ကသာမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၂၇ -
|website =
}}
'''ကသာမြို့'''သည် [[စစ်ကိုင်းတိုင်းဒေသကြီး]] မြောက်ပိုင်းတွင် တည်ရှိသည်။ [[ဧရာဝတီမြစ်]] အနောက်ဘက်ကမ်း၌ တည်ရှိသော [[ကသာမြို့]]မှာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ သင်္ဘောဆိပ်မြို့ဖြစ်ပြီး ရထားလမ်း၊ ကားလမ်းများလည်း ဆုံရာမြို့ ဖြစ်သည်။ လေယာဉ်ကွင်း ရှိသော်လည်း ပုံမှန် ဆင်းသက်မှု မရှိပေ။ ယခုအခါ ကသာ-ဗန်းမော် ရထားလမ်းကို ဖေါက်လုပ်လျက်ရှိသည်။ဖောက်လုပ်ပြီးစီး၍ ရထားများပြေးဆွဲခဲ့သော်လည်း ယခုအခါမှာ ရထားများပြေးဆွဲတော့ခြင်းမှရှိပေ။ ကသာမြို့ သည် ရှေးအခါက '''ကမ်းသာ''' ဟု ထင်ရှားခဲ့သည်။ [[ရှမ်းဘာသာစကား|ရှမ်းဘာသာ]]ဖြင့် '''ကပ်ဆာ'''ဟု ခေါ်သည်။ မိုင်းသာဈေးမြို့ဟု အဓိပ္ပါယ်ရသည်။ ကဒူးရာဇဝင်တွင် ကဆာ (ကျားမြို့) ဟုတွေ့ရသည်။
 
==တည်နေရာ==
ကသာမြို့သည် [[မန္တလေးမြို့]]၏ မြောက်ဘက်တွင် ရှိပြီး မီးရထားမှတစ်ဆင့် သွားလျှင် ၁၂ နာရီ ကြာမြင့်သည်။ ကသာမြို့၏ အနောက်ဘက်ရှိ မီးရထားလမ်းဆုံမြို့ဖြစ်သော နဘားမှတစ်ဆင့် စီးရခြင်းဖြစ်သည်။ နဘားမှ အရှေ့ဘက်ရှိ ကသာသို့ မီးရထားလမ်းခွဲသေးတစ်ခု ရှိသည်။ ကသာသို့ သင်္ဘောဖြင့်လည်း ရောက်ရှိနိုင်သည်။ ထိုသင်္ဘောများသည် မြစ်ညာဘက် [[ဗန်းမော်မြို့]]မှ မန္တလေးသို့ [[ဧရာဝတီမြစ်]]အတိုင်း စုန်ဆင်းခြင်း ဖြစ်သည်။ မန္တလေးမှ ကသာသို့ တိုက်ရိုက်ပြေးဆွဲသော ဘက်စ်ကားများလည်း ရှိသည်။ သို့သော် ခရီးသည် ကြမ်းတမ်းသည်။
 
==ရာသီဥတု==