"ဒုက္ကရစရိယာ" ၏ တည်းဖြတ်မှု မူကွဲများ

၇၃ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ လ
→‎ဝေါဟာရလေ့လာချက်: စာလုံးပေါင်း ပြင်ခဲ့သည်
(→‎ဒုက္ကရစရိယာ: စာလုံးပေါင်း ပြင်ခဲ့သည်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် Android app edit
(→‎ဝေါဟာရလေ့လာချက်: စာလုံးပေါင်း ပြင်ခဲ့သည်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် Android app edit
 
ဒုက္ကရစရိယာ ဟူသော ဝေါဟာရသည် မျက်မှောက်ခေတ်ကာလတွင် ဗုဒ္ဓဝင် ကျမ်းအစောင်စောင်တို့၏ ရေးသားထားချက်ကြောင့် အသုံးတွင်ကာ ရင်းနှီးနေကြပြီ ဖြစ်သော်လည်း ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကမူ ဤအသုံးအနှုန်းကို တွင်ကျယ်စွာ သုံးစွဲထားကြောင်း မတွေ့ရပေ။
 
ဗုဒ္ဓမြတ်စွာ လောင်းလျာဘဝက ၆-နှစ်တာကာလပတ်လုံး ကျင့်ကြံတော်မူသည်ကို ပါဠိတော်ကြီးများ၌ ဒုက္ကရကာရိကာ ဟု ၎င်း၊လည်းကောင်း၊ ပဓာန ဟူ၍၎င်းဟူ၍ လည်းကောင်း ရေးသားထားပေသည်။ ပိဋကတ်တော်ဝင် မိလိန္ဒပဉှာကျမ်း (ခရစ် ၁-ရာစု) အခန်း၅၊ အနုမာနပဉှာ အခန်းကြီး၏ တတိယမြောက် ဝေဿန္တရဝဂ်၌ ဒုက္ကရကာ ရိကာပဉှ ဟု ခေါင်းစီးထိုး၍ ဒုက္ကရစရိယ အကျင့်အကြောင်းကို ဆွေးနွေးခန်း ဖွဲ့ဆိုထားသည်။ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမထေရ်ကြီး (ခရစ် ၄-၅ရာစု) သည် ဒုက္ကရကာရိကာ ဟူသော ဝေါဟာရနှင့် ရံခါ မဟာပဓာန ဟူသော ဝေါဟာရတို့ကို အသုံးပြုတော်မူခဲ့ပါ၏။
 
အဋ္ဌကထာဆရာအရှင် ဓမ္မပါလမထေရ်ကြီး (ခရစ် ၁၀-ရာစု) မူကား ဒုက္ကရစရိယ ဟူသော ဝေါဟာရကို ဥဒါနကဋ္ဌကထာ (၁၁၈)၊ ဣတိဝုတ္တက အဋ္ဌကထာ(၁၁၇)တို့တွင်၎င်း၊တို့တွင် လည်းကောင်း၊ မဇ္ဈိမနိကာယ် ဋီကာ (၁၊ ၃၅၆)တို့တွင်၎င်းတို့တွင် လည်းကောင်း သုံးစွဲရေးသားထားတော် မူပါသည်။ မြန်မာစာဖတ်ပရိသတ်တို့အဖို့ မြန်မာစကားပြေ ဗုဒ္ဓဝင်ကျမ်းတို့၌ သုံးစွဲနေကျဖြစ်သော ဒုက္ကရစရိယ ဝေါဟာရကို ဖတ်ရှုကြရသည့်နည်းတူ ပဓာနစရိယ ဟူသော ဝေါဟာရကိုလည်း ပရိတ်တရားတော်ကို ရွတ်ဖတ်သရဇ္ဈာယ်တော် မူကြသောအခါ ရတနာသုတ် ပရိတ်တော်တွင် ပစ္ဆိမ ဘဝေဂဗ္တဝေါက္ကန္တိ ဇာတိ အဘိနိက္ခမနံ ပဓာနစရိယံ ဟု ရွတ်ဖတ်တော် မူကြရပါမည်။
 
အထက်ပါ အထောက်အထားများအရ ပါဠိစာပေသမိုင်းတွင် ဒုက္ကရစရိယဟူသော ဝေါဟာရကို ရှေးဦးကာလ၌ အသုံးနည်း၍ အရှင်ဓမ္မပါလမထေရ် ထင်ရှားသော ခရစ် ၁၀-ရာစုကာလမှ စ၍သာ သုံးစွဲကြောင်း တွေ့ရပါမည်။
<ref>ဦးအောင်မွန်။ ဒုက္ကရစရိယာ၊ ဉာဏ်လင်း ဓမ္မစာပဒေသာ၊ ၁၉၈၄-ခု၊ မေလ၊ စာ-၁၁၈</ref>
 
