်း ဖြစ်နိုင်သည်။ သီးခြားအနေဖြင့် လိင်မှတဆင့်ရောဂါများရှိနေသည့် အမျိုးသမီးများတွင် ရံဖန်ရံခါ ပြင်းထန်သည့်တင်ပါးဆုံရိုး ယောင်ယမ်းသည့်ရောဂါရောင်ရမ်းသည့်ရောဂါ ဖြစ်တတ်သည်။
 
== ကာကွယ်ခြင်း ==