ထိုင်းတော်ဝင်တပ်မတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁၁၈ -
==စစ်မှုမထမ်းမနေရ ဥပဒေ​==
 
ထိုင်းနိုင်ငံ၏ ဥပ​ဒေအရ စစ်မှုထမ်း​စေခြင်း​ကို ၁၉၀၅ ခုနှစ်တွင် စတင်ခဲ့သည်။ ဘုရင့်နိုင်ငံတော်၏ [[ဖွဲ့စည်းပုံအခြေခံဥပဒေ]]အရ ထိုင်းနိုင်ငံသား အားလုံး၏ အမျိုးသားရေး တာဝန်သည် လက်နက်ကိုင်တပ်ဖွဲ့များတွင် ဝင်ရောက်အမှုထမ်းရန်ဖြစ်သည်။ ကျင့်သုံးမှုအနေဖြင့် အသက် ၂၁ အထက် အမျိုးသားများသည် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းဆောင်ခြင်းမရှိလျှင် ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။ အရွယ်ရောက်ပြီးသူများ စစ်မှုထမ်းစေရေး စာရင်းသွင်းခြင်း လုပ်ငန်းစဉ်သည် ဧပြီလအတွင်း စတင်သည်။ တပ်သားသစ်စုဆောင်းရေးနေ့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသူများက အစီရင်ခံစာတင်ရန်အတွက် ဗဟိုရွေးချယ်ရေးဌာနသို့ နံနက် ၇ နာရီတွင် သွားရောက်ရသည်။ လူတွေ့စစ်ဆေးရေးနေ့တွင် အမှုထမ်းမည့်သူများသည် စေတနာ့ဝန်ထမ်း အပျော်တမ်းစစ်သည်များ အဖြစ် တာဝန်ထမ်းဆောင်ရန် တောင်းဆိုနိုင်ပြီး မဲနှိုက်ပြီးမှ တာဝန်ထမ်းရန်အတွက်လည်း ရွေးချယ်နိုင်သည်။ ထို့နောက် တာဝန်ထမ်းဆောင်မည်သူများအားလုံးသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စစ်ဆေးချက်များ ခံယူရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိမရှိ သိရှိနိုင်ရန် ဆီးစစ်ခြင်းများ ခံယူရသည်။ ဆီးစစ်ခြင်းခံယူပြီးနောက်[[ဆီးစစ်ခြင်း]]ခံယူပြီးနောက် ရလာဒ်များအား စိတ်ကိုစွဲလမ်းစေသည့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ ဒေတာဘေ့စ် အတွင်း ထည့်သွင်းသည်။ ၂၀၁၈ ခုနှစ်အတွင်း ဒေတာဘေ့စ်အတွင်း ထည့်သွင်းခဲ့သည့် လူဦးရေမှာ ၁၈၂၉၁၀ ဦး ရှိသည်။ ယင်းတို့ထဲမှ ၁၂၂၀၉ ဦး သို့မဟုတ် ၆.၇ ရာခိုင်နှုန်းသည် မူးယစ်ဆေးဝါးသုံးစွဲကြောင်း တွေ့ရှိရသည်။ ထိုအထဲတွင် အရပ်အခေါ် ရေခဲ ([[မက်သမ်ဖတမင်း]]) သုံးစွဲသူ ၁၁၁၃၉ ဦး၊ [[ဆေးခြောက်]] သုံးစွဲသူ ၇၅၀ ဦး နှင့် ကျန်သူများမှာ အခြားမူးယစ်ဆေးဝါးများသုံးစွဲကြသည်ကို တွေ့ရှိရသည်။ ထိုမူးယစ်ဆေးဝါးသုံးစွဲကြောင်းတွေ့ရှိရသည့် လူဦးရေ ၃၀၀၀ ကျော်အား ပြန်လည်ထူထောင်ရေး ကုသမှုများ ပြုလုပ်ပေးသည့် တပ်တွင်း တာဝန်များ ထမ်းဆောင်စေသည်။ ထိုသူများအား တပ်သားအဖြစ် မရွေးချယ်ပဲ ၎င်းတို့ ပြည်နယ်ရှိ ၁၃ရက်ကြာ ပြန်လည်ထူထောင်ရေးအစီအစဉ်အတွင်း သွတ်သွင်းခံရသည်။ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးရေးမအောင်မြင်သည့် သူများသည် တာဝန်ထမ်းဆောင်ရန်မလိုဘဲ အိမ်သို့ ပြန်ရသည်။ ရွေးချယ်ခံရသည့် အပျော်တမ်းတပ်သားသစ်များသည် မိမိတို့ ကြိုက်နှစ်သက်ရာ ဌာနများ(ထိုင်းတော်ဝင်ကြည်းတပ်၊ ထိုင်းတော်ဝင်ရေတပ် သို့မဟုတ် ထိုင်းတော်ဝင်လေတပ်)ကို ရွေးချယ်နိုင်သည်။ ပြီးလျင် ကြိုက်နှစ်သက်ရာ ရက်အားရွေးချယ် အစီရင်ခံရသည်။ ထိုနှစ်၏ စစ်မှုထမ်း တပ်သားသစ်စုဆောင်းရေးစာရွက်စာတမ်း ၊ အခြေခံသင်တန်း တက်ရောက်မည့် အချိန်နှင့် နေရာများ ပါဝင်သည့် အကြောင်းကြားစာ အသေးစိတ်အချက်အလက်များ သတင်းပေးပို့ရန် အမိန့်ညွှန်ကြားချက်အား လက်ခံရရှိသည်။ ထို့နောက် တပ်သားသစ်သားများသည် မိမိတို့၏ အခြေခံ သင်တန်းတက်ရောက်ရန် သတင်းပို့မည့်နေ့သို့ စောင့်ဆိုင်းရန်သာ ကျန်တော့သည့်အတွက် ပြန်ခွင့်ရရှိသည်။
 
တပ်သားသစ်များသည် ထိုမှ ပြန်ခွင့်ရသည့်နေ့တွင် မဲ အစီအစဉ်အား စတင်သည်။ ရွေးချယ်ရေးဌာနတခုစီတိုင်းတွင် သတ်မှတ်ထားသည့် ခွဲတမ်းရပြီး ဌာနတစ်ခုစီမှ မဲပေါက်သည့် စစ်မှုထမ်းအရေအတွက်အား အပျော်တမ်းစစ်သည်အရေအတွက်ဦးရေဖြင့် ခွဲတမ်းနုတ်ယူလိမ့်မည်။ အဆိုပါ မဲစနစ်နှင့် ရွေးချယ်ခံရသူများသည် အပျော်တမ်းစစ်သည်များကဲ့သို့ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး စစ်ဆေးမှုများ ခံယူရပြီး စစ်ဆေးမှု မအောင်မြင်က အထက်ဖော်ပြပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ပယ်ခြင်းခံရသည်။