ဒီနေရာမှာ ဘုရားလောင်းဟာ ဘာကြောင့်များ ဒီလိုကိုယ်ဆင်းရဲခံတဲ့ တပအကျင့်ဘက် လိုက်ရသလဲ မေးစရာရှိပါတယ်။ဒါ့နေရာမှာမေးစရာရှိပါတယ်။ ဒါ့နေရာမှာ အဲဒီခေတ် မဇ္ဈိမဒေသရဲ့ အတွေးအခေါ် ဝါဒသမိုင်းနောက်ခံနဲ့ ဂိုဏ်းဂဏများအကြောင်း အနည်းငယ် သိသင့်ပါတယ် ။
ကျမ်းကိုး ။ ဦးရွှေအောင်( ဗုဒ္ဓဝါဒ ပေါ်ထွန်းခြင်း)၊ What the Buddha taugh… by Dr. R. Rahula၊ အရှင်ဇနကာဘိဝံသ၊ အရှင်ဉာဏိသာရ တို့၏ ဓမ္မစကြာဆိုင်ရာတရားများ၊ လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ ဖားအောက် ဆရာတော်တို့၏ ဓမ္မစကြာတရားများ စသည်တို့မှ ထုတ်နှုတ်လိုက်ပါတယ်။ ပလန်းနက်မှာ Kalmond ရေးပေးတာတွေလဲ ပါနေပါလိမ့်မယ်။ ဗုဒ္ဓဝါဒ ပေါ်ထွန်းမှုနဲ့ အတွေးအခေါ်ဆိုင်ရာ စာတမ်းတွေမှာလဲ ဒီကျင့်စဉ်အကြောင်းပါပါတယ်။
 
ဝေဒခေတ်ကောင်းစဉ်က ဗြာဟ္မဏတို့သည် ချမ်းသာသုခရရှိရေး၊ နတ်ပြည်ရောက်ရေး၊ သံသရာဝဋ်မှ လွတ်မြောက်ရေးတို့အတွက် နတ်ဒေဝါများကို ပူဇော်ပသသည့် ယဇ်လမ်းစဉ်ကိုတီထွင်ခဲ့ကြတယ်။ယဇ်လမ်းစဉ်ကို တီထွင်ခဲ့ကြတယ်။ ဗြာဟ္မဏတို့က နိုင်ငံရေးနှင့် ဘာသာရေးအရ အိန္ဒိယဒေသကို လွှမ်းမိုးအုပ်စိုးနိုင်ရန် ဇာတ်စနစ်ခေါ်အမျိုးအနွယ်ခွဲခြားမှု စနစ်တစ်မျိုးကိုလည်း တီထွင်ခဲ့ကြတယ်။ ထိုစနစ်အရ ဝေဒပညာရှင် ဗြာဟ္မဏအနွယ်ဝင်တို့သည် ဘာသာရေးအာဏာပိုင်များ ဖြစ်လာရုံသာမက လူမှုရေး၊ ပညာရေးနှင့် နိုင်ငံရေး နယ်ပယ်များကိုပါ လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့ကြတယ်။ အမျိုးလေးပါးတွင် ဗြာဟ္မဏမျိုးက အမြတ်ဆုံးဖြစ်ကြောင်း၊ဗြဟ္မာကြီး၏ ခံတွင်းမှ ပေါက်ဖွားလာ၍ ဗြဟ္မာနှင့်လူအကြား မရှိမဖြစ်အရေးပါသည့် အဆက်အသွယ်ဖြစ်ကြောင်းဟောပြောကာ လူတန်းစားအာဏာကို ထူထောင်နိုင်ခဲ့ကြတယ်။ သံသရာမှ လွတ်မြောက်ရေး၊ ချမ်းသာသုခ ရရှိရေးအတွက်ယဇ်ပူဇော်ပွဲများ ပြုလုပ်ရာတွင် ဗြာဟ္မဏတို့ မပါဝင်က အထမမြောက်ဟု ဆိုခဲ့ကြတယ်။ ဘုရင်များ၊ သူဌေးသူကြွယ်များ၊ ကုန်သည်၊ လယ်သမား၊ ဆင်းရဲသားပါမကျန် ဝေဒပညာရှင်များ၏ အဆိုအမိန့်ကို ဘုရားတစ်ဆူဂူတစ်လုံး ကိုးကွယ်ခဲ့ကြရပေတယ်။
 
