ကပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၅၈ -
မီးတို့တွင် ကမ္ဘာကို လောင်သောမီးသည် အကြီးကျယ်ဆုံးဖြစ်၏။ ကမ္ဘာကို မီးလောင်ပါက ပထမဈာန် ဗြဟ္မာဘုံသုံးဘုံနှင့်တကွ အောက်တစ်ခွင်လုံး ရှိရှိသမျှဘုံများကို အကုန်လောင်၏။
 
ရေတို့တွင် ကမ္ဘာကို ပျက်ကျေစေတတ်သည့် ရေသည် အကြီးအကျယ်ဆုံး ဖြစ်၏။ ဤအရာ၌ မီးအစွမ်းထက် ရေအစွမ်းသည် ထက်မြက်၏။ ကမ္ဘာကို ပျက်စေသော ရေသည် ရေငန်ဖြစ်၏။ ရေသို့ကျသော ဆားခဲသည် မြေ့မြေ့ကျေပျက်လေဘိသကဲ့သို့ ကမ္ဘာဖျက်ရေနှင့် တွေ့ထိသောအခါ အလုံးစုံသော ကမ္ဘာ့အဆောက်အဦ ဟူသမျှတို့သည် ကြေမွပျက်စီးကြကုန်၏။ကျေမွပျက်စီးကြကုန်၏။ ရေဖျက်သောအခါ ဒုတိယဈာန် ဗြဟ္မာသုံးဘုံးနှင့်တကွ အောက်တစ်ခွင်လုံး ရှိရှိသမျှတို့သည် အလုံးစုံပျက်စီးကုန်ကုန်၏။
 
လေတို့တွင် ကမ္ဘာကိုဖျက်သောလေသည် အကြီးကျယ်ဆုံး ဖြစ်၏။ မြင့်မိုရ်တောင်ကိုပင် လွင့်စင်အောင် တိုက်ခတ်နိုင်၏။ ကမ္ဘာဖျက်လေကြမ်းကြီး တိုက်ခတ်သောအခါ ကမ္ဘာ့အဆောက်အဦ ဟူသမျှတို့သည် ပြောင်းရွှေ့လွင့်စင်ကြကုန်လျက် အချင်းချင်းထိခိုက်ပြီး ကျေမွပျက်စီးကြကုန်၏။ ဤအရာ၌ လေ၏အစွမ်းသည် မီးရေတို့ထက် ထက်မြက်၏။ လေဖျက်သောအခါတွင် တတိယဈာန်ဗြဟ္မာဘုံသုံးဘုံနှင့်တကွ အောက်တစ်ခွင်ရှိသမျှ အလုံးစုံတို့ ပျက်စီးကြကုန်၏။
 
====(၂) သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်====
"https://my.wikipedia.org/wiki/ကပ်" မှ ရယူရန်