"ကပ်" ၏ တည်းဖြတ်မှု မူကွဲများ

၁၄၀ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
 
===(၃) အန္တရကပ်===
ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်တစ်ခုအတွင်း လူတို့၏ သက်တမ်းအဆုတ်အတက် အနိမ့်အမြင့်အားဖြင့် ကပ်ငယ်များကို အန္တရကပ်ဟူ၍ ဆိုသည်။<ref name="depani"/>
 
ကမ္ဘာဦးကာလတွင် လူတို့သည် အသက်အသင်္ချေရှည်ကြ၏။ ထိုသို့ အသက်အသင်္ချေရှည်သော လူတို့သည် အဆက်အဆက်အားဖြင့် များစွာတည်ရှိကြကုန်၏။ နောက်ကာလ၌ လူတို့သည် အကုသိုလ်တရားပွားများလာကြသည့်အခါ အစဉ်အတိုင်း သက်တမ်းဆုတ်ယုတ်ကြ၏။ အသိန်း အသန်း နှစ်ပေါင်းများစွာ အဆင့်ဆင့်လွန်၍ ကုန်သွားပါက လူတို့၏ အသက် ဆယ်နှစ်တမ်းသို့တိုင်အောင် ဆုတ်ယုတ်၏။ ဆယ်နှစ်တမ်းမျှသာရှိသော လူတို့သည် အဆက်အဆက်အားဖြင့် များစွာတည်တံ့လျက်ရှိနေကြ၏။<ref name="depani"/>
 
ထို့နောက်တစ်ဖန် လူတို့သည် ကုသိုလ်တရားများ ပွားများလာကြသည်ရှိသော် ဆယ်နှစ်တမ်းမှ တစ်ဆင့်ထက်တစ်ဆင့်တက်ကာ သက်တမ်းတိုး၍ သွား၏။ အသင်္ချေယျတမ်းသို့တိုင်အောင် တိုးတက်၏။ ထိုကဲ့သို့ အတိုးအဆုတ်ဖြစ်သော အသက်တမ်းနှစ်ခုအပေါင်းကို "အန္တရကပ်တစ်ကပ်" ဟု ခေါ်သည်။<ref name="depani"/>
 
*အသင်္ချေယျတမ်းမှ ဆုတ်၍ ဆယ်နှစ်တမ်း၊ တစ်ဖန် ဆယ်နှစ်တမ်းမှတက်၍ အသင်္ချေယျတမ်းသို့ တက်သော အသက်တမ်းတစ်စုံသည် "အန္တရကပ်တစ်ကပ်" ဖြစ်၏။<ref name="depani"/>
*ဝီဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်တစ်ခုမှာ အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကပ် ရှိသည်။<ref name="depani"/>
*အန္တရကပ် ခြောက်ဆယ့်လေးကပ်သည် အသင်္ချေယျကပ်တစ်ကပ် ဖြစ်သည်ဟု ဆိုလိုသည်။<ref name="depani"/>
 
အန္တရကပ်တစ်ခုသည် အသင်္ချေယျကပ်ကို ခြောက်ဆယ့်လေးပုံ ပုံလျှင် တစ်ပုံခန့်ရှိသည်။ တစ်နည်းဆိုကပါက ဂင်္ဂါမြစ်ကြီးတွင် တစ်ယူဇနာတိုင်တိုင် အရပ်ရပ်မှာရှိသော သဲတို့ကို စုပုံ၊ တစ်နှစ်လျှင် သဲတစ်ပွင့်အားဖြင့် ရေတွက်ပါက တစ်ယူဇနာရှိသော သဲသောင်ပြင်သည် ကုန်ရာ၏။ အန္တရကပ်တစ်ကပ်၏ နှစ်သည် မကုန်နိုင်ရာဟု ကျမ်းဂန်တို့၌ ဆိုသည်။<ref name="depani"/>
 
===(၄) အာယုကပ်===