ကပ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
|||
စာကြောင်း ၅၀ -
====(၁) သံဝဋ္ဋအသင်္ချေယျကပ်====
ကမ္ဘာပျက်သည်ကို သံဝဋ္ဋကပ်ဟု ခေါ်သည်။ သံဝဋ္ဋကပ်သည် သုံးပါးရှိသည်။ ၎င်းတို့မှာ -<ref name="depani"/>
*တေဇောသံဝဋ္ဋကပ် - မီးဖြင့်ပျက်သော ကပ်။
*အာပေါသံဝဋ္ဋကပ် - ရေငန်ဖြင့် ပျက်သောကပ်။
*ဝါယောသံဝဋ္ဋကပ် - လေဖြင့်ပျက်သောကပ်။<ref name="depani"/>
မီးတို့တွင် ကမ္ဘာကို လောင်သောမီးသည် အကြီးကျယ်ဆုံးဖြစ်၏။ ကမ္ဘာကို မီးလောင်ပါက ပထမဈာန် ဗြဟ္မာဘုံသုံးဘုံနှင့်တကွ အောက်တစ်ခွင်လုံး ရှိရှိသမျှဘုံများကို အကုန်လောင်၏။<ref name="depani"/>
ရေတို့တွင် ကမ္ဘာကို ပျက်ကျေစေတတ်သည့် ရေသည် အကြီးအကျယ်ဆုံး ဖြစ်၏။ ဤအရာ၌ မီးအစွမ်းထက် ရေအစွမ်းသည် ထက်မြက်၏။ ကမ္ဘာကို ပျက်စေသော ရေသည် ရေငန်ဖြစ်၏။ ရေသို့ကျသော ဆားခဲသည် မြေ့မြေ့ကျေပျက်လေဘိသကဲ့သို့ ကမ္ဘာဖျက်ရေနှင့် တွေ့ထိသောအခါ အလုံးစုံသော ကမ္ဘာ့အဆောက်အဦ ဟူသမျှတို့သည် ကျေမွပျက်စီးကြကုန်၏။ ရေဖျက်သောအခါ ဒုတိယဈာန် ဗြဟ္မာသုံးဘုံးနှင့်တကွ အောက်တစ်ခွင်လုံး ရှိရှိသမျှတို့သည် အလုံးစုံပျက်စီးကုန်ကုန်၏။<ref name="depani"/>
လေတို့တွင် ကမ္ဘာကိုဖျက်သောလေသည် အကြီးကျယ်ဆုံး ဖြစ်၏။ မြင့်မိုရ်တောင်ကိုပင် လွင့်စင်အောင် တိုက်ခတ်နိုင်၏။ ကမ္ဘာဖျက်လေကြမ်းကြီး တိုက်ခတ်သောအခါ ကမ္ဘာ့အဆောက်အဦ ဟူသမျှတို့သည် ပြောင်းရွှေ့လွင့်စင်ကြကုန်လျက် အချင်းချင်းထိခိုက်ပြီး ကျေမွပျက်စီးကြကုန်၏။ ဤအရာ၌ လေ၏အစွမ်းသည် မီးရေတို့ထက် ထက်မြက်၏။ လေဖျက်သောအခါတွင် တတိယဈာန်ဗြဟ္မာဘုံသုံးဘုံနှင့်တကွ အောက်တစ်ခွင်ရှိသမျှ အလုံးစုံတို့ ပျက်စီးကြကုန်၏။<ref name="depani"/>
====(၂) သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်====
|