ထိုင်းတော်ဝင်တပ်မတော်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၁၆ -
လေ့လာသူတစ်ဦး၏အဆိုအရ ထိုင်း စစ်ဗိုလ်ချုပ်ကြီးတစ်ဦးစီတွင် ရည်မှန်းချက် ၃ ချက် ရှိသည်ဟူ၏။ လက်ရာနိုင်ငံရေးပါတီများမှ နိုင်ငံရေးသမားများ နှင့့် မဟာမိတ်ဖွဲ့ ပူးပေါင်းရန်၊ ၎င်းတို့အား တာဝန်ပြောင်းရွေ့ခန့်ထားရာ၌ အကောင်းဆုံးနေရာ ရရှိနိုင်ရေး သေချာစေရန်၊ ၎င်းတို့ ကြွယ်ဝချမ်းသာလာအောင်အားထုတ်ရန်နှင့် ရရှိလာသည်များကို လက်အောက်ငယ်သားများနှင့်မျှဝေခံစားပြီး ထိုလက်အောက်ငယ်သားများ ၎င်းတို့အပေါ်သစ္စာရှိမှုကို သေချာစေရန်တို့ဖြစ်ကြသည်။
 
==စစ်မှုမထမ်းမနေရ ဥပဒေ​==
==ဥပ​ဒေအရ စစ်မှုထမ်း​စေခြင်း​==
 
ထိုင်းနိုင်ငံ၏ ဥပ​ဒေအရ စစ်မှုထမ်း​စေခြင်း​ကို ၁၉၀၅ ခုနှစ်တွင် စတင်ခဲ့သည်။ ဘုရင့်နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ထိုင်းနိုင်ငံသား အားလုံး၏ အမျိုးသားရေး တာဝန်သည် လက်နက်ကိုင်တပ်ဖွဲ့များတွင် ဝင်ရောက်အမှုထမ်းရန်ဖြစ်သည်။ ကျင့်သုံးမှုအနေဖြင့် အသက် ၂၁ အထက် အမျိုးသားများသည် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းဆောင်ခြင်းမရှိလျှင် ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။ အရွယ်ရောက်ပြီးသူများ စစ်မှုထမ်းစေရေး စာရင်းသွင်းခြင်း လုပ်ငန်းစဉ်သည် ဧပြီလအတွင်း စတင်သည်။ တပ်သားသစ်စုဆောင်းရေးနေ့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသူများက အစီရင်ခံစာတင်ရန်အတွက် ဗဟိုရွေးချယ်ရေးဌာနသို့ နံနက် ၇ နာရီတွင် သွားရောက်ရသည်။ လူတွေ့စစ်ဆေးရေးနေ့တွင် အမှုထမ်းမည့်သူများသည် စေတနာ့ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ရန် တောင်းဆိုနိုင်ပြီး မဲနှိုက်ပြီး တာဝန်ထမ်းရန်အတွက်လည်း ရွေးချယ်နိုင်သည်။ ထို့နောက် တာဝန်ထမ်းဆောင်မည်သူများအားလုံးသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စစ်ဆေးချက်များ ခံယူရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိမရှိ သိရှိနိုင်ရန် ဆီးစစ်ခြင်းများ ခံယူရသည်။ ဆီးစစ်ခြင်းခံယူပြီးနောက် ရလာဒ်များအား စိတ်ကိုစွဲလမ်းစေသည့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ ဒေတာဘေ့စ် အတွင်း ထည့်သွင်းသည်။ ၂၀၁၈ ခုနှစ်အတွင်း ဒေတာဘေ့စ်အတွင်း ထည့်သွင်းခဲ့သည့် လူဦးရေမှာ ၁၈၂၉၁၀ ဦး ရှိသည်။ ယင်းတို့ထဲမှ ၁၂၂၀၉ ဦး သို့မဟုတ် ၆.၇ ရာခိုင်နှုန်းသည် မူးယစ်ဆေးဝါးသုံးစွဲကြောင်း တွေ့ရှိရသည်။ ထိုအထဲတွင် အရပ်အခေါ် ရေခဲ (မက်သမ်ဖတမင်း) သုံးစွဲသူ ၁၁၁၃၉ ဦး၊ ဆေးခြောက် သုံးစွဲသူ ၇၅၀ ဦး နှင့် ကျန်သူများမှာ အခြားမူးယစ်ဆေးဝါးများသုံးစွဲကြသည်ကို တွေ့ရှိရသည်။ ထိုမူးယစ်ဆေးဝါးသုံးစွဲကြောင်းတွေ့ရှိရသည့် လူဦးရေ ၃၀၀၀ ကျော်အား ပြန်လည်ထူထောင်ရေး ကုသမှုများ ပြုလုပ်ပေးသည့် တပ်တွင်း တာဝန်များ ထမ်းဆောင်စေသည်။ ထိုသူများအား တပ်သားအဖြစ် မရွေးချယ်ပဲ ၎င်းတို့ ပြည်နယ်ရှိ ၁၃ရက်ကြာ ပြန်လည်ထူထောင်ရေးအစီအစဉ်အတွင်း သွတ်သွင်းခံရသည်။ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးရေးမအောင်မြင်သည့် သူများသည် တာဝန်ထမ်းဆောင်ရန်မလိုဘဲ အိမ်သို့ ပြန်ရသည်။ ရွေးချယ်ခံရသည့် စေ့တနာဝန်ထမ်း တပ်သားသစ်များသည် မိမိတို့ ကြိုက်နှစ်သက်ရာ ဌာနများ(ထိုင်းတော်ဝင်ကြည်းတပ်၊ ထိုင်းတော်ဝင်ရေတပ် သို့မဟုတ် ထိုင်းတော်ဝင်လေတပ်)ကို ရွေးချယ်နိုင်သည်။ ပြီးလျင် ကြိုက်နှစ်သက်ရာ ရက်အားရွေးချယ် အစီရင်ခံရသည်။ ထိုနှစ်၏ စစ်မှုထမ်း တပ်သားသစ်စုဆောင်းရေးစာရွက်စာတမ်း ၊ အခြေခံသင်တန်း တက်ရောက်မည့် အချိန်နှင့် နေရာများ ပါဝင်သည့် အကြောင်းကြားစာ အသေးစိတ်အချက်အလက်များ သတင်းပေးပို့ရန် အမိန့်ညွှန်ကြားချက်အား လက်ခံရရှိသည်။ ထို့နောက် တပ်သားသစ်သားများသည် မိမိတို့၏ အခြေခံ သင်တန်းတက်ရောက်ရန် သတင်းပို့မည့်နေ့သို့ စောင့်ဆိုင်းရန်သာ ကျန်တော့သည့်အတွက် ပြန်ခွင့်ရရှိသည်။
 