ဗြဟ္မာဏတို့သည် ထိုကဲ့သို့ ဘာသာရေးနှင့် သက်ဆိုင်သည့် ဘဝလွတ်မြောက်ရေး၊ ချမ်းသာသုခ ရရှိရေးတို့ကိုလက်ဝါးကြီးအုပ်ထားခဲ့ကြရာရရှိရေးတို့ကို လက်ဝါးကြီးအုပ်ထားခဲ့ကြရာ ယဇ်ပူဇော်မှုတွင် မပါမဖြစ် အရာရောက်သူများ ဖြစ်လာခဲ့ကြတယ်။ ယဇ်ပူဇော်ပွဲတစ်ခုကိုစနစ်တကျယဇ်ပူဇော်ပွဲတစ်ခုကို စနစ်တကျ စီမံဆောင်ရွက်ရန်အတွက် ဝေဒပညာရှင် ဗြာဟ္မဏတစ်ဦးကို ငှားရမ်းပင့်ဖိတ်သည်ဆိုပါက ငွေကြေအတော်အတန် ကုန်ကျပေလိမ့်မည်။ သာမန်လူတို့ မတတ်နိုင်တော့သည့် အနေအထား ဖြစ်လာတယ်။
 
အမျိုးဇာတ်ခွဲခြားမှုကိုအကြောင်းပြု၍ ဗြာဟ္မဏတို့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် အဘက်ဘက်က အသာစီးယူနေကြသည်ကိုလည်းမကျေမနပ် ဖြစ်လာကြတယ်။ ဒီအခါ ဘဝလွတ်မြောက်ရေးကို အလိုရှိကြသူတို့က အိမ်ရာတည်ထောင် လူတို့ဘောင်ကိုစွန့်ခွာလျက် ဆိတ်ငြိမ်ရာတောအရပ်သို့ ချဉ်းကပ်ကာ အားထုတ်ကျင့်ကြံ ကြိုးပမ်းကြရာမှ တရားဘာဝနာပွားများမှုသဘောပေါ်ပေါက်လာတယ်။ တောထဲတွင် သစ်ပင်အောက်၌ တစ်ကိုယ်တည်းတကိုယ်တည်း ထိုင်နေရင်း စိတ်မှန်းဖြင့် ယဇ်ပူဇော်မှုပြုခြင်း၊ ဗြဟ္မာကို အာရုံပြုခြင်းများ ပြုလုပ်ရာမှ ကသိုဏ်းပေါက်ကာ ဈာန်လမ်းစဉ်ကို တွေ့ရှိကြတယ်။ ဒီလမ်းစဉ်ကိုလဲ ဘုရားလောင်း သင်ခဲ့သေးတယ်ပေါ့။ အာဠာရ နဲ့ ဥဒက ဆီမှာ။ ဒါကြောင့် အာရညကခေတ်ခေါ် တောမှီရသေ့ခေတ်ဦးတွင် ဝေဒလမ်းစဉ် မှေးမှိန်ခဲ့ရတယ်။ ဈာန်ချမ်းသာသည် လောကီအာရုံ ကာမဂုဏ်တို့ထက်အဆပေါင်းများစွာ သာလွန်မြင့်မားလှသဖြင့် ထိုခေတ်တွင် ရသေ့ယောဂီ အရညဝါသီ တောမှီသူတော်စင်များ အမြောက်အမြား ပေါ်ထွန်းခဲ့တယ်။ အချို့မှာ ဂိုဏ်းဂဏများ တည်ထောင်ကာ တပည့်များစွာကို သင်ကြားပို့ချမှု ပြုကြတယ်။ (သာဓက၊ ဥရုဝေလ ကဿပ ရသေ့ဆရာကြီးများ) ဗြာဟ္မဏလမ်းစဉ်တွင်လည်း တရားအားထုတ်မှု လွှမ်းမိုးလာခဲ့တယ်။ ဒါပေမယ့် ချမ်းသာစစ် နိဗ္ဗာန်ကို ရနိုင်မယ့် နည်းတွေတော့ မဟုတ်ဘူးပေါ့ ။
 
ဘုရားလောင်းဆိုတာ ဒီဒုက္ကရစရိယာကျင့်စဉ် တွေ အားလုံးကို လိုက်ကျင့်ရမယ့် တာဝန်ရှိတယ်။ ဘာကြောင့် ဆိုရင် (၂)ချက်ရှိပါတယ်။
အမည်မသိ အသုံးပြုသူ