ရေငုပ်သင်္ဘောစစ်ရေယာဉ် မင်းရဲသိင်္ခသူ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၆၂ -
 
==သမိုင်း==
မြန်မာ့တပ်မတော်မှ ရေငုပ်သင်္ဘော ပိုင်ဆိုင်ရန် ကြိုးပမ်းနေမှုသည် ၂၀၀၁ ခုနှစ်ကတည်းကဖြစ်သည်။ ထိုအချိန်က နိုင်ငံ ၃ နိုင်ငံလောက်နှင့် ညှိနှိုင်းခဲ့သော်လည်း စီးပွားရေးပိတ်ဆိုမှုများကြောင့် အရာမထင်ဲ့ချေ။ နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ရေငုပ်သင်္ဘော ဝယ်ယူရန်သာမက လေ့ကျင့်ရန်ပင် ခက်ခဲခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အိန္ဒိယ ရေငုပ်သင်္ဘောတစ်စင်း မြန်မာရေပိုင်နက်အတွက် လေ့ကျင့်ရန် ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် မြန်မာ့တပ်မတော်မှ ရေငုပ်သင်္ဘောမရှိသော်လည်း ကိုယ်နည်းကိုယ်ဟန်ဖြင့် ကြိုတင်လေ့ကျင့်ထာားသည့် တပ်မတော်သားများကို ထိုအိန္ဒိယရေငုပ်သင်္ဘောတွင် ပူးပေါ့င်းပါဝင်လေ့ကျင့်စေ၏။ ထိုအချိန်က စစ်ဦးစီးခေါင်းဆောင်မှာ ဒုတိယဗိုလ်မှူးကြီး မိုးအောင်ဖြစ်သည်။ ထို့ပြင် ရေငုပ်သင်္ဘော ပညာများနှင့် ပက်သက်၍ အိန္ဒိယအပြင်အခြားတိုင်ပြည်များတွင်လည်း လေ့လာစေခဲ့သည်။ ၂၀၀၇ ခုနှစ်အတွင်း ရေငုပ်သင်္ဘောနှင့် ပတ်သက်သည့် လေ့ကျင့်ရေးအပြည့်အဝပေးနိုင်စေရန်အတွက် အရာရှိစစ်သည်များကို အိန္ဒိယသို့ စေလွှတ်ခဲ့သည်။ မြန်မာနိုင်ငံ တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး [[မင်းအောင်လှိုင်]]သည် ၂၀၁၃ ခုနှစ်တွင် ရုရှားနိုင်ငံသို့ အလယ်အပတ်ရောက်ရှိခဲ့ပြီး [[ရုရှားနိုင်ငံ]]လုပ် ကီလို အတန်းစား ရေငုပ်သင်္ဘောများ ၂ စင်း ဝယ်ယူရန် စိတ်ဝင်စားခဲ့သည်။ ယင်းနောက် ၂၀၁၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဂိုအာဆိပ်ကမ်းရှိ ရေငုပ်သင်္ဘောကိုလေ့လာခဲ့သည်။ တရုတ်နိုင်ငံသို ၂၀၁၆ ခုနှစ်အတွင်းသွားရောက်လည်ပတ်ကာ [[ရေငုပ်သင်္ဘော]]များအားလေ့လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အိန္ဒိယ နိုင်ငံမှ ကီလို-အတန်းစား ဒီဇယ်လျှပ်စစ် ရေငုပ်သင်္ဘောအား လွှဲပြောင်းပေးအပ်ရန်သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ကိုဗစ်-၁၉ ကမ္ဘာကပ်ရောဂါကြောင့် နှေင့်နေးနေခဲ့ရသည်။ သို့သော်လည်း ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်း ဗန္ဓုလ တွင် အများပြည်သူ ထုတ်ဖော်ပြသခဲ့သည်။<ref>https://www.bangkokpost.com/opinion/opinion/1834539/new-subs-sign-of-troubles-to-come-</ref><ref>https://timesofindia.indiatimes.com/india/with-an-eye-on-china-india-hands-over-submarine-to-myanmar/articleshow/78689336.cms</ref>
 
အဆိုပါ ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူသည် အိန္ဒိယနိုင်ငံမှ အသုံးပြုပြီးဖြစ်သည့် [[ဆိုဗီယက်ပြည်ထောင်စု]]ထုတ် ကီလို-အတန်းစား ဒီဇယ်လျှပ်စစ် အမျိုးအစား ရေငုပ်သင်္ဘောဖြစ်ပြီး အိန္ဒိယနိုင်ငံ [[ဟိန္ဒူစတန် သင်္ဘောကျင်း]]၌ အဆင့်မြှင့်တင်ကာ မြန်မာ့တပ်မတော်သို့ ၂၀၂၀ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။<ref>https://thevoicejournal.com/archives/4586</ref><ref>https://news-eleven.com/article/195568</ref>
 
 
==လေ့ကျင့်ရေး==
၂၀၁၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ လေ့ကျင့်ရေးများ စတင်ပေးသည်။ ရေအောက်ငုပ်လျှိုး လေ့ကျင့်ခန်းများအား စုစုပေါင်းအကြိမ်ရေ ၁၀၀ကျော်ခန့် အိန္ဒိယသမုဒ္ဒရာတခွင် ‌လေ့ကျင့်ခဲ့ကြသည်။ ထိုနောက် မိမိတို့ကိုယ်တိုင် မောင်နှင်နိုင်ရန် လက်နက်များ ပစ်ခတ်နိုင်ရန် လေ့ကျင့်ခဲ့ကြသည်။ မြန်မာ့တပ်မတော်သားများသည် ကိုယ်တိုင်မောင်နှင်နိုင်ပြီး တော်ပီတိုများ ကိုယ်တိုင် ပစ်လွှတ်နိုင်သည်အထိ အိန္ဒိယ သမုဒ္ဒရာအတွင်း အောင်မြင်စွာ လေ့ကျင့်ခဲ့ကြပြီး နောက်ဆုံး၌ မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘောအား လွှဲပြောင်းရယူခဲ့ကြသည်။<ref>https://burma.irrawaddy.com/opinion/interview/2020/10/16/231807.html</ref>
 
==ကိုးကား==