ရေငုပ်သင်္ဘောစစ်ရေယာဉ် မင်းရဲသိင်္ခသူ: တည်းဖြတ်မှု မူကွဲများ

"{{stub}} မင်းရဲသိင်္..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၅:၂၂၊ ၁၆ အောက်တိုဘာ ၂၀၂၀ ရက်နေ့က မူ

မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘောသည် မြန်မာနိုင်ငံမှ ပထမဦးဆုံး ပိုင်ဆိုင်သည့် ရေငုပ်သင်္ဘောဖြစ်ပြီး ကီလို အတန်းစား ရေငုပ်သင်္ဘော ဖြစ်သည်။ ဤရေငုပ်သင်္ဘောအား အိန္ဒိယနိုင်ငံမှ ဝယ်ယူရရှိထားပြီး မြန်မာ့တပ်မတော်(ရေ) တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၎င်းရေငုပ်သင်္ဘောသည် ရေအနက်ပေ ၈၀၀ကျော် ငုပ်လျှိုးနိုင်ပြီး ရေတပ်သား အင်အား ၅၂ ‌ယောက် လိုက်ပါစီးနင်းနိုင်သည်။ ပင်လယ်ရေအောက်တွင် ၄၅ ရက်ကြာအမှုထမ်းဆောင်နိုင်သည်။[၁]

သမိုင်း

မြန်မာနိုင်ငံ တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၃ ခုနှစ်တွင် ရုရှားနိုင်ငံသို့ အလယ်အပတ်ရောက်ရှိခဲ့ပြီး ရုရှားနိုင်ငံလုပ် ကီလို အတန်းစား ရေငုပ်သင်္ဘောများ ၂ စင်း ဝယ်ယူရန် စိတ်ဝင်စားခဲ့သည်။ ယင်းနောက် ၂၀၁၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဂိုအာဆိပ်ကမ်းရှိ ရေငုပ်သင်္ဘောကိုလေ့လာခဲ့သည်။ တရုတ်နိုင်ငံသို ၂၀၁၆ ခုနှစ်အတွင်းသွားရောက်လည်ပတ်ကာ ရေငုပ်သင်္ဘောများအားလေ့လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အိန္ဒိယ နိုင်ငံမှ ကီလို-အတန်းစား ဒီဇယ်လျှပ်စစ် ရေငုပ်သင်္ဘောအား လွှဲပြောင်းပေးအပ်ရန်သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ကိုဗစ်-၁၉ ကမ္ဘာကပ်ရောဂါကြောင့် နှေင့်နေးနေခဲ့ရသည်။ သို့သော်လည်း ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်း ဗန္ဓုလ တွင် အများပြည်သူ ထုတ်ဖော်ပြသခဲ့သည်။[၂][၃]

အဆိုပါ ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူသည် အိန္ဒိယနိုင်ငံမှ အသုံးပြုပြီးဖြစ်သည့် ဆိုဗီယက်ပြည်ထောင်စုထုတ် ကီလို-အတန်းစား ဒီဇယ်လျှပ်စစ် အမျိုးအစား ရေငုပ်သင်္ဘောဖြစ်ပြီး အိန္ဒိယနိုင်ငံ ဟိန္ဒူစတန် သင်္ဘောကျင်း၌ အဆင့်မြှင့်တင်ကာ မြန်မာ့တပ်မတော်သို့ ၂၀၂၀ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။[၄][၅]

ကိုးကား

  1. https://myanmar-now.org/mm/news/4726
  2. https://www.bangkokpost.com/opinion/opinion/1834539/new-subs-sign-of-troubles-to-come-
  3. https://timesofindia.indiatimes.com/india/with-an-eye-on-china-india-hands-over-submarine-to-myanmar/articleshow/78689336.cms
  4. https://thevoicejournal.com/archives/4586
  5. https://news-eleven.com/article/195568