စစ်အေးတိုက်ပွဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:President Ronald Reagan and Soviet General Secretary Mikhail Gorbachev holdat the first Summit in Geneva, discussionsSwitzerland.jpg|thumb|right|300px|အမေရိကန်ပြည်ထောင်စု နှင့် ဆိုဗီယက်ယူနီယံတို့သည် စစ်အေးတိုက်ပွဲအတွင်းတွင် မိမိတို့ ဩဇာလွှမ်းမိုးသော အုပ်စု အသီးသီးကို ဦးဆောင်သော မဟာအင်အားကြီး နိုင်ငံ ၂ခု ဖြစ်ခဲ့ကြသည်။ ပုံမှာ တစ်ဖက်စီမှ ခေါင်းဆောင်တစ်ဦးစီ ဖြစ်ကြသော [[ရော်နယ် ရေဂင်]]နှင့် [[မစ်ဟေး ဂေါ်ဗာချော့ဗ်]] တို့ ၁၉၈၅က တွေ့ဆုံခဲ့သော ပုံ ဖြစ်သည်။]]
'''စစ်အေးတိုက်ပွဲ''' ဆိုသည်မှာ ၁၉၄၀ ခုနှစ်များ၏ အလယ်ပိုင်းမှ စတင်၍ ၁၉၉၀ ခုနှစ်များအထိ [[အမေရိကန်ပြည်ထောင်စု]] နှင့် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံကြီး ၂ နိုင်ငံနှင့် သူတို့နှင့် အသီးသီး ပတ်သက် နေကြသော မဟာမိတ်နိုင်ငံများ ကြားတွင် ပေါ်ပေါက်ခဲ့သော ပဋိပက္ခ၊ တင်းမာမှု နှင့် ယှဉ်ပြိုင်မှု တို့ ဆက်တိုက် ဖြစ်ပေါ်ခဲ့သော အခြေအနေကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုအချိန်ကာလများတွင် ထို မဟာအင်အားကြီးနိုင်ငံ ၂ နိုင်ငံတို့ကြားတွင် ရှိသော ယှဉ်ပြိုင်မှုများကို စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ ဝါဒဖြန့်ချိမှု၊ သူလျှိုထောက်လှမ်းမှု၊ လက်နက် အသစ်အဆန်း ထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်ငန်း တိုးမြှင့်မှု၊ အာကာသနည်းပညာ ယှဉ်ပြိုင်မှု အပါအဝင် အပြိုင်အဆိုင်ဖြစ်သော နည်းပညာတိုးတက်မှုများဖြင့် ပြသခဲ့သည်။ မဟာအင်အားကြီး နိုင်ငံနှစ်နိုင်ငံလုံးကပင် အကုန်အကျအလွန်များသော ကာကွယ်ရေး အသုံးစရိတ်များကို သုံးစွဲခဲ့ပြီး သမားရိုးကျနှင့် နျူးကလီးယား လက်နက်များ ယှဉ်ပြိုင်ထုတ်လုပ်မှုများ အပါအဝင် အခြားနိုင်ငံများ၏ နောက်ကွယ်မှတဆင့် တိုက်ခိုက်ခြင်းများလည်း ပါဝင်သည်။