ဂျေးဆန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီးNo edit summary
စာကြောင်း ၁၁ -
| motion_actor = [[:en:Todd Armstrong|Todd Armstrong]] (၁၉၆၃), [[:en:Jason London|Jason London]] (၂၀၀၀)
}}
'''ဂျေးဆန်''' ({{lang-en|'''Jason'''}})သည် [[ဂရိဒဏ္ဍာရီ]] သူရဲကောင်းတစ်ဦးဖြစ်ကာ အားဂန်နော့စ်သူရဲကောင်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ဖခင် အေးဆွန်သည် သက်စာလီဒေသရှိ အိုင်ယောကပ်စ်နိုင်ငံ ဘုရင်တစ်ပါးဖြစ်သည်။ ဦးလေးဝမ်းကွဲတစ်ဦး ပီးလီယဲ့စ် က အိုယောကပ်စ်နိုင်ငံကို သိမ်းပိုက်သောအခါ ဂျေးဆန်ကို [[စန်းတော]]မျိုးနွယ် ခိုင်ရန် (Chiron) ရှိရာသို့ စေလွှတ်ခဲ့သည်။ ရွှေရောင်သိုးမွှေးကို ပီးလီယဲ့စ်အတွက် အချိန်မကြာမြင့်စေဘဲ ရှာဖွေယူဆောင်ပေးပါက ၎င်းကို ထီနန်းပြန်ပေးမည်ဟု ကတိပေးခဲ့သည်။ ထိုရှာဖွေစွန့်စားခြင်းမှာ မဖြစ်နိုင်လောက်သည့် တာဝန်ဖြစ်၏ ။ မှော်အတတ်ပညာရှင် အမျိုးသမီး မစ်ဒီးယာ၏ အကူအညီဖြင့် ရွှေရောင် သိုးမွှေးကို စွန့်စားခြင်းများစွာပြီးနောက်စွန့်စားခြင်းများစွာ လုပ်ဆောင်ပြီးနောက် ရရှိခဲ့သည်။ မစ်ဒီးယာကို လက်ထပ်ခဲ့ကာ အပြန်ခရီးစဉ်တွင် သူမက ပီးလီယဲ့စ်ကို သုတ်သင်နိုင်ခဲ့၏ ။ သို့ရာတွင် ပီလီယဲ့စ်၏ သားက ၎င်းတို့နှစ်ဦးကို မောင်းထုတ်ခဲ့၍ ကောရင့်သ် နိုင်ငံက ခရီးယွန်ဘုရင်ထံပါး၌ ခိုလှုံသည်။ ထို့နောက် ဂျေးဆန်သည် မစ်ဒီးယာကို စွန့်ခွာ၍ ခရီးယန်၏ သမီးဖြစ်သူနှင့် စေ့စပ်ခဲ့သည်။ <ref>{{cite web |url=https://www.britannica.com/topic/Jason-Greek-mythology |title=Jason, Greek mythology
|author= editors|date= |website=Encyclopaedia Britannica |publisher= |access-date=14 September 2020}}</ref>