ရွှေဘိုမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး restored a linking word Lamin18 (ဆွေးနွေး) ၏ တည်းဖြတ်မူ 520367 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၅၀ -
 
== ရွှေဘိုမြို့ သမိုင်း ==
သမိုင်းတစ်လျှောက်တွင် ရွှေဘိုမြို့သည် မြန်မာမင်းများ၏ လက်အောက်ခံ မုဆိုးဘိုအမည်ရှိသော ကျေးရွာလေးအနေဖြင့်သာ ရှိခဲ့သည်။ မူလက [[အင်းဝ]]လက်အောက်ခံအဖြစ်ရှိနေခဲ့ပြီး [[ဘုရင့်နောင်]] အထက်မြန်မာနိုင်ငံတစ်ဝှမ်း သိမ်းသွင်းစဉ်ကလည်း လက်အောက်ခံအဖြစ် ပြန်လည်ပါဝင်လာခဲ့သည်။ [[ညောင်ရမ်းမင်းဆက်]] ကျဆုံးပြီးနောက် မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျသည် [[အလောင်းဘုရား]]ဘွဲ့ဖြင့် [[မွန်]]([[တလိုင်း]])တို့ကို တွန်းလှန်ကာ ကုန်းဘောင်မင်းဆက်ကို တည်ထောင်ချိန်မှစကာတည်ထောင်ချိန်မှအောင်မြင် '''ရွှေဘို''' ဟူသော အမည်ဖြင့်မြို့တော် ဖြစ်လာသည်။
မြန်မာသက္ကရာဇ် ၁၁၁၅ ရွှေဘိုမြို့နေရာတွင် ရတနာသိင်္ဃ ကုန်းဘောင်မင်းဆက်ဟု မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်သည်။
 
[[ဥဩအော်မြည် ကုန်းဘောင်တည်]] ဆိုသောစကားအရ ရွှေဘိုမြို့ကို [[မြန်မာသက္ကရာဇ်]] ၁၁၁၅ ( ခရစ်သက္ကရာဇ် ၁၇၅၃-၅၄) ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၆ ရက် ကြာသပတေး နေ့ အဝင် ညဉ့် ၃ ချက်တီးကျော် ငါးနာရီပါဒ်ပြည့် ၁၁ ဗီဇနာ၊ ပြန်ပြည့်၊ ခရာပြည့်၊ ပြုဗ္ဗာဘဒြပိုဒ် နက္ခတ်၊ တစ်ပါဒ်မွန်းတည့်ပြိဿတွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည်တွင် မင်းနေပြည်တော်အဖြစ် တည်ထောင်ခဲ့သည်။ ယခင်က [[မုဆိုးဖို]] အမည်ရှိရွာတစ်ရွာဖြစ်သည်။ [[အလောင်းဘုရား]]က [[အင်းဝ]]ပျက်ခါနီးတွင် အနီးအနားပတ်ဝန်းကျင် ၄၆ရွာကို စုစည်းကာ ထန်းလုံးခံတပ်ကိုတည်ဆောက်ပြီး [[ဟံသာဝတီ]]ကို တွန်းလှန်ကာ [[တတိယမြန်မာနိုင်ငံ]]ကို တည်ထောင်ခဲ့သည်။ မုဆိုးဖိုကိုလည်း ရတနာသိင်္ခဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။
 
ရန်သူအပေါင်းတို့အား အောင်နိုင်သည်ကို အစွဲပြု၍ ရန်ကြီးအောင်ဟူ၍လည်းရန်ကြီးအောင်ဟူ၍အောင်မြင် ခေါ်ဆိုကြသည်။ မြို့အနီးတွင်ရှိသော ကုန်းဘောင်အားအစွဲပြု၍လည်း ကုန်းဘောင်ဟုခေါ်ဆိုကြသည်။ [[အလောင်းဘုရား]]သည် [[သံလျှင်]]ကို တိုက်ခိုက်ရာတွင် တိုက်ခိုက်၍ မရသောကြောင့် လက်ရွှေးစင် ရဲဘော် ၉၀ ကျော်ကို တိတ်တဆိတ် ဝင်ရောက်စီးနင်းစေ၏။ ထိုရဲဘော်တို့သည် ရွှေဘိုသား ဟူ၍ ညာသံပေးကာဝင်ရောက်ကြလေ၏။ ထိုအခါမှစ၍ ရွှေဘိုဟုခေါ်ဆိုကြလေသည်။
 
ရွှေဘိုမြို့၏ မူလအမည်မှာ မုဆိုးဘိုဖြစ်သည်။ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး (မြန်မာ ၄၇၄-၅၂၉)သည် တိုင်းခန်း လှည့်လည်စဉ်က ထိုဒေသသို့ ရောက်သောအခါ မြေဒူးမြို့ တည်ရာအနီး [[မြင်းခွာတောင်]]၌ စေတီပုထိုးများကို တည်တော်မူခဲ့ပြီးနောက် ထိုတောင်ခြေမှ တူးမြောင်းကြီးဖောက်လုပ်ကာ ထိုတူးမြောင်းတစ်လျှောက် သင်းကနက်သားဖောင်ဖြင့် စုန်ဆင်းခဲ့သည်ဟု ဆိုသည်။ တူးမြောင်းကြီး မိုင် ၅ဝ ခန့်ရှိသောအခါ မဟာနန္ဒာကန်ကို ဆည်ဖို့၍ ရွှေတန်ဆာဘုရားကို တည်ကာ ငပိုအမည်ရှိသော မုဆိုးအား ထိုနေရာ၌ ရွာတည်စေပြီးလျှင် စေတီစောင့်ထားခဲ့သည်ကို အကြောင်းပြု၍ ထိုရွာကို မုဆိုး ငဘိုရွာ၊ ထိုမှတစ်ဆင့် မုဆိုးဘိုရွာဟု တွင်ကြောင်းဖြင့် ဆိုသည်။