တပ်သားသစ်များသည် ထိုမှ ပြန်ခွင့်ရသည့်နေ့တွင် မဲ အစီအစဉ်အား စတင်သည်။ ရွေးချယ်ရေးဌာနတခုစီတိုင်းတွင် သတ်မှတ်ထားသည့် ခွဲတမ်းရပြီး ဌာနတစ်ခုစီမှ မဲပေါက်သည့် စစ်မှုထမ်းအရေအတွက်အား စေတနာ့ဝန်ထမ်းအရေအတွက်ဦးရေဖြင့် ခွဲတမ်းနုတ်ယူလိမ့်မည်။ အဆိုပါ မဲစနစ်နှင့် ရွေးချယ်ခံရသူများသည် စေတနာ့ဝန်ထမ်းများကဲ့သို့ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး စစ်ဆေးမှုများ ခံယူရပြီး စစ်ဆေးမှု မအောင်မြင်က အထက်ဖော်ပြပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ပယ်ခြင်းခံရသည်။
 
မဲစံနစ်အတွက် စောင့်ဆိုင်းနေသူ တစ်ဦးချင်စီသည် မဲပုံးအတွင်းပိုင်းကို မမြင်နိုင်အောင်ပြုလုပ်ထားသည့် မဲပုံးမှ မဲပြားများ နှိုက်ယူရသည်။ အမဲရောင်မဲပြားအား နှိုက်ယူရရှိသူသည် စစ်မှုတာဝန်ထမ်းဆောင်ရန် လိုအပ်ချက်မှ ကင်းလွတ်ခွင့်ရရှိသည့် စာနှင့် အတူ အိမ်ပြန်ခွင့်ရရှိသည်။ အနီရောင် မဲပြားအား နှိုက်ယူရရှိသူသည် ကဒ်ပြားပေါ်တွင် ရေးသားဖော်ပြထားသည့် နေ့စွဲအတိုင်း စစ်မှုထမ်းဆောင်ရန် စတင်တာဝန်ထမ်းဆောင်ရန် လိုအပ်သည်။ အဆင့်မြင့်ပညာရေး အရည်အချင်းပြည့်စုံသူများသည် တာဝန်ထမ်းဆောင်မှု သက်တမ်းကို လျှော့ချပေးရန် တောင်းဆိုနိုင်သည်။ ၂၀၀၈ ခုနှစ်အတွင်း ထိုင်းတော်ဝင်တပ်မတော်မှ ရွေးချယ်ရန် ခေါ်ယူခဲ့သည့် အမျိုးသားအရည်အတွက်မှာ ၅ သိန်း ကျော်ခန့်ရှိသည်။ ခွဲတမ်း စုစုပေါင်းမှာ ခန့်မှန်းချေ ၁၀၄၀၀၀ ဦးဖြစ်ပြီး ထိုင်းတော်ဝင်ကြည်းတပ်အတွက် ၈သောင်း၊ ထိုင်းတော်ဝင်ရေတပ်အတွက် ၁၆၀၀၀ နှင့် ထိုင်းတော်ဝင်လေတပ်အတွက် ၈၇၀၀ ဦး အသီးသီး ဖြစ်ကြသည်။ စစ်သည်ရွေးချယ်ရေးနေ့တွင် အပျော်တမ်းစစ်သည် အဖြစ် တာဝန်ထမ်းဆောင်ရန် ဦးရေမှာ ၄၄၈၀၀ ခန့်ရှိသည်။ အပျော်တမ်းစစ်သည်အဖြစ်လက်ခံပြီးနောက်နှင့် အရည်အချင်းမပြည့်မီသူများအား ဖယ်လိုက်သောအခါ ကျန်ရှိခွဲတမ်းမှာ ခန့်မှန်းချေ ၆သောင်းခန့်အတွက် အမျိုးသား ၄၅၀၀၀ခန့် မဲစံနစ်အတွင်း ဝင်ရောက်ခဲ့သည်။ ဥဒဟာရုဏ်အဖြစ် မဲစနစ်အတွင်းရှိ မဲပြားအနီ ရရှိရန်အခွင့်အရေးအားလုံးပေါင်းသည် ခန့်မှန်းချေ ၁၃ ရာခိုင်နှုန်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွင်း စစ်မှုထမ်း အမျိုးသား လူဦးရေ ၁၀၃၀၉၇ ဦးခန့် တက်ရောက်ခဲ့သည်။ တပ်မတော်သည်တနှစ်လျှင် စစ်မှုထမ်းရန် လူဦးရေ ၇၇,၀၀၀ သာလိုအပ်သည်။ အချို့သောရွေးချယ်ရေးစင်တာများတွင် မဲနှိုက်ခြင်း လုံးဝမပြုလုပ်ရသည်မှာ အဆန်းမဟုတ်ချေ၊ အဘယ့်ကြောင့်ဆိုသော် ခွဲတမ်းများကို အပျော်တမ်းစစ်သည်များက ဖြည့်ဆည်းထားသောကြောင့်ဖြစ်သည်။ ဤသို့သောဖြစ်ရပ်တွင် အပျော်တမ်းစစ်သည်အဖြစ် တာဝန်မထမ်းလိုပဲ မဲနှိုက်၍နေလိုသူများအား စစ်မှုထမ်းရန် ကင်းလွှတ်ခွင့်လက်မှတ် ထုတ်ပေးသည်။
 
စစ်မှုတာဝန်ထမ်းဆောင်ရသည့် အချိန်သည် စစ်မှုထမ်းရန် လျှောက်ထားသူ၏ ပညာရေးနောက်ခံရှိမရှိပေါ် မူတည်သည်။ မိမိဆန္ဒအလျောက် စစ်မှုထမ်းစာရင်းသွင်းသူအား ကာလတို အမှုဆောင်ခြင်းကို ပေးသည်။ အထက်တန်းအောင်လက်မှတ် မရရှိသူများသည် အပျော်တမ်းတာဝန်ထမ်းဆောင်ခြင်းရှိမရှိကို ထည့်မတွက်ပဲ နှစ်နှစ် တာဝန်ထမ်းဆောင်ရန်လိုအပ်သည်။ အထက်တန်းအောင်မြင်ပြီးသည့် အပျော်တမ်းစစ်သည်များသည် တစ်နှစ်သာ အမှုထမ်းဆောင်ရန်လိုအပ်သော်လည်း မဲပြားအနီဆွဲယူရရှိသည့် အထက်တန်းမြင်ပြီးသူများသည် နှစ်နှစ် အမှုထမ်းဆောင်ရန်လိုအပ်သည်။ ဒီဂရီဘွဲ့ရရှိသူများ သို့မဟုတ် ထိုထက် ပညာရေးမြင့်မားသူများသည် ၆ လသာ အမှုထမ်းရသည်။ ဘွဲ့ရပြီးသူများထဲမှ မဲပြားအနီရောင် နှိုက်ယူရရှိသူများသည် အမှုထမ်းကာလကို အများဆုံး ၁နှစ်အထိ လျော့ချပေးရန် လျောက်ထားနိုင်သည်။ တက္ကသိုလ်မှကျောင်းသားများသည်ဒီပလိုမာချီးမြှင့်ခြင်းခံရသည် (သို့) ၂၆ နှစ်ပြည့်ပြီးသည်အထိစစ်မှုထမ်းခြင်းကာလရွှေ့ဆိုင်းရန်တောင်းဆိုနိုင်သည်။ တက္ကသိုလ်မှကျောင်းသားများသည် ဒီပလိုမာချီးမြှင့်ခြင်းခံယူရန် (သို့) အသက်၂၆ နှစ်ပြည့်သည်အထိစောင့်ဆိုင်ရန် စစ်မှုထမ်းခြင်းကာလရွှေ့ဆိုင်းရန် တောင်းဆိုနိုင်သည်။
 
==ကိုးကား==