ကျိုက်ထိုမြို့: တည်းဖြတ်မှု မူကွဲများ

ပအိုဝ်းလူမျိုးစရင်းထဲမှာမပါခဲ့လို့ ထည့်ဖြည့်ပြုပြင်ရတာပါ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၁၂၄ -
|footnotes =
}}
'''ကျိုက်ထိုမြို့'''သည် [[ရန်ကုန်]]-[[မော်လမြိုင်]] အဝေးပြေးကားလမ်းကြီးနှင့် [[မီးရထား]]လမ်းပေါ်တွင် တည်ရှိပြီး ရန်ကုန်မှ ၉၅ မိုင် ပဲခူးမှ ၄၈ မိုင် အသီးသီး ကွာဝေးသည်။ [[မွန်ပြည်နယ်]]၊ [[သထုံခရိုင်]]၏ လက်အောက်တွင် ရှိသော မြို့နယ်တစ်ခုပြီး ယခင်က ကျိုက်ထိုမြို့နယ်နှင့် [[ဘီးလင်းမြို့နယ်]] သည် ဝန်ထောက်ရုံးစိုက်ရာ နေရာဖြစ်သည်။ ကျိုက်ထိုမြို့နယ်သည် စတုရန်းမိုင်ပေါင်း ၃၃၆၃၆၅.၇ မိုင်ခန့် ကျယ်ဝန်း၏။<ref>https://www.moi.gov.mm/local-info/3126</ref> မြောက်ဖက်တွင် မြင့်မားသော ပေါင်းလောင်းတောင်တန်းကြီးနှင့် တောင်ဖက်တွင် ပင်လယ်ရေပြင်က နယ်နမိတ်သတ်မှတ်ထားသဖြင့် မြို့၏ ရှုခင်းမှာ သာယာစိုပြေသည်။
 
ကျိုက်ထိုမြို့နယ်သည် မြန်မာသက္ကရာဇ် ၅၁၄ ခုနှစ် ဟံသာဝတီပြည်ကို တည်ထောင်သောအခါ အရန်မြို့ ၃၂ မြို့တွင် မွန်ဘာသာဖြင့် ကျိုက်ထုံ ဟု ခေါ်တွင်ခဲ့ပြီး မြန်မာဘာသာဖြင့် ဘုရားမြို့ ဟု အဓိပ္ပါယ်ရပါသည်။ မြို့ကို မြို့စား ဗျဂ္ဃ က စတင်အုပ်ချုပ်ခဲ့ပြီး မင်းသား မောင်ဂုံ ဒိုင်းဝန် နှင့် ပုလဲဝန်တို့က မြို့စားအဖြစ် အုပ်ချုပ်ခဲ့ကြသည်ဆို၏။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ပြီးနောက် ၁၈၅၂ ခုနှစ်တွင် သထုံ-ဒိစကြိတ်အောက် လွှဲပြောင်းပြီး သထုံခရိုင်ခွဲ နယ်ပိုင်ရုံးစိုက်ရာမြို့အဖြစ် တည်ရှိခဲ့သည်။<ref>https://www.moi.gov.mm/local-info/3126</ref>
 
ဤမြို့တွင် မြူနီစီပယ်အဖွဲ့ကို ၁၈၈၉ ခုနှစ်ကပင် စတင်တည်ထောင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ကျိုက်ထိုနယ်ကျိုက်ထိုနယ်မှ အင်မကျေးရွာပေါင်းကျေးရွာပေါင်း ၁၇ ရွာကို [[ပဲခူးမြို့|ပဲခူးခရိုင်]] [[သနပ္ပင်မြို့နယ်]]သို့ လွှဲပြောင်းပေးလိုက်ရသဖြင့် အကျယ်အဝန်း စတုရန်းမိုင် ၈၃ မိုင်မျှ လျှော့သွားသည်။ ကျိုက်ထိုမြို့ ပတ်ဝန်းကျင်တွင် လယ်ယာစိုက်ပျိုးနိုင်သော လယ်မြေများ အနည်းငယ်မျှ ရှိသည်။ တစ်ဖန်မြို့၏ တောင်ဖက်တွင် လယ်မြေများကို [[ပင်လယ်]]ရေကတိုက်စားလေ့ရှိသဖြင့် လယ်ယာလုပ်ကိုင်နိုင်သော မြေများ ပိုမိုနည်းပါးရလေသည်။ ကျိုက်ထိုမြို့နယ်မှ ထွက်သော ဆန်စပါးများသည် နယ်သူနယ်သားများအတွက် တစ်ခါတစ်ရံ မလုံမလောက် ဖြစ်တတ်သဖြင့် ပဲခူးနယ်မှ ဆန်စပါးများကို ဝယ်ယူတင်သွင်းရသည်။ ထိုသို့ ကျိုက်ထိုမြို့နယ်မှ မြေများလွှဲပြောင်းပေးလိုက်ရခြင်း၊ လယ်မြေများ ရေတိုက်စားခံရခြင်း၊ [[ဆန်]]စပါးအထွက်နည်းခြင်းတို့ကြောင့် ကျိုက်ထိုမြို့မှာ ယခင်ကလောက် စည်ကားဖွံ့ဖြိုးခြင်းမရှိတော့ချေ။