မဟာသတိပဋ္ဌာနသုတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎အကိုးအကား
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄ -
 
=== ၁ - ထွက်သက်ဝင်သက်ကို ရှုဆင်ခြင်ခြင်းအပိုင်း ===
၃၇၄။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ ဖြစ်စေ သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ဖြောင့်မှန်စွာ၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေ့ရှုဖြစ်စေလျက် ထိုင်၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှိုက်၏။ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။ ရှည်ရှည် ရှိုက်လျှင်လည်း “ရှည်ရှည်ရှိုက်သည်” ဟု သိ၏။ ရှည်ရှည်ရှူလျှင်လည်း “ရှည်ရှည်ရှူသည်” ဟု သိ၏။ တိုတိုရှိုက်လျှင်လည်း “တိုတိုရှိုက်သည်” ဟု သိ၏။ တိုတိုရှူလျှင်လည်း “တိုတိုရှူသည်” ဟု သိ၏။ (ထွက်သက်လေ၏) “ အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှူမည်” ဟု ကျင့်၏။ “ရုန့်ရင်းသော ထွက်သက်ကို ငြိမ်းစေလျက် ရှိုက်မည်” ဟု ကျင့်၏။ “ရုန့်ရင်းသော ဝင်သက်ကို ငြိမ်းစေလျက် ရှူမည်” ဟု ကျင့်၏။
 
            ရဟန်းတို့ ဥပမာသော်ကား ကျွမ်းကျင်သော ပွတ်သမားသည်လည်းကောင်း၊ ပွတ်သမား၏ တပည့်သည်လည်းကောင်း (ပွတ်ကြိုးကို) ရှည်ရှည်ဆွဲငင်လျှင်လည်း “ရှည်ရှည်ဆွဲငင်သည်” ဟု သိ၏။ (ပွတ်ကြိုးကို) တိုတို ဆွဲငင်လျှင်လည်း “တိုတိုဆွဲငင်သည်” ဟု သိ၏။ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ရှည်ရှည် ရှိုက်လျှင်လည်း “ရှည်ရှည်ရှိုက်သည်” ဟု သိ၏။ ရှည်ရှည်ရှူလျှင်လည်း “ရှည်ရှည်ရှူသည်” ဟု သိ၏။ တိုတိုရှိုက်လျှင်လည်း “တိုတိုရှိုက်သည်” ဟု သိ၏။ တိုတိုရှူလျှင်လည်း “တိုတိုရှူသည်” ဟု သိ၏။ (ထွက်သက်လေ၏) “အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်မည်” ဟု ကျင့်၏။ (ဝင်သက်လေ၏) “အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှား သိလျက် ရှူမည်” ဟု ကျင့်၏။ “ရုန့်ရင်းသော ထွက်သက်ကို ငြိမ်းစေလျက် ရှိုက်မည်” ဟု ကျင့်၏။ “ရုန့်ရင်းသော ဝင်သက်ကို ငြိမ်းစေလျက် ရှူမည်” ဟု ကျင့်၏။